အလေ့အကျင့်ကောင်းလေး ရှိစေချင်...!

Words
228
Reading
2 min
8y
Listen to this post
~2 min

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ကမ္ဘာပေါ်ရှိလူသားအားလုံးသည် မိမိတို့၏အသက်အရွယ်အလိုက် ဘဝရဲ့လိုအပ်သောတာဝန်များကို ကြိုးစားလုပ်ကိုင်ဆောင်ရွက်ရင်း ရှင်သန်နေထိုင်ကြရပါသည်။မိမိတို့ ငယ်ရွယ်စဉ်အခါ ပညာသင်ယူခြင်း.. အသက်ကြီးလာသောအခါ ဥစ္စာရှာဖွေနိုင်ရန် အလုပ်အကိုင်များ လုပ်ဆောင်ခြင်းတို့ဖြင့် ဘဝကို ပိုမိုကောင်းမွန်အောင် ဖန်တီးပုံဖော်နေကြရပါသည်။
how-to-create-good-habits-400.jpg
Crd-org-source
ဒီလိုဘဝအတွက် ဖန်တီးပုံဖော်လုပ်ဆောင်တဲ့အခါ မိမိဆောင်ရွက်သော ကိစ္စရပ်တွေကို ပြုလုပ်ပြီးစီးသွားတဲ့အခါ ပြီးပြီဆိုပြီး ပစ်ထားလိုက်တာမျိုးမဖြစ်စေပဲ နောက်တစ်ကြိမ်ပြန်စစ်တဲ့ အလေ့အကျင့်ရအောင် မွေးမြူစေချင်တာပါ။တစ်ကြမ်ပြန်စစ်ပြီး အားရကျေနပ်မှုမရှိသေးရင် နောက်ထပ်တစ်ကြိမ်ထပ်မံစစ်ဆေးတဲ့ အကျင့်ကိုရအောင်ယူစေချင်တာပါ။ကိစ္စရပ်တွေကို လုပ်ဆောင်ပြီးတဲ့အချိန်မှာ  Check>>>Recheck>>>Counter check  ဆိုတဲ့ သဘောမျိုးဖြစ်အောင် လုပ်ဆောင်စေချင်တာပါ။လုပ်ဆောင်နေစဉ်အတွင်းမှာလည်း လိုအပ်နေပေမယ့် လုပ်ဆောင်ပြီးစီး သွားသောအခါ မဖြစ်မနေပြန်စစ်ပေးရန် အရေးကြီးသောကြောင့် ပြီးစီးသွားသောအချိန်ကို အဓိကထား တင်ပြရခြင်းဖြစ်ပါတယ်။
108688-Og-Mandino-Quote-Good-habits-are-the-key-to-all-success-Bad-habits.jpg
Crd-org-source
စိတ်၏အရမ်းမြန်ဆန်လွန်းသော သဘာဝအတိုင်း နေ့စဉ်နဲ့အမျှ လှုပ်ရှားဆောင်ရွက်နေကြသော ကျွန်တော်တို့လူသားတွေအဖို့ ကိစ္စရပ်တွေကို မိမိအထင်အရ မှန်ကန်တိကျစွာ ဆောင်ရွက်ခဲ့ပြီလို့ စိတ်ထဲမှာသတ်မှတ်ခဲ့သော်လည်း တစ်ခါတစ်ရံမှာ လိုအပ်ချက်များရှိနေနိုင်ပါသည်။ဒါကြောင့် ဒီအခြေအနေအတွက် ဖြေရှင်းပေးနိုင်သောနည်းလမ်းမှာ ပြန်စစ်တတ်သောအကျင့် ရှိမှသာ အကောင်းဆုံးဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ လူသားအားလုံးဟာ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ အမြဲတမ်းမမှန်နိုင်ပဲ မထင်မှတ်ပဲ မှားယွင်းမှုလေးတွေ ရှိနေနိုင်ပါတယ်။
ဒါလေးအတွက် ဥပမာလေးတစ်ခု တင်ပြခဲ့ပါရစေ...
135623600_14718575823651n.jpg
Crd-org-source
ကျွန်တော်တို့အားလုံး ငယ်စဉ်အခါ ပညာသင်ကြားစဉ်းတုန်းက စားမေးပွဲများဖြေဆိုကြရပါတယ်။ဒီလိုဖြေဆိုကြတဲ့အခါ မေးခွန်းနဲ့အဖြေ နံပါတ်စဉ်များ သေချာတပ်၍ စနစ်တကျ မိမိစားမေးပွဲ အောင်မှတ်ရရှိရေး.. ဂုဏ်ထူးမှတ်ရရေး စသည်ဖြင့် ကြိုးစားဖြေဆိုကြပါတယ်။ဒီနေရာမှာ တစ်ချို့သော ကျောင်းသား ကျောင်းသူများဟာ မိမိဖြေဆိုပြီး၍ ပြန်စစ်တဲ့အကျင့်မျိုးမလုပ်ပဲ ပေါ့ပေါ့တန်တန် အဖြေလွှာအပ်ပြီး စောစောပြန်သွားတဲ့ သူတောင်ရှိပါသေးတယ်။တစ်ချို့ကျောင်းသား ကျောင်းသူတွေကြတော့ အားလုံးဖြေဆိုပြီးတာနဲ့ မိမိဖြေဆိုထားသော နံပါတ်စဉ် များနှင့်အကြောင်းအရာ မှန်မမှန်.. စာလုံးပေါင်း မှန်မမှန်.. စားသားများ ကျန်မကျန် စသည်ဖြင့် ပြန်စစ်တဲ့အကျင့်လေးလုပ်ပါတယ်။တစ်ကြိမ်နဲ့အားမရသေးရင် နောက်တစ်ကြိမ်ထပ်စစ်တဲ့အကျင့်လေးပါ ထပ်လုပ်နေတာကိုလည်းတွေ့ရအုံးမှာပါ။ဒီလိုအကျင့်လေးတွေ ကွာခြားသွားတာကိုပြောပြချင်တာပါ။ဒီအကျင့်လေးကို မိမိတို့ငယ်ရွယ်စဉ်အခါကတည်းက စနစ်တကျ ကြိုးစားမွေးမြူကြရမှာပါ။ဒီလိုအကျင့်လေးလုပ်ခြင်းအားဖြင့် မိမိစာမေးပွဲဖြေစဉ်မှာပင် လိုအပ်သောအချက်အလက်များ မှားနေသောစာလုံးပေါင်းများ ပြန်လည်တွေ့ရှိနိုင်ပြီး ပြန်လည်ပြင်ဆင်နိုင်တဲ့အတွက် ပြန်မစစ်ခဲ့သောသူများ နဲ့ နှိုင်းယှဉ်ပါက မိမိက ပိုသာနေမှာပဲ ဖြစ်ပါတယ်။
ဒီအကျင့်ကို မိမိကိုယ်တိုင် လိုက်နာကျင့်သုံးနေပြီဆိုရင်တော့ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ ပေါ့ပေါ့တန်တန် လုပ်ဆောင်တတ်သောအကျင့်ဆိုးကို ဖျောက်ဖျက်ပြီးသားဖြစ်သွားပါပြီ။ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ အရေးအကြီးဆုံး ရှောင်ကြဉ်ရမည့်အကျင့်ဆိုးကို ဖယ်ရှားပြီးသား ဖြစ်သွားတာပေါ့။
bigstock-build-good-habits-motivational-152878787-1140x760.jpg
Crd-org-source
အခုလက်ရှိ ကျွန်တော်တို့ steemit လမ်းကြောင်းပေါ်မှာလည်း ဒီလိုအချက်လေးကိုပါ သတိထား ကြိုးစားကျင့်ကြံနိုင်ဖို့ လိုအပ်ပါတယ်။မိမိတို့သည် များပြားလှသောစည်းကမ်းများနှင့် စနစ်တကျ စာများရေးသား၍ post တင်ခြင်း..comment များရေးခြင်း..vote ပေးခြင်း..power up ခြင်း စသောလိုအပ်သည်များ ပြုလုပ်ဆောင်ရွက်ကြရပါသည်။
ထိုသို့ဆောင်ရွက်ရင်း မိမိ post တင်တဲ့အခါ post ကိုမနှိပ်သေးခင် ပြန်စစ်တဲ့အကျင့်လေးလုပ်သင့်ပါတယ်။post များကို comment ပေးသောအခါတွင်လည်း comment လေးပဲဆိုပြီး ပြန်မကြည့်တဲ့အကျင့်ဟာ ကိစ္စအသေးလေးပဲမို့ ပြန်မကြည့်ပေမဲ့ ဒီအလေ့အကျင့် မရမှာကို သတိထားဂရုစိုက်ကြရမှာပဲ ဖြစ်ပါတယ်။ကိစ္စအသေးအဖွဲမှစ၍ သတိထားပြီး ကြိုးစားလိုက်နာကျင့်ကြံမှသာ အလေ့အကျင့်တစ်ခုလို ဖြစ်သွားမှာပါ။ဒီလိုအလေ့အကျင့် ရပြီဆိုရင်တော့ ဘယ်ကိစ္စမျိုးမဆို လုပ်ဆောင်တဲ့အခါ ပေါ့ပေါ့တန်တန်မလုပ်တော့ပဲ စေ့စပ်သေချာပြီး စနစ်တကျရှိလာမှာပါ။စေ့စပ်သေချာပြီး စနစ်တကျရှိလာပြီဆိုရင်တော့ ပိုမိုပြည့်စုံပြီး အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာတော့မှာပါ။
ဒါကြောင့် မိမိတို့ လက်ရှိ လုပ်ဆောင်နေသော steemit လမ်းကြောင်းပေါ်မှာလည်း ဒီအလေ့အကျင့်လေးနဲ့ တွဲပြီး လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။
o-SECRETS-OF-SUCCESS-facebook.jpg
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိတို့အားလုံးသည်   ကိစ္စရပ်တွေကိုလုပ်ဆောင်တဲ့အခါ ပြန်စစ်တတ်တဲ့အကျင့်ရှိမှသာ ပေါ့ပေါ့တန်တန် နမော်နမဲ့ ပြုလုပ်တတ်သောအကျင့်ကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း...
ဒီလိုကောင်းသော အလေ့အကျင့်ရှိပါက မိမိလုပ်ဆောင်သော ကိစ္စရပ်များအတွက် စေ့စပ်သေချာပြီး စနစ်တကျရှိမည်ဖြစ်ပါ၍ တိုးတက်အောင်မြင်မှုအတွက် အရေးကြီးသော အချက်ပင်ဖြစ်ပါကြောင်း...
သတိထားကြိုးစားမွေးမြူ သင့်ပါကြောင်း...တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
uthantzin@uthantzin
MSC-211

အလေ့အကျင့်ကောင်းလေး ရှိစေချင်...! | Ecency