***သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၄၄)***

Words
194
Reading
1 min
Listen
Play
8y

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၄၄)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ လူမှုဥပဒေသတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ လူမှုဥပဒေသများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

ကဲ့ရဲ့ခုနစ်ရက်၊ချီးမွမ်းခုနစ်ရက်
image
ကဲ့ရဲ့ခုနစ်ရက်၊ချီးမွမ်းခုနစ်ရက်ဒီစကားလေးကို ကြားဖူးသူရှိသလို အဓိပ္ပာယ်သိသူလည်းရှိမည်။မြန်မာလူမျိုးအများစုမှာ တွေ့ရတတ်သည်။ဘာကြောင့်ဆို ကျွန်တော်တို့ မြန်မာတွေဟာ အရှက်အကြောက်ကြီးပြီး တစ်ခုခုလုပ်တော့မည်ဆိုလျင် ကဲ့ရဲ့ ချီးမွမ်းစသောအရာများကို သတိထားကာ ပြုမှုနေထိုင်ကြသည်။တစ်ခုခုအမှားလုပ်မိလျှင် တစ်ပါးသူကဲ့ရဲ့မှာကို ကြောက်ကြသည်။ဒါကြောင့်လည်း အောင်မြင်သူများနည်းပါခြင်းဖြစ်သည်။မိမိဝါသနာနဲ့အခွင့်အလမ်းများကို တွေ့လျှင် ကဲ့ရဲ့မှာ မကြောက်ဘဲ လုပ်ပါ။လူဆိုတာ ကဲ့ရဲ့ခုနစ်ရက်၊ချီးမွမ်းခုနစ်ရက်ဆိုသလို ခဏတာဘဲ ပြောကြပါလိမ့်မည်။ထိုခဏတာ အပြောကို ခံနိင်လျှင် အောင်မြင်သူဖြစ်ပါလိမ်မည်။

လာမည့်ဘေး၊ပြေးတွေ့
image
လာမည့်ဘေး၊ပြေးတွေ့ပြဿနာတစ်ခု ဖြစ်လာလျှင် ရှောင်ပြေးနေပါက မိမိဟာ အမြဲတမ်း ကြောက်ရွံ့ထိန့်လန့်ကာ စိုးတထိပ်ထိပ်နဲ့နေထိုင်ရတတ်ပါသည်။မိမိဖြစ်သော ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကောင်းဆုံး အတတ်နိင်ဆုံးေုဖရှင်းပါ။ရှောင်ပြေးခြင်းသည် လူပျော့လူညံ့တွေရဲ့ စိတ်ဓာတ်ပါ။မိမိဟာ လူပျော့ လူညံ့မဟုတ်ဘူးဆိုလျင် ပြဿနာကို ဖြေရှင်းပါ။လာမည့်ဘေး၊ပြေးတွေ့ပါလို့ ဒီစကားလေးနဲ့ပြောပါရစေ။

ပညာရှာပမာ သူဖုန်းစား

image
ပညာရှာသောအခါ မထားသင့် မထားအပ်သော မာနကို မထားသင့်ကြောင်း ပြောပါရစေ။ထိုသို့မာနထားက ပညာသင်ကြားပါက ပညာတတ်မြောက်မည့်မဟုတ်ပါ။ပညာရှာသောသူသည် သူဖုန်းစားပမာ မိမိကိုယ်ကို နှိမ့်ချပြီး သင်ယူရပါမည်။မသိမတတ်တာရှိလျင် မေးပြီး သိသလိုလိုမလုပ်ဘဲ သင်ယူရပါမည်။ဒ့ကြောင့်ပညာရှာပမာ သူဖုန်းစားလို့ ကျင့်ကြံပါလို့ ပြောပါရစေ။

အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100


Do you use eSteem?
‌eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple StoreDownload eSteem Surfer for your PC💻
Available for all OS GithubJoin eSteem Discord https://discord.gg/UrTnddTJoin eSteem Telegram http://t.me/esteemappProud to be a member of The Steemians Directory
Join eSteem Community