သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၄)

Words
131
Reading
1 min
Listen
Play
8y

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၄)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#အိုးတန်ဆန်ခတ်။
image
လူတွေဟာ အများအားဖြင့် လိုချင်တပ်မက်မှု လွန်ကဲတတ်ကြသည်။ထိုလိုချင်တပ်မက်မှုကြောင့် မလုပ်သင့်တာတွေ လုပ်ကား မကောင်းမှုကိုကျူးလွန်လာကြသည်။ဒါတွေဟာ အိုးတန်ဆန်ခတ် ဆိုသလို မိမိတို့တွင်ရှိသောအရာကို ကောင်းမွန်အောင် အသုံးမချတတ်လို့ဖြစ်ပါသည်။မိမိတွင် ရှိသောအိုးထက် အဆမတန် ထည့်ချင်လို့မရပါ။မိမိအိုးနဲ့တန်အောင် ဆန်ခတ်ပြီး ထမင်းဟင်းချက်မှ အဆင်ပြေမည်။ထိုမှာသာ မိမိစားသောထမင်းဟာ ကောင်းသောထမင်းဖြစ်လာပြီး စားလို့ကောင်းပါလိမ့်မည်။မိမိနဲ့တန်သောအလုပ်လုပ်ပါ။လိုချင်တပ်မက်မှုတွေလျော့ပါ။နောက်စကားပြောရာတွင် လွန်လွန်ကျူးကျူးမပြောဘဲ အကြောင်းအကျိုးမှန်ကန်စွာပြောသင့်ကြောင်း မိမိအိုးတွင် ဆန့်သောဆန်ထည့်သလို့ စကားကိုပြောပါလို့ အသိပေးပါရစေ။

#ဆီပွတ်ကျည်ပွေ့။
image
ဒီစာသားလေးက အလုပ်တစ်ခုလုပ်ရာတွင် အကြိမ်ကြိမ်အခါခါ ပြုလုပ်သင့်ကြောင့်အဓိပ္ပာယ်ဖော်ပါသည်။တစ်ချို့က စကားကြီး (၁၀)ခွန်းကို စကားပြောတဲ့နေရာမှာဘဲ အသုံးပြုနိင်သည်ဟု မှတ်ယူကြတော့လည်း စကားကြီး (၁၀)ခွန်းက နေရာနယ်ပယ်အသီးသီးမှာ အသုံးပြုနိင်ပါသည်။ကျောင်းသားတွေအနေနဲ့ မိမိစာကိုအထပ်ထပ်အခါခါဖတ်မှ စာကိုအမြဲတမ်းမှတ်မိသလို အခြားသောအရာတွေလည်း အထပ်ထပ်အခါခါလုပ်သင့်ကြောင်း ဆီပွတ်ကျည်ပွေ့ စာသားလေးနဲ့ ပုံပမာခိုင်းထားခြင်းဖြစ်ပါသည်။ဆီကြိတ်သူသည် နှမ်းကို အထပ်ထပ်အခါခါ ထုထောင်းပွတ်ကြိတ်၍ ဆီထွက်လာအောင် ပြုလုပ်သကဲ့သို့ ဘယ်အရာဘဲလုပ်လုပ် အထပ်ထပ်ပြုလုပ်ပါက မှတ်မိ ကျွမ်းကျင်ကြောင်းပြောပါရစေ။

#ဆင်ဝှေ့ရန်ရှောင်။
image
ဒါကတော့ လူတိုင်းတတ်သင့်သော စကားပြောနည်းလေးပါ။မိမိအသက်နဲ့ရင်းသောစကားတွေကို ဆင်ဝှေ့ရန်ရှောင်နိင်မှ အသက်ဘေးမှ လွတ်ကင်းနိင်ပါလိမ့်မည်။လူတစ်ယောက်ကို ဆင်လိုက်သောအခါ မိမိအနေနဲ့ရပ်နေသော်လည်းကောင်း ပြန်ခုခံသော်လည်းကောင်း မပြုလုပ်ဘဲ ဆင်သည် ခွန်းအားကြီးသောကြောင့် မိမိအနေနဲ့ အသက်နဲ့လွတ်ကင်းအောင် မြွေလို တွန့်လိမ်ကောက်ကွေးပြေးသင့်ပါသည်။ထိုအတူ မိမိအသက်နဲ့ရင်းသောစကားတွေကို ဆင်ဝှေ့ရန်ရှောင်နည်းဖြင့် ပြောဆိုတတ်ဖို့လိုကြောင်း ပြောပါရစေ။

(စကားလက်ဆောင်)

အိုးတန်ဆန်ခတ်။

ဆီပွတ်ကျည်ပွေ့။

ဆင်ဝှေ့ရန်ရှောင်။

အစဉ်းကြိုးစားလျက်
Author tunnaingwin
Msc.100

Posted using Partiko Android

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၄) | Ecency