Serene

Words
71
Reading
1 min
Listen
Play
9y

image

ဒီဆောင်းပါးလေးက မိန်းကလေးတွေအတွက်
ဣနြေ္ဒကိုတန်ဖိုးထားတတ်စေချင်လို အသိပေးရေးသားလိုက်ခြင်းဖြစ်ပါတယ်။

မိန်းကလေးတွေမှာ ဣနြေ္ဒဆိုတဲ့ ဂုဏ်ရှိဖို့လိုပြီး
မိန်မတို့ဣနြေ္ဒ ရွှေပေးလို့မရဆိုတဲ့အတိုင်း ဣနြေ္ဒရှိတဲ့ သူကို နတ်များက ချစ်ပြီး လူတိုင်းကလည်း ခင်မြင်မြတ်နိုးကြတယ်။ဣနြေ္ဒဆိုတာ မျက်နှာထားမဟုတ်ပါ။ကိုယ် နှုတ် စိတ် တည်ကြည်ဖြောင့်မတ်ခြင်းကို ခေါ်ဆိုပါပြီး ဣနြေ္ဒကို အတတ်နိင်ဆုံးထိန်းစေချင်သည်။
ဟိုတုန်းက မြန်မာမိန်းကလေးအများစုဆို ထဘီဝတ်တာက အစ ခြေမျက်စိထိလုံအောင်ဝတ်တတ်ကြပြီး ခုခေတ်မှာက စကတ် အတိုအထွာတွေဝတ်လာကာ ဣနြေ္ဒဆိုတဲ့ဝေါဟာရကို အမည်သာရှိပြီးဝတ်ဆင်သူတွေများလာကြသည်။မြတ်မာမိန်ကလေးဆိုတာ လမ်းလျောက်တဲ့အခါများမှာ ဣနြေ္ဒရှိရှိနဲ့ ဆင်မယဉ်သာလျောက်ကြတာတွေ ခုခေတ်မှာ မတွေ့ရှိရတော့ပါ။အတိုအထွာဝတ်မှာ ခေတ်နဲ့အညီလိုက်နိင်တယ်လိုပြောတတ်ကြတယ်။ခေတ်နဲ့အညီလိုက်ခိုင်းတာ အခြားအကြောင်းအရာတွေကိုပြောတာပါ။အဝတ်အစားနဲ့ အစားအသောက်တွေကိုပြောတာမဟုတ်ပါဘူး။နည်းပညာပိုင်း တွေကိုခေတ်နဲ့အညီလိုက်ခိုင်းတာပါ။ခုခေတ်ကိုးရီယားကားတွေကြည့်ပြီး တကယ်အတုဆိုသင့်တာကို မခိုးဘဲ မခိုးသင့်တဲ့ ဝတ်စားဆင်ယင်မှုတွေခိုးနေတာ ရင်နာအဆုံးပါ။
ခုလိုမျိုးတွေ တွေ့နေရ မြင်နေရတာ အများကြီးဖြစ်နေကာ့ မြန်မာဆိုတဲ့အမည်ဘဲကျန်ပါတော့တယ်။တခြားနိင်ငံသူတွေဆို မြန်မာနိင်ငံလာလျင် မြန်မာယဉ်ကျေးမှုကိုလေးစားကာ မြန်မာအဝတ်အစားကို ဝတ်လာပြီး ဘုရားကျောင်းကန်သွားတဲ့မြင်ကွင်းတွေဆို အရမ်းကြည်နှုးစရာဖြစ်ပါတယ်။မိမိတို့မြန်မာလူမျိုးဆို ပိုပြီးကြည့်လို့ကောင်းမှာပါ။အရမ်းယဉ်ကျေး သိမ်မွေ့တဲ့မိန်းကလေးတွေအများကြီးမြင်ချင်ပါ၏။မိမိနိင်ငံဓလေ့ ထုံးစံကို ထိန်းသိမ်းပြီး မြန်မာဆို ကမ္ဘာကသိအောင် လုပ်ကြပြီး ဣနြေ္ဒကို အထူးစောင့်ထိန်းပါလို့ပြောပါရစေ။

            အစဉ်ကြိုးစားလျက်
           Author tunnaingwin
           13.12.2017/13:00pm

Msc-100

Serene | Ecency