သူငယ်ချင်းကောင်း

Words
61
Reading
1 min
Listen
Play
9y

လောကတွင်မိတ်ဆွေသူငယ်ချင်းကောင်းရှိရန်အရေးပါလှသည်။စာရေးသူမှာသူငယ်ချင်းများများစားစားမရှိ တစ်ယောက်ဆိုတစ်ယောက်ခင်မင်သွားတာနဲ့  အဲသူငယ်ချင်းနဲ့ ဘဲပေါင်းဖြစ်တာများတယ်။သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေမယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခင်နိုင်ကြသူတွေဖြစ်တယ်။

ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြသူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်းဖြစ်ကြတယ်။

ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားနိုင်ပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အနစ်နာခံကူညီတတ်သူတွေဖြစ်တယ်။

ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန်လိုက် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။

သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ်ယူချင်တာမျိုး၊ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူမျိုးသာဖြစ်သင့်သည်။အကျိုးလိုညောင်ပင်ရေလောင်းသည့်ပုံစံမျိုးမဖြစ်သင့်ပေ။ကိုယ့်ထက်သာမနာလိုဝန်တိုစိတ်ထားသောသူငယ်ချင်းများအားရှောင်ရှားသင့်၏။ကိုယ့်အကြောင်း သူများဆီမှာမကောင်းပြောသူငယ်ချင်းများကိုလည်းရှောင်သင့်ပေသည်။

မိတ်ဆွေသူငယ်ချင်းလို့ ခေါ်ရတဲ့သူ အရေအတွက် ဘယ်လောက်များပါစေ ကိုယ်နဲ့ ရင်ဘတ်ချင်းနှီးမယ့်သူငယ်ချင်းမျိုးသာရှိစသင့်သည်။ယုံကြည်မှုကိုတန်ဖိုးထားသောသူ၊စိတ်ထားဖြောင့်မတ်တဲ့ သူ ၊အချင်းချင်း ကူညီရိုင်းပင်းလိုစိတ်ရှိသူ၊သည်းခံခွင့်လွှတ်နိုင်သူ၊အကောင်းမြင်စိတ်ရှိသူ၊စသည်ဖြင့် သူငယ်ချင်းကောင်းများရဲ့ အင်္ဂါရပ်နဲ့ လိုက်ညီသောသူငယ်ချင်းမျိုးသာမိမိဘဝအတွက်အထောက်အကူဖြစ်စေနိုင်သောမိမိကလည်းပြန်အကျိုးပြုပေးနိုင်သော သူမျိုးမှသာ သူငယ်ချင်းကောင်းလို့ ခေါ်နိုင်ပေမည်။
IMG_4771.jpg
Photo Credit By FB
tthanthansoe@tthanthansoe(Steemit)