စာရေးသူ ညီမတစ်ဝမ်းကွဲသည်စင်င်္ကာပူတွင်ပညာဆည်းပူးလျှက်ရှိသည်။မိဘတွေကမြန်မာနိုင်ငံပညာရေးကိုအားမရသောကြောင်းကျောင်းပီးရင်အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာကြောင်းသားသမီးတွေကိုနိုင်ငံခြားသို့ သွားရောက်၍ပညာသွားသင်ခိုင်းသည်။စာရေးသူနဲ့တစ်ခန်းထဲအတူနေထိုင်လျှက်ရှိပီး စာရေးသူအလုပ်ကပြန်လာတိုင်းသူ့ မ စာကျက်သည့်အသံတစ်ခါမှမကြားဖူး။မေးကျိတော့သူတို့ဆရာမတွေက ပုံနှိတ်စာအုပ်ကြီးကိုင်ပီးမသင်ဘူးတဲ့  Concept ဘဲရအောင်သင်တာတဲ့ ။စာမေးပွဲကျရင်လည်း မေးခွန်းတွေကသင်ထားတဲ့ အတိုင်းဘယ်တော့မှမမေးဘူးတဲ့ ။အလွတ်ကျက်ရမည်ဟူသောအတွေးသူတို့ မှာမရှိ ပုစ္ဆာတစ်ပုဒ်ရဲ့Concept ကိုသေချာနားလည်ရင်ဘာဘဲမေးမေး ဖြေနိုင်တော့တာတဲ့ ။တွက်နည်းတွေလည်းကိုယ်နားလည်တဲ့ နည်းနဲ့ ချပြပီးတွက်လို့ ရတယ်စသည်ဖြင့်ပြောပြတော့မြန်မာနိုင်ငံပညာရေးကတော်တော်နောက်ကျကျန်ခဲ့လေပီ။မြန်မာနိုင်ငံက ကျောင်းသားတွေက အတန်းကြီးလာရင် ကျက်စာတွေများလာတယ်လို့ ညည်းကြတယ်။ ဘာကို ကျက်သလဲ တွေးလို့မရဘူး။ အမှန်တော့ သဘောတရားပိုမြင့်လာမယ် စဉ်းစားတွေးခေါ်ရမယ့်အပိုင်းတွေ ပိုများလာမယ် .. Concept ကိုသဘောပေါက်ရင် ကိုယ်နားလည်တဲ့အတိုင်း အင်္ဂလိပ်လို ပြန်ရေးတတ်ရင် ရပြီဘဲ .. ။ ဒီလိုမဟုတ်ဘဲ နားလည်အောင် မကြိုးစားဘဲ အလွတ် ကျက်မှတ်ရင်တော့ ဦးနှောက်ထဲမှာ ကြာရှည်စွဲမြဲဘို့ မဖြစ်နိုင်ပါဘူး။မိမိကိုယ်တိုင်ပါဘဲBE ဘွဲ့ ထိအလွတ်ကျက်ပညာရေးဖြင့်ကျော်ဖြတ်လာခဲ့ သည်မှာ ဘွဲ့ ရပီးလုပ်ငန်းခွင်ဝင်ရာတော်တော်အခက်အခဲတွေ့ ခဲ့ ရသည်။အလွတ်ကျက်ပညာရေးကြောင့်အချိန်ကြာတော့ဘာဆိုဘာမှမမှတ်မိပေ။ခုခေတ် စာလေ့လာတာက စာမေးပွဲနီးမှ ကပ်ကြည့် .. ကိုယ်ကျက်တာတိုးရင် ဖြေနိုင်မယ် မတိုးရင် ငုတ်တုတ်မေ့မယ် ဆိုတောမျိုး။အဖြေအလွတ်ရတဲ့ အထိတောင်ကျက်ခဲ့ ဖူး၏။အခြေခံပညာက ကိုယ်ပိုင်အထက်တန်းကျောင်းတက်နေတဲ့ ကလေးတွေစာမေးပွဲနီး စာတွေရပြီလားမေးတော့ အကုန်ရပြီ ဆရာမဆီမှာ နေ့တိုင်းပြန်ရတယ် တဲ့။ ဒါနဲ့ကျနော် မေးကြည့်တယ် .. ကြိုက်တဲ့နေရာက ဖောက် မေးတော့ အဲလိုမမေးရဘူး အစဉ်အတိုင်းမေးမှ ရတာတဲ့ .. သဘောကို နားလည်သလား တီးခေါက်ကြည့်တော့ တလွဲ ..။ ကြက်တူရွေးစကားပြောသလို လက်ကြီးပိုက်ပြီး အလွတ်ပြန်ရွတ်ပြတာမျိုး မလုပ်စေချင်ဘူး .မိမိတို့ လည်းဒီလိုနဲ့ ဆယ်တန်းအောင်ခဲ့တာတဲ့ နားလည်လည် မလည်လည် ပိတ်ကျက်ပစ်လိုက်တာဘဲလေ။ဒီပညာရေးစနစ်တစ်ခုလုံးကို ပြန်ပြုပြင်ဖို့ဘယ်အချိန်စောင့်ရမှန်းမသိပေ။ပြုရောပြုပြင်နိုင်ပါ့မလားဟူသောအတွေးမျိုးမြင်မိသည်။နှောင်တစ်ချိန်သားသမီးရှိလာခဲ့ ရင်မြန်မာကျောင်းတွေမှာမထားရဲတဲ့ အထိတောင်ဖြစ်လာအုံးပေမည်။မြန်မာနိုင်ငံပညာရေးစနစ်တစ်ချိန်သခင်ပညာရေးစနစ်သို့ ပြောင်းလဲလာရန်မျှော်လင့်ပီးရေးသားတင်ပြလိုက်ပါတယ်။
Photo credit By google Images
@tthanthansoe(Steemit)