စိတ်ကူးဆိုသည်မှာ

Words
61
Reading
1 min
Listen
Play
9y

ဝန်ထမ်းဘဝဆိုတာ သူဌေးပေးတဲ့လစာကို ထုတ်ယူရင်း နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းရပါတယ်။ သူဌေးသာ ဝန်ထမ်းတွေရဲ့ လုပ်အားတွေကြောင့် ချမ်းသာသထက် ပိုပြီးချမ်းသာသွားပေမယ့် ဝန်ထမ်းတွေဟာ ဒုံရင်းအနေအထားမှာပဲ ကျန်ရစ်ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် SBD လည်းဈေးတတ် ရင်ဖြင့်ကိုယ်ပိုင်လုပ်ငန်းအသစ်လုပ်ဖို့ စတင်နေပြီဆိုရင်တော့ အလုပ်ကနေ ထွက်မယ်လို့ စဉ်းစားမိသည်။လုပ်ငန်းခွင်မှာ အခက်အခဲဆိုတာ ရှိကြစမြဲဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို စိတ်ပါဝင်စား လုပ်နေမယ်ဆိုရင် အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးလုပ်ငန်းတွေကိုပဲ ထပ်ခါထပ်ခါ လုပ်နေရပြီဆိုရင် ဝန်ထမ်းတွေဟာ ပျင်းရိလာတတ်ကြပါတယ်။
ကိုယ့်ဘက်မှနေပြီး တာဝန်ကျေပွန်အောင် ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသလောက် စွမ်းဆောင်တယ် ၊ အလုပ်ရှင်ဘက်နေ ကိုယ့်စွမ်းဆောင်ရည် ၊ ကြိုးစားမှုကို အသိအမှတ်မပြုဘူး ၊ ဖော်လံဖားတွေကိုပဲ နေရာပေးနေ၏။ရှိစေတော့ မိမိမှာလည်းSBD ဈေးမတတ်သေးသည့်အတွက်သည်းခံရအုံးမည်။ဈေးတတ်ရင်တော့ရင်ကော့ခေါင်းမော့ပီးရဲရဲကြီးပြောလိုက်တော့မယ် နှုတ်ဆက်ခဲ့ ပါတယ်လို့ 😂😂😂
dengi_0-1200x545_c.jpg
Photo Credit By Google Image
Author:thanthansoe@thanthansoe(Steemit)