နိုဘယ်ဆုရှင် မာသာထရီဆာရဲ့ အကြောင်းကိုဆယ်တန်းဖြေပီးစာအုပ်တွေလေ့လာဖြစ်ခဲ့ တဲ့ အချိန်တုံးကစပီးသိခဲ့ သည်။မာသာထရီဆာစိတ်ဓါတ် ၊ခွန်အား၊ယုံကြည့်မှု၊ခွင့်လွတ်ပေးနိုင်မှုစသည်တို့ ကိုလေးစားအတူယူမိသည်။သူ့ ဘဝကို ကိုယ်ကျိုးအတွက်လုံးဝအသုံးချခဲ့ သူမဟုတ် အများအကျိုးအတွက်ဆောင်ရွက်ရင်းအသက်ကိုပေးခဲ့ သူဖြစ်၏။
မာသာထရီဆာက ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်း လုပ်တတ်ကြတယ်။
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလို
ရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….
အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။
သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….
စိတ်အေးချမ်းအောင်နေပါ။
သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….
ကောင်းတာကိုပဲဆက်လုပ်ပါ။
လောကကြီးကို
သင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။
မာသာထရီဆာ ကအမြဲတမ်းလူတွေကိုခွင့်လွတ်နိုင်အောင်၊ နားလည်ပေးအောင် ၊သည်းခံပေးနိုင်အောင်ပြောပြလေ့ရှိ၏။သူမသည်တစ်ကယ့်ကိုနိုဘယ်ဆုဖြင့်ထိုက်တန်သော လူတော်လူကောင်းတစ်ယောက် အနေဖြင့်လေးစားအားကျနေမိသည်။
Credit By Google Image
@tthanthansoe(Steemit)