ရှေးရေစက်

Words
47
Reading
1 min
Listen
Play
9y

ရှေးရေစက် နဲ့ ပတ်သတ်ပီး ဟိုတလောကFBမှာဖတ်လိုက်ရတယ်။သူရေးထားတာကတော့အများကြီးပါဘဲ။စာရေးသူလည်းရေစက်ဆိုတာကိုအကြွင်းမယ့်ယုံတယ်လေ ဒါကြောင့်အတိုချုံ့လေးကောက်နှုတ်တင်ပြလိုက်ပါရစေ။

ရှေးရေစက်ကို ယုံတယ်.........

ကိုယ့်အိမ်နောက်ဖေးက လူနဲ့ မရင်းနှီးပေမယ့်

မိုင်ထောင်ချီတဲ့နေရာက လူနဲ့

ခင်မင်သွားပြီး ရင်ဖွင့်မိတာမျိုး

ရှေးရေစက်ကို ယုံတယ်........

လူဦးရေ သန်း ခြောက်ထောင်ကျော်ထဲမှာမှ

ချစ်သူနှစ်ဦး ဆုံတွေ့ချစ်ကြိုက်မိသလိုမျိုး

ရှေးရေစက်ကို ယုံတယ်........

အာဖရိကမှာ လူအဖြစ် မမွေးပဲ

ရန်ကုန်မှာ မွေးပြီး

ထိုင်းမလေးနဲ့ အိမ်ထောင်ကျသွားသလိုမျိုး

ရှေးရေးစက်ဆိုတာ တကယ်ရှိတယ်

တကယ်စဉ်းစားကြည့်ရင် ရှေးရေစက်ကြောင့်သာ မိတ်ဆွေ၊သူငယ်ချင်း၊မိဘ၊ဘိုးဘွားဆရာသမား နဲ့ တွေ့ ဆုံခွင့်ရတယ်ဒါကြောင့်မို့  ရှေးရေစက်ကို ယုံတယ်။
Cartoon-Happy-Family-Illustration-Vector.jpg
Photo Credit By Google Image
tthanthansoe@tthanthansoe(Steemit)

ရှေးရေစက် | Ecency