သောကကိုယ်စီနဲ့ လူ့ ဘဝ

Words
48
Reading
1 min
Listen
Play
9y

လူတိုင်းလူတိုင်းမှာ
သောကဆိုတာ
ရှိကြတယ်

သာမန်လူတန်းစား
အတွက်လဲ
တစ်လဝင်ငွေနှင့်
အိမ်ငှားခ
အထွေထွေစရိတ်
အစရှိတာတွေအတွက်
သောကအပူတွေ ရှိကြတယ်

အဲ့လိုပဲ
အသင့်အတင့်
ပြည့်စုံတဲ့သူတွေမှာလဲ
အလုပ်တွေအခြေချ
ရပ်တည်ဖို့
ကြိုးစားရင်း
သောကတွေက
ကိုယ်စီနဲ့ ပါဘဲ

အလုပ်တွေ
အခြေတကျဖြစ်လာပြန်တော့လဲ
လုပ်အားတွေအတွက်
ငွေအင်အား
လူအင်အားတွေ
စိုက်ထုတ်ရင်းနှီးပြီး
တောင်ပြေး
မြောက်ပြေး
သောကတွေရှိနေတာပဲ

ငွေကြေးဆင်ပြေ
ချမ်းသာသွားလို့
သောကတွေ
ကင်းသွားတယ်
လို့မထင်ပါနဲ့
ပိုလို့တောင်
သောက များလာမယ်

လူတိုင်းမှာ
သောကကိုယ်စီ
အပူကိုယ်စီရှိကြတယ်
အဆင်မပြေမှုတွေ
ခက်ခဲမှုတွေလာတိုင်း
ရှောင်ဖယ်ဖို့ မကြိုးစားဘဲ ရင်ဆိုင်ကျော်လွှားနိုင်အောင်ကြိုးစားကြရမှာဘဲလေ။
17903613_1484129274962418_5296444674182981833_n.jpg
Written By tthanthansoe@tthanthansoe(Steemit)