ဒီနေ့ ရုံးကစလုံးတရုတ်မတွေနဲ့ စကားစမြည်ပြောဖြစ်တော့....စင်င်္ကာပူမှာ Beggarတစ်နည်းအားဖြင့်(တောင်းစားတဲ့ သူ)မရှိတဲ့ အကြောင်းလေးပါ့။နိုင်ငံတော်က တောင်းစားတဲ့ သူတွေကိုillegal(တရားဝင်ခွင့်မပြု) ထိရောက်စွာအရေးယူသည်။လမ်းပေါ်တွင်ဖြစ်စေ၊ဘူတာရုံ၌ဖြစ်စေ၊ကားဂိတ်တွင်ဖြစ်စေဂတောင်းရမ်းသူများတွေ့ ရှိပါက ရဲများအချိန်တိုအတွင်းလာရောက်လျှက်ဖမ်းစီးခေါ်ဆောင်သွားကြောင်း၊စခန်းရောက်လျှင် သေချာစုံစမ်းမေးမြန်းပီးတစ်ကယ့်အခက်အခဲရှိနေသောသူများကို အလုပ်အကိုင်ရရှိရန်တာဝန်ယူပီး၊အကြောင်းအရင်းမခိုင်လုံသောသူများကို ထိထိရောက်ရောက်အရေးယူလျှက်သည် စသည်ဖြင့်ပြောပြသည်။ဥပဒေတင်းကျပ်စိုးမိုးသောနိုင်ငံဖြစ်သည်။တစ်ချို့ မသန်စွမ်းတွေတော့တောင်းရမ်းတာမျိုးရှိ၏။သူတို့ ကလည်းလက်ဗလာဖြင့်တောင်းရမ်းခြင်းမျိုးမဟုတ်၊တီချူးလိုအရာများကိုရောင်းပီးအလှူခံသည်။ဒါတောင်သတ်မှတ်ထားသည့်ငွေကြေးပမာဏထက်လက်မခံပေ။ဥပမာ တီချူး၃ထုတ် ၁ကျပ်ဆိုပါစို့ ။၁ကျပ်ဘဲယူသည် ၂ကျပ်ပေးပါက၁ကျပ်ပြန်အမ်းသည်။သူတို့ နိုင်ငံရဲ့ ဥပဒေကိုသူတို့ ကြောက်သည်။ရထားပေါ်ဆိုလျှင်သည်မိန်းကလေးများကိုအသားယူထိပါးစော်ကားခြင်းများရှိလျှင်ချက်ချင်းတိုင်ကြားနိုင်သည်။ထိရောက်စွာအရေးယူပေးသည်။
@credit Google image
ကဲထားပါလေ မြန်မာနိုင်ငံတွင် အသက်အရွယ်မပြည့်ဘဲတောင်းရမ်းစားသောက်သောကလေးငယ်များရဲ့အနာဂါတ်ကိုစိတ်ပူမိသည်။စာသင်ရမယ့်အရွယ် ကျောင်းတတ်ရမည့်အရွယ်မှာ တောင်းရမ်းစားသောက်နေကြသည်မှာကားရင်လေးဖွယ်ရာဖြစ်ပေသည်။စားသောက်ဆိုင်များတွင်လည်း ဘုန်းကြီး၊မယ်သီလ ၊လူကြီးလူငယ် များဝင်ရောက်တောင်းရမ်းနေသည်များကိုလည်းတွေ့ရသည်။တစ်ချို့ ဆိုင်များ၍ "အလှူခံခြင်းသည်းခံ"ပါဟုရေးသားထားသည်ကိုတွေ့ ရသည်။
@Credit Google Image
မြန်မာနိုင်ငံတွင်စင်ကာပူကဲ့ သို့ ဥပဒေမျိုးရှိလျှင်တောင်းရမ်းစားသောက်သူများလျှော့သွားလေမည်လားစသည်ဖြင့်တွေးမိသည်။တောင်းရမ်းစားသောက်သူများပပျောက်အောင် Project Plan များရေးပီး ပရဟိတသမားများနှင့်ရဲတပ်ဖွဲ့ ဝင်များက ပူးပေါင်းပါဝင်ပီးဆောင်ရွက်လျှင်ကားပပျောက်သွားမည်လားစသည်ဖြင့်လည်းတွေးမိပြန်သည်။ယခုလက်ရှိမြန်မာနိုင်ငံတွင် World Bank မှဆင်းရဲမှုပပျောက်ရေးplanများလုပ်ဆောင်နေသည်ကိုတွေ့ ရ၏။မြန်မာနိုင်ငံလူဦးရေသန်း၆၀နီးပါးရှိသောကြောင့်ဆင်းရဲပပျောက်ရန်Planက အချိန်တိုတွင်းမဖြစ်နိုင်ပေ။ဖြည်းဖြည်းမှန်မှန်သွားရန်လိုအပ်ပေသည်။တစ်နေ့ နေ့တစ်ချိန်ချိန်တွင်မြန်မာနိုင်ငံသည်လည်းဆင်းရဲမှုပပျောက်ပီး၊တောင်းရမ်းစားသောက်သူများပပျောက်အောင်လုပ်ဆောင်နိုင်မည်ဟုယုံကြည်လျှက်ရေးသားလိုက်တင်ပြလိုက်ပါသည်။
@Photo Credit By Google Image
Author:@thanthansoe(Steemit)