နောင်တ

Words
41
Reading
1 min
Listen
Play
9y

ကျနော့်မှာ
အတ္တတွေရှိတယ်
မာနတွေရှိတယ်
လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရဲတဲ့
ရဲရဲနီ သတ္တိသွေးတွေရှိတယ် ။

အဖေသင်ပေးလိုက်တဲ့ ရင့်ကျက်မှုတွေနှင့်
အမေဆင်ပေးလိုက်တဲ့ ပညာအမွေတွေအကြား
ရှေ့ဆက်မယ့် ဘဝခရီးကြမ်းအတွက်
ဘာတွေကို တွန့်ဆုတ်နေရမှာလဲ ။

လူရာဝင်ဖို့လား
လူတန်းစေ့ ဖို့လား
လူပီသဖို့လား
ဘာပဲဖြစ်ဖြစ်
ကျနော့်မှာ သဘာဝကဖန်ဆင်းပေးထားတဲ့
တစ်ရက်ကို(၂၄)နာရီ ကြိုးစားပိုင်ခွင့်ရှိတယ် ။

ရက်ရက်ရောရော စတေးထားတဲ့အချိန်တွေနဲ့
မျက်ကွယ်ပြုစွန့်လွှတ်ထားတဲ့လွတ်လပ်မှုတွေက
တစ်ချိန်ချိန်မှာ
အတိတ်အကြောင်းပြန်ပြောကြတဲ့အခါ
"နောင်တ"ဆိုတဲ့စကားကို ကျနော်မသုံးချင်ဆုံးဘဲ။
IMG_4901.JPG
@Photo Credit By Google Image
Author@tthanthansoe(Steemit)