အော် လစာ လစာ ကပ်ထဲဝင်ပီးလားဝင်ပီလားနဲ့ စစ်လိုက်ရတာ ဘဏ်ကပ်တောင်Lock ကျသွားလေရဲ့ 😂။Bank ကနေ မိမိအကောင့်ကိုblock လုပ်လိုက်တာနဲ့ ဘယ်လိုမှဝင်မရဘူးဖြစ်နေတယ်လေ။အော်ဒါနဲ့ ရုံးဆင်းမှာဘဲလုပ်ပါတော့မယ်ဆိုပီးစိတ်လျော့ထားတယ်။အိမ်ရောက်တာနဲ့  Bank ဖုန်းနံပါတ်ကိုဆက်တော့ ၁ကိုနှိတ်ပါ ၃ကိုနှိတ်ပါဆိုပီးoperator ကပြောပီးခဏနေတော့ဖုန်းဝင်သွားလေတယ်။လူလတ်ပိုင်းအမျိုးသားတစ်ယောက်ကိုင်ပီး ဘာကူညီပေးရမလဲ လို့ မေးတယ်။ဒါနဲ့ အကြောင်းစုံရှင်းပြတော့ passport နံပါတ်တောင်းတယ်လေ passport နံပါတ်ကအသစ်ပြောင်းထားတာမကြာသေး အရင်အဟောင်းနံပါတ်နဲ့ဘဲ ဝင်ရမှာဆိုတော့ရုတ်တရက် အဟောင်းစာအုပ်အပြေးအလွှားရှာရပီလေ ဟိုဘက်ကလည်းဖုန်းကိုင်ပေးပီးစောင့်နေရှာတယ်။စာအုပ်ဟောင်းကရှာမရဘူးလေ ဒါနဲ့ ဘီဒိုထဲရှာနေတာ တစ်ဘက်ကသီးခံပီး ကိုင်ပီးစောင့်ပေးရှာတယ် မိမိနိုင်ငံမှာဆိုစောင့်ရလို့ ဖုန်းချပီးအဆဲခံရပေအုံးမယ်။ စာအုပ်ရှာတွေ့ပီ နံပါတ်ပြောလိုက်သည် ။ခဏနေတော့ ဘဏ်ဝန်ထမ်းအမျိုးသားက ဘယ်နေ့ ကဘယ်နှစ်ကြိမ်bank အကောင့်ထဲစစ်ကြည့်တာတို့ အကုန်record တွေကို သူကပြောပြတယ်။အခုတော့ blockဖြည်လိုက်ပါပီတဲ့ Account ထဲဝင်ကြည့်ပီ့း User ID Name change လိုက်ပါတဲ့ ။ကျေးဇူးတင်ပါတယ်လို့ပြောပီးဖုန်းကိုညင်သာစွာချလိုက်ပါတယ်။ဒါနဲ့ ဘယ်မှသွားစရာမလိုဘဲဖုန်းနဲ့ အဆင်ပြေသွားရှာတယ်။Customer Service ကတစ်ကယ်တော့Customer တွေကိုစိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးတဲ့  စလုံးကဝန်ဆောင်မှုကို စိတ်ကျေနပ်မိတယ်။မြန်မာနိုင်ငံအလည်ပြန်တုံးက KBZ ဘဏ်ဝန်ထမ်းကိုယ့်အပေါ်ဆက်ဆံပုံကိုပြန်သတိရမိသည်။အော် ပြောင်းလဲချိန်တန်ပီဟူသောအတွေးတစ်ခုဘဲဝင်မိသည်။
@Photo Credit By Google Image
@Author Than Than Soe(Steemit)