ဒီနေ့ တော့ဥပါယ်တံမျဉ် ရုပ်ရှင်ကြည့်ပီးခဲ့ လေပီ။စလုံးမှာလည်းတော်တော်အောင်မြင်သောမြန်မာကားလည်းဖြစ်သည်။ပရိတ်သတ်တောင်းဆိုမှုကြောင့်နောက်ထပ်တစ်ပတ်ထံမံပြသခွင့်ရသည်။
မိမိအနေဖြင့် Review ပြောရရင် အရမ်းကောင်းသည့်ဇတ်လမ်းမျိုးမဟုတ်။သမားရိုးကျပုံစံထဲကကွဲထွက်သောဇတ်လမ်းမျိုးသာ။အချိန်ကုန် ပင်ပန်းခံပီးရိုက်ထားသည့်ကားမျိုးတစ်နည်းပြောရရင် ပရိတ်အပေါ်စေတနာထားသောဇတ်လမ်းမျိုးဖြစ်သည်။ဗန်းစကားဖြင့်ပြောရရင်ပေါကားမဟုတ်ပေ။ဒီတွင်ပေါကားဟုဆိုသည်မှာ ဟာသကားမျိုးကိုဆိုလိုခြင်းမဟုတ်။Mr.Bean ဇတ်လမ်းကိုကြည့်ဖူးသူတိုင်းသိနိုင်သည်။Mr.Bean ဇတ်လမ်းတိုင်းဟာသကားတွေချည်း။တစ်ကယ်ရယ်ရပီးအဓိပ္ပါယ်ရှိသောဟာသကားပင်။ပေါကားဆိုသည်မှာကား ဇတ်ညွန်းကိုအဓိကမထား မင်းသားမင်းသမီးအဓိကထားပီးရက်တိုတိုဖြင့်ပီးပီးရောရိုက်ကူးသည့်ကားမျိုးကိုဆိုလိုခြင်းသာ။
ဥပါယ်တံမျဉ်ကားသည်လည်း ရိုးသားကြိုးစားပီးရိုက်ကူးထားသောကြောင့်အောင်မြင်သည်ဟုမှတ်ယူရပေမည်။
@tthanthansoe
ယခုအချိန်တွင် ကိုးရီးယားဇတ်လမ်းတွဲများ၊အိန္ဒိယဇတ်လမ်း၊အနောက်တိုင်းအက်ရှင် စသည့်ဇတ်လမ်းများကိုအလွယ်တစ်ကူကြည့်ရှုနိုင်သည်။ထို့ ကြောင့်ပရိတ်သတ်ကရုပ်ရှင်ပညာရပ်ကိုနားမလည်သော်လည်းစိတ်ထဲကျေနပ်လောက်သည့်ဇတ်လမ်းမျိုးဘဲအချိန်ပေးကြည့်ချင်မိသည်။ထို့ ကြောင့်မြန်မာ့ရုပ်ရှင်လောကတွင် နောက်တတ်လာသောမျိုးဆက်သစ်လူငယ်အတတ်ပညာရှင်ကို Warmly Welcome လုပ်ရန်လိုအပ်ပေသည်။နောက်လူကိုလည်းနေရာမပေးရှေ့ ကလည်းကိုယ်ကိုယ်တိုင်လည်းရှေ့ မရောက်မနာလိုစိတ်မျိုးဖြင့်သာနေမည်လျှင်ပြောင်းလဲမည်မဟုတ်။နိုင်ငံခြားသွားပီးအလုပ်လုပ်သည်ဖြစ်စေ ပညာသွားရောက်ဆည်းပူးသည်ဖြစ်စေ တစ်ချိန်မိမိနိုင်ငံပြန်လာပီးကိုယ်တတ်နိုင်သလောက်ပညာရပ်ဖြင့်မျှဝေချင်သောဆန္ဒမျိုးရှိသည်။။နိုင်ငံခြားပြန်လာတဲ့ သူတိုင်းကိုနေရာမပေးချင်တာမျိုး အတွေ့ အကြုံမျှဝေခြင်းကိုမနှစ်သက်တာမျိုး နယ်ပယ်အသီးသီးတွင်တွေ့ မြင်ရသည်။လူတိုင်းကိုဆိုလိုခြင်းမဟုတ်တစ်ဦးတစ်ယောက် စိတ်ဓါတ်တွေပြောင်းလဲမှ မိမိနိုင်ငံလည်းတိုးတတ်ပြောင်းလဲလာပေမည်ဖြစ်သည်။ထို့ ကြောင့် positive thinking ဖြင့်သာရှေ့ဆက်ကြပါစို့ လို့ တိုက်တွန်းရင်း.......ပြောင်းလဲချိန်တန်ပါပီလေ။
@tthanthansoe
Author:tthanthansoe(steemit)