BUSY DAY

Words
41
Reading
1 min
Listen
Play
9y

အခုတစ်လောရုံးတွင်အလုပ်များပုံမှာလက်နဲ mouse နဲ့ ကပ်နေအောင်အလုပ်လုပ်ရ၏။ရုံးတွင်လည်းကိုယ့်လက်အောက်ကဆိုလို့  keyboard နဲ mouse အပြင်တစ်ခြားမရှိ😂။အဘယ်ကြောင့်ဆိုသော် လုပ်ဖော်ကိုင်ဖက်များကိုလက်အောက်ငယ်သားလို တစ်ခါမှမဆက်ဆံသောကြောင့်ပင်။ပီးခဲ့ သောဖော်ဖဝါရီလကအလုပ်တွေပါးသော်လည်း တရုတ်နှစ်ကူးအလွန်အလုပ်တွေပြန်ပီးrun ကြပီ။Schedule အတိုင်းလုပ်ရသည်မှာ အချိန်မီအလုပ်မပီးမြောက်မှာပူသောကြောင့်Stress ရှိသည်🤯🤯🤯။မည်သို့ ပင်ဆိုစေကာမူမိမိရွေးချယ်ခဲ့ သောလမ်းကိုကားဆုံးအောင်လျှောက်ရမည်။ပီးရင်လည်းပီးသွားမှာဘဲစိတ်ထားသည်။🤫🤫🤫
မအားလပ်သောကြားက Steemit မှာတစ်ရက်တစ်ခုအနည်းဆုံးတင်နိုင်အောင်စာကြမ်းများရေးထားတာလေးတွေရှိ၏✍️။တစ်ခါတရံ အဆုံးသတ်ရေးရန်အလို့ ဌါ ရေးရင်းရေးရင်းဘာမှဆက်ရေးလို့ မရအောင်အကြောင်းအရာများထွက်မလာပေ။ရှိစေတော့ ထွက်လာသောအကြောင်းအရာကိုသာလက်တွေ့ ချရေးတော့သည်။စာရေးရတာထက်စာဖတ်ရတာကိုဝါသနာပါသည်။SBD တွေဈေးတွေကျလို့ မရေးတော့ပါဘူးလို့ တစ်ခါမှမတွေး။ဈေးအတတ်အကျကသူ့ တာဝန် ရေးရမှာကမိမိတာဝန်ပင်။သူ့ အလုပ်ကိုသူလုပ်ကိုယ့်အလုပ်ကိုကိုယ်လုပ် စိတ်မျိုးနဲ့ ရေးသည်။စာအရေးအသားကိုလည်းတိုးတတ်အောင်ကြိုးစားပီးရေးသည်။မိမိရဲ့ အခန်းဖော်သူငယ်ချင်းကတောင်နင့်စာကိုလူတွေရောဖတ်ကြရဲ့ လားဟုမေးဖူးသည်။လူတွေစိတ်ဝင်စားအောင်ရေးနိုင်မှသာလူတွေဝင်ဖတ်ကြလိမ့်မည်။ကိုယ့်အနေအထားကအများကြီးကြိုးစားလေ့ကျင့်ရအုံးပေမည်။စာတွေလည်းများများဖတ်ရမည်။ဒီနေ့တော့စိတ်ကူးထဲပေါ်တာလေးတွေချရေးလိုက်ပီ။နောင်လည်း ကြိုးစားပီးဆက်လက်ရေးနေအုံးမှာပါ Steemit ရယ်။✍️✍️✍️💪💪💪
giphy.gif