အကြွေးဆိုရင် ဘာကြွေးမှ မကောင်းဘူးတစ်ကယ်ပါစာရေးသူကညတိုင်းတရားနားထောင်ပီးအိပ်လေ့ရှိတယ်။ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး )ကကံအကြောင်းပတ်သတ်ပီးဒီလိုပြောရှာတယ်။
အဆိုးဆုံးက' ကံကြွေးပဲ'
ကံကြွေးပါလာရင် သူတော်ကောင်းကြီးတွေတောင်ပေးဆပ်ရတာဆိုတော့
ကိုယ်လိုသာမန်တွေအတွက်
အကြွေးတွေကြား ဗျာများနေတာ ဘာဆန်းလဲပေါ့
အတိတ်အကြွေးကြီးတဲ့သူဟာ
ပစ္စုပ္ပန်မှာ အကောင်းတွေ လုပ်နေပေမယ့်လည်း
မကောင်းတွေပဲ ကြုံနေရတာရှိတတ်သလို
အဟောင်းကောင်းတဲ့သူကျပြန်တော့
ပစ္စုပ္ပန်မှာ မကောင်းပေမယ့်
အကောင်းတွေကြုံရတာလည်း ရှိနိုင်တာပါပဲ
ဒါကသူ့အကြောင်းနဲ့သူ့အကျိုးပါ
ကိုယ့်အတွက်ကတော့ ကောင်းကောင်းဆိုးဆိုး
ကိုယ်ကိုယ်တိုင်ပဲ ရင်ဆိုင်လက်ခံဖြေရှင်းရမှာပါ
အကောင်းများလို့လည်း ပြောင်းမသွားနဲ့
မကောင်းများနေလို့လည်း စောင်းမသွားနဲ့
အတိတ် အဟောင်းအားကို
ပစ္စုပ္ပန်အကောင်းတရားနဲ့ ထိန်းကြောင်းပေးဖို့ပါပဲ
အရေးကြီးတာက အကြွေးဆပ်ရင်း အကြွေးမထပ်ဖို့ပါအတိတ်ကံအကြွေးတွေကြောင့်
အဆိုးတွေကြုံနေရတဲ့ကြား
နောက်ထပ်ပေးဆပ်ရမယ့် အကြွေးတွေ
ထပ်မများရအောင်ကိုယ့်ရဲ့အလုပ်တိုင်းမှာ
သတိရှိနေဖို့ပါပဲ။Steemit သူငယ်ချင်းအပေါင်းအားလုံးဆင်ခြင်နိုင်ကြပါစေ စေတနာဖြင်.တင်ပြရင်း............
Photo Credit By Google Image
@tthanthansoe(Steemit)