"နေပြည်တော်မှာ လမ်းလျောက်သင်္ကြန်ကျင်းပမယ်"
#######################
နေပြည်တော် - မတ်လ(၁၆)ရက်။သည်နှစ်သင်္ကြန်မှာတော့ ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်မှာ ပထဆုံးလမ်းလျှောက်သင်္ကြန်ကို ကျင်းပသွားမယ်လို့ သိရပါတယ်။
ပုသိမ်ထီးလေးတွေဘာတွေနဲ့ လည်း အလှဆင်မယ် အုန်းလက်မဏ္ဍပ်တွေရောဒီ့ပြင်မဏ္ဍပ်တွေရော ပြီတော့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ မျက်နှာချင်းဆိုင် Public ဧရိယာမှာလည်း ဗဟိုမဏ္ဍပ်လုပ်ပြီး ယိမ်းအကတွေရော အဲလိုလုပ်ဖို့ တော့ ဆုံးဖြတ်ထားတာပဲလို့ ပျဉ်းမနားမြို့ နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်ကပြောပါတယ်။
လမ်းလျှောက်သင်္ကြန်အတွက် ခွင့်ပြုသွားမယ့် ရေကစားမဏ္ဍပ်အရေအတွက်ကိုတော့ ၉ ခုခန့် ဆောက်ခွင့်ပြုဖို့ ခန့် မှန်းထားပါတယ်။မဏ္ဍပ်ဆောင်ခွင့်ကိုတော့ မတ်လ ၁၉ ရက်နေ့ မှာစတင် လျှောက်ထားခွင့်လက်ခံသွားမှာ ဖြစ်ပြီး မတ်လ၂၃ ရက်နေ့ နောက်ဆုံးထားလက်ခံသွားမှာ ဖြစ်ပါတယ်။
မဏ္ဍပ်ဆောက်ခွင့်လျှောက်ထားသူတွေအနေနဲ့ လမ်းလျှောက်သင်္ကြန်ပြုလုပ်မှာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေကဆောက်တဲ့ စင်ရဲ့ အမြင့်ထိတော့ ခွင့်ပြုမှာမဟုတ်ဖူးလို့ သိရပါတယ်။အုန်းလက်မဏ္ဍပ်ငယ်လေးတွေ ထိုးဖို့ အတွက်လည်း ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး နေရာကိုတော့ ဦးသူစနစ်နဲ့ ပေးမှာဖြစ်ပါတယ်။
မဏ္ဍပ်တွေမှာ ဆိုင်းဘုတ်ကပ်တာတွေ အလှဆင်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးသန်းစိုးအောင်က အားလုံးကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပြုထားတယ် နိုင်ငံတော်စော်ကားတဲ့ဆိုင်းဘုတ်ကလွဲလို့ ကြိုက်တဲ့ဟာလုပ်ပါဆိုပြီး ဖွင့်ပေးထားပါတယ်လို့ ပြောပါတယ်။
ရေကစားချိန်ကိုတော့ နံနက် ၉ နာရီကနေ နေ့ လည်း ၁၂ နာရီအထိတစ်ချိန်၊ညနေ ၃ နာရီကနေ ၆ နာရီ တစ်ချိန် သတ်မှတ်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
လမ်းတွေကို မြင်းရုပ်ကနေပိတ်မယ် ၊ဘုရားကိုးဆူဘက်ကနေပိတ်မယ် ၊ဗိုလ်ချုပ်ကြေးရုပ်ဘက်ကပိတ်မယ် ၊ဆေးရုံအဆင်းကပိတ်မယ် ပိတ်ပေမယ့်လည်း ပတ်လမ်းတွေရှိတယ် သွားလို့ရအောင်လုပ်ထားမယ်လို့ ဦးသန်းစိုးအောင်ကပြောပါတယ်။
ဆိုင်ကယ်တွေ ထားဖို့ အတွက်ကိုတော့ ပျဉ်းမနားမြို့ ရှိ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းမှာ ထားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ဆိုင်ကယ်အပ်ခကိုတော့ ကောက်ခံမှုရှိမရှိ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။
ရေအတွက်တော့ ဒီနှစ်စည်ပင်ကကူပေးမယ် ပျဉ်းအနားက ရေရှားတော့လေ ။အရင်ကအကုန်ဝယ်ရတာကိုး။ဒီနှစ်တော့ စည်ပင်က တစ်ဝက်လောက်တော့ အလကားဖြန့် ဖြူးပေးမယ် အကုန်တော့ မပေးဘူးလေ ကျန်တာတော့ ကိုယ့်အစဉ်အစဉ်နဲ့ ကို ၀ယ်ကြပေါ့လို့ ဦးသန်းစိုးအောင်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ပျဉ်းမနားရှမ်းကန်နားမှာ ရေကစားမဏ္ဍပ် သုံးခုအထိသာရှိပြီး လက်ရှိ ပျဉ်းမနားမြို့ နယ်ထဲရေကစားမဏ္ဍပ်ဆောင်ခွင့်လျှောက်ထားတဲ့မဏ္ဍပ်အရေအတွက်ကတော့ ၆ ခုအထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ရေကစားတာအပြင် စတုဒီသာတွေ ကျွေးဖို့ ပေါ့ အားလုံးပရဟိတအဖွဲ့ တွေရော ရပ်မိရပ်ဖတွေရောက စတုဒီသာကျွေးမယ် အဓိကကတော့ ကလေးတွေပျော်ပျော်ပါးပါးလမ်းလျှောက်ပြီးတော့ ကစားနိုင်အောင်ပါ အဓိကကတော့ တန်ဖိုးအနည်းဆုံးနဲ့ အစည်ကားဆုံးဖြစ်အောင် လုပ်မှာပါလို့ ဦးသန်းစိုးအောင်ကပြောပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်တုန်းလည်း နေပြည်တော်ဟိုတယ်ဇုန်မှာမဏ္ဍပ်ကြီးတွေမရှိတာကြောင့် မြို့ဟောင်းဖြစ်တဲ့ပျဉ်းမနားမြို့မှာ စည်ကားခဲ့ပါတယ်။
Author - မာရီခိုင်
Credit. Kumudra