Funny

Words
37
Reading
1 min
Listen
Play
8y

အတင်းမလုပ်နဲ့နော်


အသွင်း အထုတ်ကိုဖြင့်
အတင်းမလုပ်ပါနဲ့
ယောက်ျားရယ်...

ရှင့် လုပ်ပုံ တစောက်ကန်း
ကြမ်းလွန်းလှတယ်
ထိခိုက်လို့ သွားရင်ကွယ်
ပွန်းပဲ့မယ် သိရဲ့လား

သူ့အိုးနဲ့ သူ့ဆန်
တန်လောက်ရုံ မကျယ်မကျဉ်းရယ်မို့
အဟုတ်အတင်း မရမ်းချင်ပါနဲ့
အထုတ်အသွင်း မကြမ်းပါနဲ့

ကျွမ်းကျင်တာ သိပေမဲ့
တွေးကြည့်ရင် စိတ်မောစရာ
တကယ်မကင်းတာကြောင့်
စဉ်းစားကာ ဖြည်းဖြည်းချင်းသာပါ့

ထုတ်သွင်းကာ ညင်သာစေချင်ရဲ့
ဝင်ဆန့်ရုံအနေအထားမှာဖြင့်
တအားမကြမ်း သတိဆောင်ပါကွဲ့
ဂိုဒေါင်နဲ့ကား...
😜😜😂😂😂
image
ဝင်းမြင့်ကျော်၊တောချောင်းဦး

Funny | Ecency