မင်းအတွက်ပါ
########
ကိုယ်မလုပ်ဖူးတဲ့ အလုပ်ကို
စတင်ရမှာမို့ တွေးကြောက်နေတာလား
ဒီလမ်းကြောင်းကိုရွှေးချယ်ပြီး
ဆည်းပူးခဲ့တယ် လေ့လာခဲ့တယ်
ဘာကို စိုးရိမ် နေတာလဲ
လဲကျသွားမှာကိုလား
ပျောက်ကွယ်သွားတာမှမဟုတ်တာ
လဲကျရင်ပြန်ထပေါ့
အရမ်းနာရင် အချိန်နည်းနည်းယူ
အလုပ်ဆိုတာ လုပ်ရင်းနဲ့သင်
သင်ရင်းနဲ့ဆန်းသစ်
ဆန်းသစ်ရင်း ရှေ့ဆက်
ဒါဟာ ဘဝပဲလေ
ကြောက်ခြင်လို့ကြောက်တယ်ဆိုရင်
မဟုတ်တာလုပ်မိသွားမှာကိုကြောက်ပါ
သူများထက်ခိုင်မာတဲ့ရပ်တည်မှုမျိုးကိုလိုချင်ရင်
သူမတူတဲ့ကြိုးစားအားထုတ်မှုတော့ရင်းနှီးရမှာပေါ့
တကယ့်ဘဝဆိုတာ စာအုပ်မဟုတ်ဘူး
ခရီးတစ်ခုမဟုတ်ဘူး
ဘဝကိုရင်ဆိုင်ဖို့ အားပေးလို့ပဲရတယ်
မင်းအစားဘယ်သူကမှ ဝင်ပြီးကိုယ်စားရင်ဆိုင်လို့မရဘူး
ဘဝက ရှေ့နေတစ်ယောက်နဲ့
ရှောင်လွဲချက်တွေပေးလို့မရဘူး
မင်းဘဝအတွက် မင်းကတရားသူကြီးပဲ
မင်းအားကျခဲ့တဲ့လူတွေ ရှိမှာပါ
ဘာကြောင့်အားကျတယ်ဆိုတဲ့ အဖြေကမင်းစီမှာ
ဒါဆိုရင် မင်းကို နောင်လာမယ်လူတွေအားကျစေဖို့
မင်းတစ်ခုခုတော့ လုပ်ပြနိုင်ရမယ်
မင်းဘဝက လှေကားမဟုတ်ဘူး
မင်းဘဝက လှေကားတွေကိုနင်းတက်ဖို့ပဲ
လုပ်စမ်း မင်းအစွမ်းရှိသရွှေ့
မင်း ရဲ့ အတိတ်ဘယ်လောက်ဆိုးဆိုးလူတွေမသနားဘူး
မင်း အနာဂတ်မှာ လှပလာရင်တော့
မင်းရဲ့ အတိတ်ကို လူတွေ ကရုဏာ သက်ကြတယ်
အတုယူကြမယ် ချီးမွမ်းကြမယ်
ကောင်းသော လျှောက်လှမ်းမှုသာဖြစ်ပါစေသူငယ်ချင်း။