သင်ခန်းစာ
✏ ✏ ✏
လူကြီး တစ်ယောက် ပလိုင်းတစ်လုံးလွယ်ပြီး
ရေအိုင်ထဲဆင်းပြီ ကွန်ပစ်နေတယ်
ဒါကို ကုန်းပေါ်က ၅ တန်း အရွယ်
ကျောင်းသားလေးတစ်ယောက် စိတ်ဝင်တစား
ရပ်ကြည့်နေတယ်
ကွန်ပစ်နေတဲ့ လူကြီး ကြာလာတော့
သတိထားမိသွားတယ်
ဟိုကလေး မင်းကျောင်းမသွားဘူးလား
ဟုတ်ကဲ့ ကျောင်းမတတ်ချင်လို့
လူကြီးက ကုန်းပေါ်ပြန်တက်လာတယ်
ရေလေးဘာလေးသောက်ထိုင်ချလိုက်ပြီး
တကယ်ကျောင်းမတက်ချင်တာလား
ဟုတ်ကဲ့
မင်းအဖေဘာလုပ်လဲ
ဆံပင်ညှပ် ဆရာပါ
အင်း မင်းရော ဆံပင်ညှပ် တတ်ပြီလား
မညှပ်တတ်သေးပါဘူး
ရော့ ဒါ ငါပုဆိုး မင်းအဝတ်စားတွေချွတ်
ဘာလုပ်ဖို့လဲ
ငါနဲ့အတူ ကွန်ပစ်လေ
တကယ်လားဦး
တကယ်ပေါ့ကွ
ဟုတ်ကဲ့
ကျောင်းသားလေးလည်း
ပျော်ပျော်ရွှင်ရွှင် အဝတ်တွေလှဲလိုက်တယ်
ပြီးတော့ လူကြီးနဲ့ ကန်ထဲဆင်းလိုက်တယ်
ရော့ ကလေး
ပိုက်ကွန်ကို လက်ဖျံပေါ်ဒီလိုတင်
ပြီးရင် စကောလှဲ့သလို ဒီလိုပစ်
ပစ်ပြီးတာနဲ့ ပြန်မဆွဲနဲ့
ခဲသီးလေးတွေ အောက်ရောက်အောင် ခဏစောင့်
ပြီးရင် ဖြည်းဖြည်း ချင်း ပြန်သိမ်း
လူကြီးက သုံးလေးခါပြတယ်
ပြီးတော့ ကောင်လေးကိုပစ်ခိုင်းတယ်
ပထမဆုံးစလုပ်တုန်းကတော့ ပျော်ပျော်ရွှင်ရွှင် ပဲ
ဆယ်ခါ ဆယ့်ငါးခါလောက်ကျတော့
ကောင်လေးချွေးအရမ်းထွက်လာတယ်
လူလည်းအရမ်းပင်ပန်းလာတယ်
ကျောင်းဆင်းချိန် ရောက်ကာနီးတော့
ကောင်လေးကိုခေါ်းပြီး အိုင်တစ်ဖက်ကိုဖြတ်တယ်
ဟိုဖက်ခြမ်းက ချောင်းကလေးမှာ ရေချိုးသန့်စင်ခိုင်းပြီး
ပြန်လွတ်လိုက်တယ်
ပြန်ခါနီး ကောင်လေးကိုမှာလိုက်တယ်
မနက်ဖြန် ကျောင်းမတက်ချင်ရင်လာခဲ့ပါ
မင်းအတွက်ငါ လက်ဆောင်ပေးမယ်
နောက်နေ့ ကြတော့ ကောင်လေးရောက်လာတယ်
အဖြူအစိမ်းလေးနဲ့
လာ ကောင်လေး ထမင်းကြမ်းစား
ဒါမနေ့က မင်းပစ်ခဲ့လို့မိတဲ့ငါးတွေ
ဦးတစ်နေ့ကုန် လုပ်တာ ဒါလေးပဲရတယ်နော်
အေးလေကွာ
ကွန်ဘယ်လောက်ကြီးကြီး
အပြည့်ငြိရိုးမရှိပါဘူး
ကွန်ဆိုတာ အတတ်ပညာတစ်ခုပဲ
ငါးဆိုတာ ကွန်ပစ်သူရဲ့မျှော်လင့်ချက်လေ
လာကျောင်းဖွင့်ဖို့ ၁၅မိနစ်လိုသေးတယ်
မင်းပုဆိုး ခါးထောင်းကျိုက်လိုက်
ပြီးရင် ဒီအိုင်ကိုဖြတ်ပြီးချောင်းနဲ့အိုင်ကြားက
ကုန်းလေးပေါ်တက်
ကောင်လေးမင်းကြည့်စမ်း
ဒီဘက်က ရေအမြဲစီးနေတဲ့ချောင်း
ဒီဘက်ကတော့ ငါ့တို့မနေ့က ကွန်ပစ်ခဲ့တဲ့အိုင်
ရော့ ခွက်နှစ်ခွက်
ချောင်းထဲက ရေကိုခပ်ခဲ့
ပြီးရင်အိုင်ထဲကရေကိုခပ်ခဲ့
မင်းသာရေအရမ်းဆာတယ်ဆိုရင်
ဘယ်ဟာကိုသောက်မလဲ
ချောင်းထဲကရေကိုသောက်မှာပေါ့
သူက စီးဆင်းနေတယ် အေးတယ် ကြည်လင်တယ်
အိုင်ထဲကရေကတော့ ဗွက်ပုပ်နံ့တွေ
သစ်ရွက်ပုပ်တွေနဲ့ နောက်ကျိနေတယ်
မင်းအတွက်ငါပေးတဲ့လက်ဆောင်ပဲကလေး
ပညာသင်တယ်ဆိုတာ စီးဆင်းနေတဲ့ရေလိုပဲ
စိတ်ကို ကြည်လင်စေတယ်
ဘဝကို အေးချမ်းစေတယ်
ကျောက်ဆောင်အခက်ခဲတွေကို
ဖြတ်သန်းနိုင်တယ်
မင်း စီးဆင်းတာကိုရပ်လိုက်တာနဲ့
မင်းဘဝထဲကို သစ်ရွက်ခြောက်တွေကျလာမယ်
ပုပ်လာမယ် အနံ့ဆိုးတွေထွက်လာမယ်
စီးဆင်းခွင့်ရှိနေတဲ့မင်းဘဝကို
ဘာလို့ အပုပ်နံတွေနဲ့ပြည့်စေမှာလဲ
မင်း ခုလို နေနိုင်ပညာသင်နိုင်ဖို့ ရုန်းကန်နေရတဲ့
မင်းမိဘရဲ့အခက်ခဲကိုသိချင်ရင်
သူဆိုင်မှာ တစ်ရက်လောက်လေ့လာကြည့်ပါ
အတတ်ပညာတိုင်းဟာ အသိပညာနဲ့အခြေ ခံရတယ်
ရေပုံးနှစ်ပုံထမ်းတာ အသိပညာမလိုဘူးလို့
မင်းထင်နိုင်ပါတယ်
ရှေ့နောက်ဟန်ချက်ညီအောင် တံပိုးကိုထားပြီးထမ်းတတ်မှ
အဆင်ပြေတာပါ ဒါဟာ ပညာပါပဲ
ရှေ့က အသိပညာဆို နောက်ကအတတ်ပညာပဲ
မင်းရဲ့ကြိုးစားမှုက တံပိုးပေါ့
ဒါကိုသေချာ မဖိတ်မစင်အောင်ထိန်းသိမ်းရမှာ
ထမ်းပိုးနေတဲ့မင်းပါ ကလေး
မင်းငါနဲ့ကွန်ပစ်ချင်သေးလား......။
အတွေးတစ်ခုခုရပါစေ။