My Goal Is To Think And Be Happy

Words
111
Reading
1 min
Listen
Play
4y

ကျွန်တော့်ရည်မှန်းချက် တွေးလျက်နဲ့ ပျော်သည် ပျော်သည်။
ကျွန်တော် အခြေချ နေထိုင်ချင်ရာ ဒေသ သည် ပြင်ဦးလွင် သို့မဟုတ် ကလော ဘက်ပါ။
ကလော ကတော့ ကျွန်တော် လက်ရှိနေရာနှင့် အလှမ်းဝေးသည်။
ပြင်ဦးလွင် က ပိုနီးသည်။
ဒီတော့ ပြင်ဦးလွင် ဒေသမှာ မြေကွက် ဝယ်ယူပြီး အိမ်ဆောက်နေရန် စိတ်ကူးယဉ်ထားတာ ကြာခဲ့ပြီ။
ခုတော့ မျှော်လင့်မထားသည့်အချိန်မှာ ပြင်ဦးလွင်မြို့ အစွန် ရွာလေးတစ်ရွာမှာ မြေကွက် တစ်ကွက် ရရှိခဲ့ပြီ။

ကျွန်တော်က ခြံထဲမှာ နှစ်ထပ်တိုက် နှင့် ရေကူးကန် အပါအဝင် ပန်းခြံ ပါ စိုက်ပျိုးချင်သည်။
သို့သော် ယခု ဝယ်ယူထားသော မြေကွက်အကျယ်ဖြင့် ရေကူးကန် တူးဖော်ရန် မသင့်လျှော်ပါ။
ပြင်ဦးလွင်ဒေသ ဆိုတော့ ရေကူးကန် မရှိလည်း အဆင်ပြေသည်။
ကျွန်တော်ကိုယ်တိုင်လည်း ရေကူးတတ်တာ မဟုတ်ပါ။
ပြင်ဦးလွင် မှာဆိုတော့ မဖြစ်မနေ ရှိမှာက ပန်းခြံ ပါပဲ။
ပန်းခြံ ကိုတော့ အိမ် အဝင်လမ်းဘေး တန်းလျက် စိုက်ပျိုးရမည်။

နှစ်ထပ်တိုက်ကိုတော့ ယခင်က စိတ်ကူးအိပ်မက်အတိုင်း ပုံဖော်လို့ ရနိုင်သေးသည်။
ယခုကာလတော့ မဖန်တီးနိုင်သေးပါ။
တော်လှန်ရေး အောင်ပွဲရပြီး HIVE ဈေး 2$ လောက် ဆိုလျှင်ကို ကျွန်တော့် အိပ်မက်ကို အကောင်အထည် စဖော်ဖြစ်လိမ့်မည်။

ကိုယ်ပိုင်အိမ် နှင့် နေနိုင်သောအခါ Hive Blockchain နှင့် ပတ်သက်ပြီး မိတ်ဆွေတွေ စုဖွဲ့က ပိုမို လုပ်ဆောင်ဖို့ စိတ်ကူးရှိသည်။
ကျွန်တော်၏ ရည်မှန်းချက် ပြည့်မြောက်လိမ့်မည်ဟု ယုံကြည်နေပါသည်။

မိတ်ဆွေတို့ရော အဘယ်သို့ အိပ်မက်နေကြပါသလဲ။

တင်အောင်စိုး

My Goal Is To Think And Be Happy | Ecency