ဆိုခဲစေ မြဲစေ

Words
53
Reading
1 min
Listen
Play
8y

received_2065158073722726.jpeg

စိတ်၏တည်ကြည်ခြင်းအပေါ်တည်၍ နှုတ်ထွက်စကားသည် မှန်ကန်မြဲမြံမှုရှိရမည်။စိတ်နှင့်နှုတ်သည် တစ်သားတည်းဖြစ်ရမည်။စိတ်မပါပဲ နှုတ်မှ အလွယ်တကူ လောကဝတ်အရ ပျူငှါဟန်ပြ၍ ပြောဆ်ုသောစကားသည် တန်ဖိုးမရှိ။ပြောလွယ်ပြီး ပျက်လွယ်ဖန်များလာလျှင် မိမိနှင့် ဆက်ဆံသူတို့သည် စိတ်ပျက်ငြီးငွေ့အထင်သေးကြမည်။လူမှုဆက်ဆံရေး၊စီးပွားရေး၊ပညာရေးတို့၌ပင် ကတိတစ်လုံးတည်ကြည်ရန် အရေးကြီးသည်။

စကားများလွန်းပြီး ကတိမတည်သူသည် တဒင်္ဂတွင် နှစ်သက်ဖွယ်ဖြစ်သော်လည်း ရေရှည်တွင် စိတ်ပျက်ဖွယ်ဖြစ်လာသည်။ထို့ကြောင့် နှုတ်ကို ပေါ့ပေါ့မသုံးသင့်။
အလေးခါးဆောင်ရွက်ပေးနိုင်သည့် စကားကိုသာပြောသင့်ပေသည်။သို့မှသာ ကတိတည်သောသူ၊သိက္ခာသမာဓိရှိသောသူအဖြစ် လူအများရဲ့ လေးစားကြည်ညိုမှုကိုခံရမည်။

မိမိပြောသောစကားသည် မိမိစိတ်ကို ဖော်ပြသည့်အားလျော်စွာ စိတ်ကိုတည်ငြိမ်အောင် ထိန်းသင့်သလို နှုတ်ကိုလည်း ထိန်းသင့်သည်။စီးပွားရေး၌လည်း ပြောသည့်အတိုင်း ကတိတည်သူကို ပို၍ ယုံကြည်မှုများကြပါသည်။"ဆိုခဲစေ မြဲစေ" ဟူသောစကားပုံသည် လူ့ဘဝတလျောက်လုံးအတွက် နေရာတိုင်း၌အဖိုးတန်အသုံးဝင်သည်။လူ့ဂုဏ်သိက္ခာကို မြင့်မားစေသည်။လူအများ၏ယုံကြည်မှုကိုရယူပြီး စိုးပိုင်ခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်နိုင်ပေသည်။

thuzartun@thuzartun
Photo Credit; Facebook image

ဆိုခဲစေ မြဲစေ | Ecency