နာကျင်မှုကို အလွယ်ကူဆုံး ေမာင်းထုတ်နည်း

thura(61)
Published in
#ecency
Words
81
Reading
1 min
Listen
Play
5y

img_0.985293420215286.jpg
https://unsplash.com/photos/xViKfocA-Uc

နာကျင်စရာတွေကို မြင်တွေ့နေရတယ်။

နာကျင်တဲ့ကိစ္စတွေကို တွေးမိနေတယ်။

နာကျင်စရာတွေကို ခံစားနေရတယ်။

တကယ်တော့ နာကျင်တယ်ဆိုတာဟာ စိတ်ကဖြစ်ပေါ်လာတာပါ။

အဲ့ဒီတော့ စိတ်ကအဓိကအရေးကြီးတယ်ပေါ့နော်။

နာကျင်ရတယ်ဆိုတာဟာ မကောင်းပါဘူး။

မကောင်းဘူးဆိုရင် အဲ့ဒီ နာကျင်နေတဲ့စိတ်ကို ဖျောက်ရပါလိမ့်မယ်။

ဘယ်လိုဖျောက်မှာလဲ။

အဲ့ဒီ နာကျင်နေတဲ့စိတ်ကို တစ်ခုခုနဲ့ အစားထိုးပြီး ဖျောက်ရပါလိမ့်မယ်။

အဲ့ဒီတစ်ခုခုက ဘယ်အရာလဲ။

အဲ့ဒါက အလုပ်ပါပဲ။

အဲ့ဒီအလုပ်ဆိုတာနဲ့ ကိုယ့်စိတ်မှာ ဖြစ်ပေါ်နေတဲ့ နာကျင်မှုကို ဖျောက်ရပါလိမ့်မယ်။

အလုပ်အကိုင်တွေမရှိပါဘူးဆိုနေမှ ဘယ်ကအလုပ်ကို လုပ်ရမှာလဲ။

အဲ့ဒီမှာစတွေ့တော့တာပဲ။

အလုပ်ဟုဆိုလိုက်သည်နှင့် လူအများစုက ပိုက်ဆံရမယ့်အလုပ်လောက်ကိုပဲ ပြေးမြင်နေတက်ကြပါတယ်။

ပိုက်ဆံရမယ့်အလုပ်မှ အလုပ်လို့ သတ်မှတ်ထားတာမဟုတ်ဘူးဗျ။

တွေးကြည့်ပါ မြင်ကြည့်ပါ ယခုပဲ ကိုယ့်ရဲ့ မျက်စိရှေ့မှာပဲ လုပ်စရာအလုပ်တွေ တန်းဆီနေတာကို မြင်တွေ့ ​ေတွ့ရှိရပါလိမ့်မယ်။

လက်တွေ့လုပ်ကြည့်လိုက် မိုးလင်းကနေ ညအိပ်တဲ့အချိန်ထိ လုပ်စရာအလုပ်တွေ မပြီးပြက်နိုင်အောင် နောက်ရက် နောက်ရက်များစွာအတွက် လုပ်စရာအလုပ်တွေ ရှိနေမယ်ဆိုတာကို လုပ်ကြည့်မှ တွေ့ရှိပါလိမ့်မယ်။

အဲ့ဒီလိုသာ လုပ်ကိုင်ကြည့်လိုက်မယ်ဆိုရင် နာကျင်မှုဆိုတဲ့စိတ်ကလေးဟာ ကိုယ့်ရဲ့အတွေးအာရုံထဲသို့ ဝင်ရောက်နိုင်ဖို့ အချိန်တောင် ရှိမှာမဟုတ်ပါဘူး။

အဓိကအရေးကြီးဆုံးက အဆက်မပျက်လုပ်နေဖို့တော့လိုအပ်ပါလိမ့်မယ်။

အဲ့ဒါ နာကျင်မှုဆိုတဲ့စိတ်ကို ပျောက်အောင် ဖျောက်တဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။

ဒီလောက်ပါပဲ ပေရှည်နေရင် နောက်တစ်ပိုင်းဆက်နေရလိမ့်မယ်။
thura@thura

နာကျင်မှုကို အလွယ်ကူဆုံး ေမာင်းထုတ်နည်း | Ecency