https://unsplash.com/photos/r_8uWsy3QT8
ငယ်ငယ်က အိပ်ရာဝင်တိုင်း ပုံပြင်လေးတွေကို နားထောင်ပြီး အိပ်လေ့ အိပ်ထရှိခဲ့တယ်။
အဲ့ဒီပုံပြင်များစွာထဲက ဂလုံတစ်ကောင်ဟာ ဆားချက်သောဘဝနဲ့ လူအသွင်ဖန်ဆင်းပြီး နဂါးကိုဖမ်းဖို့အတွက် ယနေ့အချိန်ထိ ရှိနေသေးကြောင်း လူကြီးတွေပြောတာ သိခဲ့ရတယ်။
ပြောချင်တာက ကျွန်နော်လည်း လုပ်ရကိုင်ရတာ သိပ့်ပြီးအဆင်ပြေတော့ ဂလုံတစ်ကောင်လိုပဲ နဂါးဖမ်းဖို့အတွက် ဆားချက်ရင်း စောင့်ဖမ်းရတော့မယ်ထင်ပါတယ်။
ရေထဲက နဂါးကတော့ ဂလုံကသူ့ကို စောင့်ဖမ်းမယ့်အကြံကို သိနေလို့လာတော့မသိဘူး ယနေ့အချိန်ထိပေါ်မလာခဲ့သေးပါဘူး။
အကြံဆိုတာမျိုးကလည်း လုပ်ရကိုင်ရတာ အဆင်မပြေတော့တဲ့ အချိန်မှ စဥ်းစား တွေးတောတက်တာဆိုတော့ နောက်ဆုံး လုပ်စရာမရှိရင် ဂလံုလိုပဲ ဆားချက်မယ်ပေါ့ဗျာ.......
@thura