လူဟာ မိမိစိတ်ထဲရှိ့တဲ့အတိုင်းသူတစ်ပါးကို စဉ်းစားတွေးတော ပြီး ကိုယ့် အတွေးအတိမ်အနက် နဲ့ ခန့်မှန်း ခြေ တေ နဲ့ ပြုမူ ပြောဆို တတ် ကြ ပါ တယ်..ကိုယ်တိုင်သူခိုးဆိုရင် သူဟာ တစ်ပါးသူကိုလည်းသူခိုးလို့ပဲ ထင် တတ် တာ ဖြစ် တတ် တဲ့သဘောတရား ပါ...ကိုယ်တိုင်လူကောင်းဆို..သူတစ်ပါးကိုလည်လူကောင်းလို့ထင်မှာပါ..မိဘတွေဆုးံမ စကားကို သတိယလာတယ်မျက်စေ့၂လုံးက တစ်လုံးသည် ကိုယ့်အပြစ်ကို ကြည့်ဖို့ ဖြစ်တယ်..ကျန် တစ်လုးံက.. အပြင်လောက ကို အကောင်တရားဘက်က မြင်တတ်ဖို့ ..အရေးကြီးပါတယ်တဲ့ အဆင်မပြေတာတွေကို ရင်ဖွင့်မနေပါနဲ့။ သူ့မှာလည်း ကိုယ့်လိုပဲ ဒုက္ခတွေနဲ့မို့ပါ။ ကိုယ့်ဒုက္ခက မိုးလောက်မြင့်သလို သူ့ဒုက္ခကလည်း ပင်လယ်လောက် နက်ရှိုင်းပါတယ်။ ကိုယ့်ဆန်အိုးထဲ ဆန်မရှိဘူး။ အဲ……သူ့ဟင်းအိုးမှာလည်း ဆီမရှိဘူး။ ထုတ်မပြောဖြစ်တဲ့ ရင်ထဲက သောကတွေမှာ တူညီသူအချင်းချင်း ဖေးမရိုင်းပင်းပါ။
သူ ငါ့ကိုမေ့နေပြီလို့ ထင်တတ်ကြပါတယ်။ အမှန်က ဧည့်ဝတ်မကျေမှာစိုးတာကြောင့် ခပ်ခွါခွါလေး နေနေတာပါ။ ကိုယ့်အနားကို မကပ်ချင်ဘူးဆိုတာထက် ကိုယ့်ဆီကို အပူတွေ ကူးမှာစိုးတာကြောင့် အဝေးကနေ အားပေးနေကြတာပါ။ သူလည်း ကိုယ့်လိုပဲ အားတင်းလျှောက်ပြီး မချိတင်ကဲ ပြုံးနေရတာဖြစ်ကြောင်း စာနာနားလည်ပေးပါ။ကိုယ့်မှာ သောကရှိပေမယ့် သူ့ကို အားပေးဖို့လည်း သတိရပါ။ သံသရာမှာ အားလုံးက ဘဝရောဂါသည်တွေ။ အချင်းချင်း စည်းလုံးပါမှ အဆိုးလောကဓံတွေကို ခံနိုင်ရည်ရှိမှာလေ။ အမှတ်မထင် ဘယ်သူကစပြီး ရင်ဖွင့်မိသည်ဖြစ်စေ စိတ်ဝင်တစား နားထောင်ပါ။ ဒါက သူ့ကို ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုပါ။
ကိုယ့်ပျော်ရွှင်မှုကို မျှဝေပါ။ သူ့ပျော်ရွှင်မှုကို ကြည်နူးပါ။ ဘဝဟာ နိစ္စဒူဝကိစ္စတွေနဲ့ နပန်းလုံးနေရတာဖြစ်တဲ့အတွက် ပျော်ရွှင်စရာ နည်းပါးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်မှာ ဘာမဟုတ်တဲ့ အဆင်မပြေမှုတွေကို ဖလှယ်ရင်း စိတ်ညစ်ညူးစွာ ဖြတ်သန်းရတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။
ကိုယ့်ကိုယ်ကို တန်ဘိုးထားပါ။ ကိုယ့်မိသားစုကို တန်ဘိုးထားပါ။ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဘိုးထားပါ။ ကိုယ့်မိတ်ဆွေတွေကို တန်ဘိုးထားပါ။ လောကကြီးကို တန်ဘိုးထားပါ။ အားလုံးက တစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်အတွက် အရေးပါသူတွေ ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံး ကိုယ်မုန်းနေတဲ့သူကလည်း ကိုယ့်ကိုသင်္ခန်းစာတွေ ပေးနေသူဖြစ်တာကို နားလည်ပေးပါ။
လူ့ဘဝ တစ်ခဏတာအချိန်လေးမှာ တစ်ဦးနဲ့တစ်ဦး ဘာမှမပေးနိုင်ရင်တောင် နားလည်မှုတော့ ပေးနိုင်ပါစေ။ မတော်တဆ ကိုယ်က ပြုမိတဲ့အမှားကို ဝန်ခံပါ။ သူပြုမိတဲ့ အမှားကိုလည်း ခွင့်လွှတ်ကျေအေးပါ။ အချစ်ကို မပေးနိုင်လည်း အမုန်းတော့ မယူမိပါစေနဲ့။ သူလည်း ဒုက္ခသည်၊ ကိုယ်လည်း ဒုက္ခသည် ဒုက္ခသည်အချင်းချင်း မာန်တင်းနေတာဟာ ထပ်ဆောင်းဒုက္ခကို ထပ်ရှာတာပါပဲ။ နောင်နှစ်ပေါင်း(၃၀)အတွင်း သူရောကိုယ်ပါ ပျောက်ကွယ်သွားရမယ့် အငွေ့အသက်လေးတွေပါ။ ဒီကမ္ဘာမြေမှာ ကံတရားကလွဲရင် ကျန်တာမှန်သမျှ ယာယီပိုင်ဆိုင်မှုပါ။ ကံဆီကနေ ငှါးတယ်။ ပြီးတော့ ကံတရားထံ ပြန်လည်အပ်နှံရတယ်။ ကိုယ်မပိုင်တဲ့ အရာတွေကို အကြောင်းပြုပြီး မာနတွေ အတ္တတွေ ပွားနေတာဟာ သူများဓားကို ခိုးပြီး ကိုယ့်ကိုယ်ကို ပြန်ထိုးတာနဲ့ အတူတူပါပဲ။
ဘဝဟာ မွေးဖွားခြင်းက စပြီး သေဆုံးခြင်းမှာ ဆုံးတယ်။ ကြားကာလမှာ အားလုံး ရုန်းကန်ကြရတယ်။ လောကဓံ(၈)ပါးကို ကြုံရတယ်။ သုခ,ဒုက္ခကို ဆုံရတယ်။ မရှိခြင်းကနေ ရှိခြင်းကို ဖန်တီး၊ ပြီးတော့ မရှိခြင်းဆီ ပြန်သွားရမယ့် ခရီးမှာ သူသူငါငါ ပြိုင်မနေဘဲ နားလည်ပေးတတ်တဲ့စိတ်နဲ့ အနိုင်ပေးလိုက်ပါ။ တကယ်တော့ သူလည်း မနိုင်၊ ကိုယ်လည်း မရှုံး၊ နိဂုံးလှရင် အားလုံးကျေပါတယ်။မလွယ် ပါဘူး.....လွယ်မလိုနဲ့ခက် တိမ်မလိုနဲ့နက် ဆိုတဲ့...အရာတွေထဲက ပို ခက်ခဲသောအရာများ လို့ အောက်ပါ အချက် လေးတွေကို တွေး ထင်မိပါတယ်....
မိတ်ဆွေ ဖွဲ့ရတာ အရမ်းလွယ်ကူ ပါတယ်.. ဒါပေမဲ့ ထိန်းသိမ်းရတာ အရမ်းခက်ခဲတယ်......လူတစ်ယောက် ကို ချစ်ရတာ အရမ်း လွယ်ကူ ပါတယ်..ဒါပေမဲ့ အချစ် စစ် ကို ရဖို့ အရမ်းခက်ခဲ ပါတယ်....ယုံကြည်မှု ကို ချိုးဖျက်ရတာ အရမ်း လွယ်ကူတယ်
ယုံကြည်မှု ရဖို့ အရမ်းခက် ခဲ ပါတယ်...လူတစ်ယောက် ကို သတိရတာ အရမ်း လွယ်ကူတယ်...ဒါပေမဲ့ မေ့ပြစ်ဖို့ အရမ်းခက် ခဲတတ် ပါတယ်....လိမ်ညာ ပြောရတာ အရမ်းလွယ်ကူတယ်..ဒါပေမဲ့ အမှန် တရားစကားနားထောင်ရတာ ခက်ခဲ ပါတယ်....လူတယောက်ကိုငိုအောင်လုပ်ရတာလွယ်ကူတယ်....
ဒါပေမဲ့ ရယ်အောင်လုပ်ဖို့ အရမ်းခက်ခဲပါတယ်..
အာကြောင့် ဟာသ ပညာရပ်ကို အထင်မသေး မိပါစေနဲ့..
လောက မှာ ဘယ်သူအကူအညီ မှ ယူစရာမလို ဘဲ အလွယ်ကူ ဆုးံသော အလုပ် ဟာသေခြင်း တရား ဖြစ်ပြီး....
လောက မှာ တဦးတယောက် နဲ့အတူတူ ...
ရှင်သန်နေရတာ အခက်ခဲဆုးံ ဖြစ်ပါတယ်...