မညာ ပါ နဲ့နွေ.....
နွေမရောက်သေးပါဘူး.
သရက်ဖူး တေ ဝေစည် နေဆဲပါ..
ကံကော်ထက်မှာ နှင်းစက်လက်ကျန်လေးတေ
မြင် မိ နေတုန်းဘဲ...
အင်းယား လေညင်းထဲ ဆောင်းရနံ့တေ အငွေ့ပျံ ပျော်ဝင် နေဆဲ...ပါ
ကိုယ် နဲ့မြက်ခင်းစိမ်းတေကြား နှင်းငွေ့ ပါးပါး တစ်ချပ် ကာရံထား ဆဲလေ...
မညာပါနဲ့ နွေရယ်..
နွေမရောက်သေးပေမယ့် ...
ကိုယ့် အခန်း လေး ...
အနီးအနားကသစ်ပင်ပေါ်မှာတော့
ဥသြငှက် လေး တစ်ကောင်က..
သာယာတဲ့အသံနဲ့နွေဦးကိုကြိုနေခဲ့ပြီ...လေ
Morning par..ဥသြ လေးရယ်..
နံနက်ခင်းမှာဝေနေခဲ့တဲ့နှင်းတွေတောင်မစဲသေးပါဘူး..
ဥသြလေး..
နွေဦးတောင်မရောက်သေးဘဲ..နဲ့ များ
လွမ်းတေးတွေကိုဘာကြောင့်များ..,
သီဆိုနေခဲ့တာလဲ ....
ရင်နင့်မမျှလွမ်းစရာတွေကြုံခဲ့ရလို့လား..
မေး လိုက်ချင် ရဲ့...
မင်းဘဝမှာနာကျင်စရာတွေကြုံခဲ့ရင်တောင်..
နွေဦးရောက်ခါမှ...
လွမ်းတေးတွေကိုသီးကျူးပါလေ
သာယာလွန်းတဲ့သင့်ရဲ့အသံကြားရတိုင်း
နှောင်းဖြစ်ဟောင်းတွေကိုပြန်ပြောင်းသတိရလွန်းလို့ပါ..
လူ့ ဘဝမှာ လွမ်းစရာတွေများခဲ့တော့...
အတိတ်ရဲ့ လွမ်းစရာနေ့ရက်တွေကို
ပြန်ပြီးသတိတရ ဖြစ် မိအောင် ...
ဥသြငယ်လေးရယ်.....မင်း
အစ မဖော်ပါနဲ့လား.,