အားနည်းချက်...လူတစ်ဦး တစ်ယောက် ဆီ မှာ အားနည်းချက် အားသာ ချက် ဆိုတာ ရှိကြပါတယိ ငါမှာ အားနည်းချက်တေ များ ပါလား ဆိုပြီးလဲ..စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး....လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြတာပါဘဲ အနည်းအများသာ ကွာ ခြား တာပါ .အဓိက မိမိအားနည်းချက်ကို လူတိုင်းအပေါ် ထုတ်ပြောနေဖို့သာ မလိုအပ်ပါ.......ဘူးလူတိုင်း ရဲ့ စိတ် နဲ့ လဲ မနှိုင်းယှဉ် မိပါစေ နဲ့မိမိရဲ့အားနည်းချက် ဘလဲဆိုတာ သိချိန် တဦးနဲ့တဦး အမြင်ကြည်ချိန်မှာသာ ...ဖေးမစရာ ကူညီစရာ သနားစရာ ဖြစ် နေတတ်ပါ...တယ်
တစ်ဦး နဲ့ တစ်ဦး အခန့် မသင့် လို့အဆင်မပြေ ဖြစ် တဲ့တစ်ချိန် ..မှာကဲ့ရဲ့စရာ နိမ့်ချစရာ အပြစ်ပြောစရာ အတင်း အဖျင်းတွေ ဖြစ်သွားပါလိမ့်မယ်....အဲဒါကြောင့် ...မိမိအားနည်းချက်ကို လူတိုင်းအပေါ် ထုတ်မပြောမိပါစေနဲ့..တခါတရံ ကိုယ်ဘက်ကပွင့်လင်းတယ် အရှိကို အရှိအတိုင်း ပြောတတ်တယ်ဆိုပေမဲ့..တစ်ဖက်သူအတွက်က အထင်သေးစရာ ဖိနှိပ် အနိုင်ယူ ဖို့ အားနည်းချက် ဟာ ကွက် ရသွား သလို ကိုယ့် အတွက် ကြုံ တွေ ရတတ်ပါတယ်..လူ့ပါးစပ်ပေါက်ဆိုတာ လိုသလို အမျိုးမျိုးထွက်ဆိုလို့ရတဲ့ အရာတခုပါ...စကားကို လိမ်ပြောမယ် ချဲ့ကားပြောမယ် လိုသလိုဆွဲပြောမယ် အဲ့ဒီအခါ မိမိအားနည်းချက်ဟာလည်း ပုံစံအမျိုးမျိုး ပြောင်းလဲလာပါလိမ့်မယ်....
ကိုယ့်ပါးစပ်တောင် ကိုယ်မထိန်းနိုင်တာ သူတပါးပါးစပ်ကို ထိန်းသိမ်းဖို့ဆိုတာ မလွယ် ကူ ပါဘူး ဒါကြောင့် မိမိအားနည်းချက်ကို မလိုအပ်ဘဲ ထုတ်ဖော်မပြောသင့်ပါဘူး လိမ်ထားရမယ်လို့လည်း မဆိုလိုပါဘူး...လူတိုင်းဟာ ကိုယ့်လိုစိတ်ရှိသူတွေ မဟုတ်ကြပါဘူး..ကိုယ်ဟာကိုယ်စိတ် ..ဖြစ်သလို
သူဟာသူစိတ် ဘဲ ဖြစ်ပါ တယ်..ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရ တဲ့ ခေတ် ဆိုး ထဲ ဖြတ်သန်း နေ ကြရသူတေမဟုတ်ပါလား... အဲဒီ လို ကြုံတွေ့ နေရတဲ့ ဘဝမှာ အတတ် နိုင်ဆုးံ ကိုယ့်ဘက်က ရိုးသား စွာ ပြောဆို ဆင်ခြင် နေထိုင် သင့် ပါတယ်