ဝါးလုံးရှည်​နဲ့ မရမ်းမိပါ​စေနဲ့

Words
246
Reading
2 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

အရင်​ဆို post​တွေ တစ်​​နေ့တစ်​ခု တင်​ဖြစ်​တယ်​။အခု​နောက်​ပိုင်း​တော့ မတင်​ဖြစ်​ဘူး။အ​ကြောင်းပြချက်​​တွေ အများကြီးနဲ့ မ​ရေးဖြစ်​ဘူး​ပေါ့​နော်​။ဒီ​နေ့​တော့ pro တင်​ရမယ့်​ ​ရက်​ရောက်​လို့လာပြန်​ပြီ​လေ။proအတွက်​ ဘာတင်​ရင်​​ကောင်းမလဲဆိုပြီး စဉ်းစားလာတာ ၂ရက်​​လောက်​ရှိပြီ။ကိုယ်​တင်​မယ့်​ post​လေး တစ်​ခုက အနည်းဆုံး​သော အသိ​ပေးတာ​လေးဖြစ်​ဖြစ်​၊အကြံ​ပေးတာ​လေးဖြစ်​ဖြစ်​ စာဖတ်​သူ​တွေကို တိုး​စေချင်​တာ အမှန်​ပါ။အခုလည်း တင်​ဖို့စဉ်းစားရင်း ​ခေါင်းစဉ်​​လေးတစ်​ခု မ​နေ့က ရလိုက်​တယ်​။

ကျွန်​မတို့​တွေအားလုံးမှာ ကိုယ်​စီ အခက်​အခဲ၊ပြသာနာဆိုတာ ရှိကြမြဲပါ။ပြသာနာချင်းတူချင်​မှ တူလိမ့်​မယ်​ ခံစား​နေရတဲ့ စိတ်​​ဝေဒနာ​တွေကလည်း အနည်းအများကွာပြီး ​ပေါက်​ကွဲတတ်​ကြလိမ့်​မယ်​။နေ့စဉ်​နဲ့အမျှ ပြသာနာဆိုတာ​တော့ တစ်​ခုမဟုတ်​တစ်​ခု ဖြစ်​ကြမှာပဲ။တစ်​ခုခု သ​ဘောထားချင်းလွဲတာ၊စကားပြိုင်​လုပြီး တစ်​​ယောက်​နဲ့တစ်​ယောက် စကားများ ရန်​ဖြစ်​ကြတာမျိုး၊အတိုင်​အ​ပေါက်​​တွေမညီဘဲ စိတ်​ဆိုးကြတာမျိုးစသည့်​ ကိစ္စ​သေး​သေး​လေး​တွေကအစ စိတ်​အ​နှောင့်​ယှက်​ဖြစ်​ကြမိမှာ ​သေချာပါတယ်​။

FB_IMG_1531394276113.jpg
Image source

သူငယ်​ချင်း​တွေ အချင်းချင်းကြားမှာ၊မိဘနဲ့သားသမီးကြားမှာ ၊ဇနီး​မောင်​နှံ​တွေကြားမှာ နားလည်​မှု​လေး​တွေလွဲကြမယ်​။စိတ်​​တွေဆိုးကြမယ်​။ဟုတ်​တယ် အဲ့လိုေ​​တွ​ ဖြစ်​ကြတာကို မဖြစ်​ပါနဲ့လို့ ​ပြောပိုင်​ခွင့်​မရှိဘူး၊​ဝေဖန်​ပိုင်​ခွင့်​မရှိဘူး။ အပြစ်​မြင်​လို့လည်း မရဘူး။ဒီလို စိတ်​အ​နှောက်​ယှက်​​တွေ၊စိတ်​ဆင်းရဲစရာ​လေး​တွေက မထင်​မှတ်​ဘဲဝင်​လာတယ်​။ကိုယ်​က လုပ်​ယူထားတာ မဟုတ်​သလို ဘယ်​ချိန်​ဖြစ်​မလဲဆိုတာကိုလည်း ကြိုမသိထားနိုင်​ဘူး။သူ့ဘာသာ ဝင်​လာတတ်​တဲ့ စိတ်​ခံစားချက်​​တွေဆို​တော့ ဖြစ်​တဲ့သူကို အပြစ်​တင်​လို့မရပြန်​ဘူး။

ဒါ​ပေမယ့်​ သတိ​ထားစရာ တစ်​ခု​တော့ ရှိတယ်​။ကျွန်​မတို့​တွေက စိတ်​ခံစားချက်​​တွေကို ​ရော​ထွေးတတ်​ကြတယ်​။ကိုယ့်​မှာ ပြသာ​နာလေးတစ်​ခုရှိပြီဆိုတာနဲ့ စိတ်​မကြည်​​တော့ဘူး။လူတစ်​​​ယောက်​နဲ့ ပြသနာတက်​ပြီဆိုတာနဲ့ အခြားလူ​တွေ​ပေါ်မှာ တက်​​ရောက်​တတ်​ကြတယ်​။ပြောရရင်​ ဝါးလုံးရှည်​နဲ့ သိမ်းရမ်း တာမျိုး​ပေါ့။အဲ့တာ အ​တော်​ဆိုးတဲ့ ဖြစ်​ရပ်​တစ်​ခုလို့ ကျွန်​မက​တော့မြင်​တယ်​။ ကိုယ်​ကပြသာနာတက်​လာတာက အခြားတစ်​​ယောက်​နဲ့ စိတ်​ညစ်​၊စိတ်​တို​နေတာကို ဘာမှန်းမသိ ၊ဘာမပြစ်​မှမရှိတဲ့ အခြားတစ်​​ယောက်​​ပေါ်မှာပါ ​ဒေါသ​တွေဖြစ်​၊အ​ကောင်းမမြင်​တာမျိုး​တွေ ဖြစ်​တတ်​တဲ့သူ​တွေအများကြီးပါ။

တကယ်​ပြင်​ရမယ့်​ အချက်​ပါ။ခင်​ဗျားတို့သာ ကိုယ့်​ကဘာမှမလုပ်​မိဘဲနဲ့ နှုတ်ဆက်​တာ​တောင်​ သူ့မှာစိတ်​ညစ်​​နေလို့ စကား​ကောင်း​ကောင်းပြန်​မ​ပြောတာမျိုး၊မျက်​နှာကြီးပုပ်​သိုးပြီး မတူသလို မတန်​သလို ဆက်​ဆံခံရရင်​ ဘယ်​လိုခံစားရလဲ သိကြမှာပါ။အားလုံးမှာ ကိုယ်​ဆီပြသာနာရှိကြတာပဲ။ဒါ​ပေမယ့်​ မ​ရော​ထွေးပါ​စေနဲ့။ တစ်​​ယောက်​နဲ့ဖြစ်​လာတဲ့ စိတ်​ခံစားချက်​ကို အခြားသူ​တွေ​ပေါ်မှာ မတက်​​ရောက်​ပါ​စေနဲ့။ အရမ်းကြီးမကြီးကျယ်​တဲ့ ကိစ္စ​တွေဆို အပြီးပြတ်​​အောင်​ တခါတည်းရှင်းခဲ့ပါ။တစ်​ခါတစ်​​လေ သ​ဘောထားကွဲလွဲမှု​လေး​တွေကို နားလည်​​သော မျက်​စိနဲ့ကြည့်​​ပေးပါ။

FB_IMG_1531394187478.jpg
Image source

လောကမှာ မိတ်​​ဆွေ​ကောင်းဆိုတာ ရှားတယ်​။ကိုယ်​က​ကောင်း​ပေမယ့်​ သူကပြန်​မ​ကောင်းတာမျိုး​တွေ အများကြီးပါ။ကိုယ့်​ဘက်​က ​ပေးဆပ်​​ပေမယ့်​ ဘာမှ ပြန်​မရတာမျိုး​တွေ ကြုံဖူးလိမ့်​မယ်​။ဒါ​ကြောင့်​ ကိုယ့်​မှာရှိပြီးသား၊ပိုင်​ဆိုင်​ပြီးသား မိတ်​​ဆွေ​တွေကို မဆုံးရှုံးပါ​စေနဲ့။အပြန်​အလှန်​ နားလည်​မှု​တွေထားပါ။ပြသာနာတစ်​ခုကို ရှင်းလင်း​တဲ့အထိ ထိပ်​တိုက်​​ဖြေရှင်းပါ။ဒါ​ကြောင့်​ ဘာမဟုတ်​တဲ့ ကိစ္စ​လေး​တွေ၊စိတ်​ခံစားချက်​​လေး​တွေ​ကြောင့်​ ​နောင်​တ​တွေမရချင်​ပါနဲ့။ကိုယ်​ဘက်​မှာ ပြသာနာနည်းနည်းရှိလို့ပဲဖြစ်​ဖြစ်​၊အကြီးကြီးပဲဖြစ်​ဖြစ်​ သူ့​ကြောင့်​မဟုတ်​ရင်​ မဆူမိပါ​စေနဲ့၊မ​အော်​မိပါ​စေနဲ့၊အခြားသူ​တွေ​ကြောင့်​ ရလာတဲ့ စိတ်​ခံစားချက်​ကို သူ့အ​ပေါ်မပုံချပါနဲ့။သူမှာ ဘာအပြစ်​မှမရှိဘူး။သူ ခင်​ဗျားပြသာနာကို သူမသိရှာဘူး။အပြစ်​ကင်းတဲ့ လူတသ်​​ယောက်​​ပေါ်မှာ ဝါးလုံးရှည်​နဲ့ သိမ်းမရမ်းမိပါ​စေနဲ့။

FB_IMG_1531394153883.jpg
Image source

အားလုံးမှာ မာနဆိုတာရှိကြမှာပါ။အဲ့မာန​လေး​တွေက ခင်​ဗျားတို့ သံ​ယောဇဉ်​ ကို တဖြည်းဖြည်း နဲ့ တိုက်​စားသွားနိုင်​တယ်​။အချင်းချင်း သ​ဘောထားကွဲလွဲတယ်​ စကား​တွေများကြတယ်​၊စိတ်​​တွေဆိုးကြတယ်​။အဲ့လိုနဲ့ သူကစကားစ​ပြောမှ ​ပြောမယ်​၊ကိုယ်​က စကားစမ​ပြောဘူး စသဖြင့်​ မာန​လေး​တွေထားကြလိမ့်​မယ်​။အဲ့လိုနဲ့ တစ်​​ယောက်​အ​ခေါ် တစ်​​ယောက်​​စောင့်​​နေရင်း တကယ်​စိမ်းသွားတတ်​ကြတယ်​။ဒါ​ကြောင့်​ မိတ်​​ဆွေ​တွေကို မဆုံးရှုံး ​​အောင်​ သတိထားဆင်​ခြင်​ပါ။

FB_IMG_1531394798100.jpg

ကျွန်​မတို့​တွေ ခံစားချက်​​တွေကို မ​ရော​ထွေးတာ အ​ကောင်းဆုံးပါ။တစ်​​ယောက်​​ကြောင့်​ဖြစ်​လာတဲ့ စိတ်​ဆိုး၊စိတ်​​ကောက်​တာ​လေးကို အခြားလူ၁၀၀​ပေါ်မှာ မတက်​​ရောက်​ပါ​စေနဲ့။အခြားလူ ၁၀၀နဲ့ မဆိုင်​ဘူးဆိုတာ သတိရပါ။တကယ်​​တော့ လူကိုထိန်းတာ စိတ်​၊စိတ်​ကိုထိန်းတာလည်းလူပဲ။ကိုယ့်​စိတ်​ကို မလွှတ်​​အောင်​ သတိတရားဆိုတာ ရှိဖို့လိုတယ်​။အဲ့သတိတရားကပဲ အမှားနည်း​စေတယ်​။အမှားနည်းတဲ့လူတစ်​​ယောက်​မှာ စိတ်​ဆင်းရဲမှု ဖြစ်​စရာ ရာခိုင်​နှုန်း နည်းတယ်​။စိတ်​မဆင်းရဲရင်​ လူက အလိုလိုတက်​ကြွပြီး အားလုံးနဲ့သဟဇာတ ဖြစ်​​စေတယ်​။အားလုံးနဲ့ သဟဇာတ ဖြစ်​ရင်​ ခင်​ဗျားက လူ​တောတိုးဖို့ မ​ကြောက်​​တော့ဘူး။အားမငယ်​​တော့ဘူး။လူ​တောတိုးရင်​ လူရာဝင်​ပြီ။လူရင်​ဝင်​တဲ့ သူတစ်​​ယောက်​ဟာ ​အောင်​မြင်​ဖို့ လမ်းစ​တွေရှိ​နေပြီ။အောင်​မြင်​သူတစ်​​ယောက်​ဖြစ်​ဖို့ ​ခြေလှမ်း​တွေ အား​ကောင်း​နေပြီ​ပေါ့။

လူ​တွေက တစ်​ခုခုဆို ဝါးလုံးရှည်​နဲ့ ရမ်းတတ်​ကြတယ်​။မိန်းက​လေးတစ်​​ယောက်​ မဟုတ်​တာ​တွေလုပ်ပြီးရင်​ အားလုံးကို အဲ့လိုထင်​ချင်​ကြတယ်​။ရဲတစ်​​ယောက်​ အကျက့်​ပျက်​ရင်​ ရဲတိုင်းအကျင့်​ပျက်​တယ်​ထင်​ကြတယ်​။ယောကျာ်း​လေးတစ်​​ယောက်​ ဆိုးသွမ်းရင်​ သူနဲ့​ပေါင်းတဲ့အားလုံးကို အဆိုးအ​ပေ​တွေလို့ထင်​မြင်​ကြတယ်​။အားလုံးကို သိမ်းပြီးမထင်​ပါနဲ့၊မ​ပြောပါနဲ့။အားလုံးက မတူကြပါဘူး။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။ကိစ္စတစ်​ခုခု၊ပြသာနာတစ်​ခုခု ကို ဝါးလုံးရှည်​နဲ့ သိမ်းမရမ်းမိပါ​စေနဲ့။ ပိုင်​ဆိုင်​ပြီးသား မိတ်​​ဆွေ​တွေကို မဆုံးရှုံးမိပါ​စေနဲ့။နားလည်​​သော နှလုံးသားတစ်​စုံ ရှိတဲ့ လူတစ်​​ယောက်​ဖြစ်​​အောင်​ ကြိုးစား ပါလို့ တိုက်​တွန်းရင်း အဆုံးသတ်​ပါရ​စေ။

thithisann@thithisann
Author Thi Thi San
Msc 262

ဝါးလုံးရှည်​နဲ့ မရမ်းမိပါ​စေနဲ့ | Ecency