ချစ်​စရာဓ​လေ့

Words
187
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

မ​နေ့က ​ကျောင်းအ​စောကြီးဆင်းလို့ သူငယ်​ချင်း​တွေ စုပြီစဘယ်​သွားကြမလဲတိုင်​ပင်​ကြတယ်​။နေရာ​တွေ​ပေါ​ပေမယ့်​ သွားမယ့်​အချိန်​က ၂နာရီ​လောက်​ဆို​တော့ ပူလွန်း​နေတယ်​​လေ။ဝေး​ဝေးလံလံလည်းမသွားချင်​ကြ​တော့ နီးနီးနားနားက ဘုရားပဲသွားမယ်​လို့ဆုံးဖြတ်​လိုက်​ကြတယ်​။ နာမည်​ကြီးဘုရားတစ်​ဆူဆိုလည်း မမှားပါဘူး။နိုင်​ငံခြားဧည့်​သည်​​တွေအ​တော်​များများလည်း လာ​​ရောက်​လည်​ပတ်​​တဲ့ မန္တ​လေး မြို့ကြီးက နာမည်​ကြီးသမိုင်းဝင်​ဘုရားတစ်​ဆူဖြစ်​တဲ့ ကုသိုလ်​​တော်​ပဲဖြစ်​ပါတယ်​။

IMG_20180809_175409.JPG
Image source

ဘုရားဆူ​တွေအများကြီးရှိပြီး​အေးချမ်း ပြီး​နေလို့ ၊အပန်း​ဖြေလို့​ကောင်းတဲ့​နေရာပါပဲ။လည်​စရာပတ်​စရာအများကြီးမရှိလှ​ပေမယ့်​ ကြည့်​စရာရှုစရာဘုရား​တွေက​တော့အများကြီးပါ။အဓိကက​တော့ ဓာတ်​ပုံရိုက်​လို့ အ​တော်​​လေး view​ကောင်းတဲ့​နေရာ​တွေ​ပေါပါတယ်​။ခ​ရေပင်​ကြီး​တွေ​အောက်​မှာ အပန်း​ဖြေရင်း စကား​လေး​တွေဝိုင်းဖွဲ့ပြီး​ပြော​နေရတဲ့အရသာကဘာနဲ့မှမလဲနိုင်​သလို အချိန်​​တွေ​တောင်​ ကုန်​မှန်းမသိ​လောက်​​အောင်​ ​မေ့​မျောသွား​စေနိုင်​တာအမှန်​ပါ။ကြာပန်း​တွေကလည်း အခြားဘုရား​တွေမတူ ​ပေါလွန်းလှပါတယ်​။ဈေးသည်​မ​ချော​ချော​လေး​တွေက ကြာပန်းစီး​လေး​တွေကိုင်​ပြီး ဆိုင်​ကယ်​ရပ်​နားတဲ့​နေရာတို့၊ကားရပ်​နားတဲ့​နေရာအထိ လိုက်​​ရောင်းကြတယ်​။ကြာပန်း​တွေဝယ်​ပြီး ဓာတ်​ပုံရိုက်​ချင်​သူများလည်း အလှတိုးပြီး ပုံ​ကောင်း​ကောင်းရနိုင်​ပါတယ်​။

IMG_20180809_175459.JPG
Image source

နောက်​ပြီး ကုသိုလ်​​တော်​ဘုရားဆိုတာနဲ့ တွဲလျက်​​ပြေးမြင်​မိတဲ့ချစ်​စရာဓ​လေ့တစ်​ခုလည်းရှိပါတယ်​။အဲ့ဒါက​တော့ သနပ်​ခါးလိမ်းတဲ့ ဓ​လေ့ပါပဲ။က​လေးမငယ်​ငယ်​​လေး​တွေ၊အမကြီး​တွေ၊​ကောင်​​လေးငယ်​​လေး​တွေ၊အကိုကြီး​တွေ​ပါ လာသမျှဧည့်​သည်​ ကို သနပ်​လိမ်းလို့ရပါတယ်​ ဆိုပြီး အပြိုင်​​အော်​ကြမှာအ​သေအချာပါပဲ။ ​စေတနာရှိသ​လောက်​ပိုက်​ဆံ​ပေးပြီး သစ်​ရွက်​ပုံသနပ်​ခါး​​လေး​တွေ လိမ်း​ပေးကြတဲ့ ချစ်​စရာအပြုအမူ​လေးပဲဖြစ်​ပါတယ်​။သစ်​ရွက်​ပုံသနပ်​ခါး​လေး​တွေနဲ့ သူငယ်​ချင်းအစုလိုက်​ပဲဖြစ်​ဖြစ်​ ၊မိသားစုလိုက်​ပဲဖြစ်​ဖြစ်​ ​ပျော်​ရွှင်​ဖွယ်​ group photo ရိုက်​လို့လည်းရပါ​သေးတယ်​။ တကယ်​ကို သမိုင်းဝင်​တဲ့ဘုရားမှာ ချစ်​စရာဓ​လေ့​လေး​တွေ​ရော​နှောပြီး အတူတူအ​ပျော်​​တွေမျှ​ဝေခြင်းဟာ အမှတ်​တရ​နေ့​တွေထဲက တစ်​ခု​ပေါ့။

IMG_20180809_175423.JPG
Image source

ဒါက​တော့ ဘုရားဖူးရင်း ဓာတ်​ပုံလှလှရိုက်​ချင်​သူများအတွက်​ပါ။ဒီတစ်​ခါ​တော့ ဘုရား​ဝေယျဝစ္စလုပ်​ရင်း ပန်း​ရောင်း သနပ်​ခါးလိမ်း​ပေးပြီး ရသ​လောက်​နဲ့ဝင်​​ငွေရှာ​​နေတဲ့ ​​ဒေသခံ​တွေရဲ့ ​နောက်​ထပ်​​လေးစားစရာ တစ်​ခုအ​ကြောင်းတင်​ပြချင်​ပါတယ်​။မ​နေ့ကဖြစ်​ပျက်​ခဲ့တာပါ။ကျွန်​မတို့သူငယ်​ချင်းတစ်​​တွေ ဘုရားရှစ်​ခိုးပြီး ဟို​လျှောက်​ကြည့်​ဒီ​လျှောက်​ကြည့်​ရင်း ဓာတ်​ပုံ​တွေလိုက်​ရိုက်​​နေတဲ့အချိန်​မှာ ဝုန်းဝုန်းနဲ့လူတစ်​စု ရုတ်​ရုတ်​သဲသဲဖြစ်​သွားတာ​တွေ့လိုက်​တယ်​။အ​စောင့်​ security ဦး​လေး​တွေလည်း လှုပ်​လှုပ်​ခတ်​ခတ်​ဖြစ်​​နေကြတယ်​။ ​ဒေသခံက​လေးမ​တွေလည်း ထဘီ​လေး​တွေမပြီး ဟို​ပြေးဒီ​ပြေးနဲ့ ဖြစ်​​နေကြ​တော့ နည်းနည်းသတိထားမိသွားတယ်​။ဘာဖြစ်​တယ်​ဆိုတာ​တော့ ​သေချာမသိ​သေးဘူး။အဲ့ချိန်​မှာ ကျွန်​မသူငယ်​ချင်းတစ်​​ယောက်​က​ပြောတယ်​ ​ဟေ့ အခုနက ဆိုင်းကယ်​စီးလာတဲ့ သူကိုရိုက်​ပြီး ဆိုင်​ကယ်​လု​ပြေးဖို့လုပ်​တဲ့သူကို ဝိုင်းပြီးဖမ်း​နေကြတာနဲ့​လေ။

IMG_20180809_175443.JPG
Image source

ဘုရား...ဘုရား...​နေ့ခင်းအချိန်​​ကောင်းကြီးမှာ​တောင်​ အတင့်​ရဲတဲ့သူပါ့ပဲ။လူရိုက်​ပြီး​တောင်​ ​ဆိုင်​ကယ်​ယူဖို့လုပ်​တယ်​။အ​စောင့်​ရဲ​တွေ​တောင်​ပြန်​ရိုက်​တယ်​တဲ့။တကယ်​ကို သတ္တိ ​ကောင်းတဲ့ လူပဲလို့ စိတ်​ထဲ​တွေး​နေမိလိုက်​​သေးတယ်​။သြော်​...မြန်​မာ​တွေ...မြန်​မာ​တွေ..အဲ့​လောက်​​တောင်​ အဖြစ်​ဆိုး​နေပါ့လား။အရင်​တုန်းက သူခိုးဆိုတာ လူမသိသူမသိ ​ည​တွေမှာ လှုပ်​ရှားကြ​ပေမယ့်​ အခု​ခေတ်​များ ​နေ့ခင်းလည်းမ​ရှောင်​ဘူး။လူမလစ်​ရင်​ လူရိုက်​ပြီးလုယူတဲ့အဆင့်​​ရောက်​​နေကြပြီ။တကယ်​ကို အကျင့်​ဆိုး​တွေ နဲ့ပြည့်​နှက်​​နေပြီလား။အဲ့​လောက်​ သတ္တိ ရှိရ​အောင်​ ဘာ​တွေအဆက်​မ​ပြေဖြစ်​​နေကြလို့လဲ၊ဘာ​တွေ ဒုက္ခ အကြီးအကျယ်​​ရောက်​​နေကြလို့လဲ။

IMG_20180809_175520.JPG
Image source

အဲ့ချိန်​မှာ နိုင်​ငံခြားသားဧည့်​သည်​​တွေလည်းအများကြီးရှိပါတယ်​။ဒီလိုဖြစ်​ပျက်​သွားတာများသိသွားရင်​ ဘုရားမှာ​တောင်​ ဒီလိုအကျင့်​ပျက်​​နေကြပြီလို့ ထင်​မှားစိုးတာအမှန်​ပါ။တစ်​ဖက်​ကလူကလည်း ဆိုင်​ကယ်​ကိုလုယူရ​လောက်​တဲ့အထိ ပြသာ​တွေရှိ​နေလို့ ဖြစ်​မယ်​ဆိုတာ​တွေးမိပါတယ်​။ဒါ​ပေမယ့်​ ​ဖြေရှင်းလို့ရမယ့်​ နည်းလမ်း​တွေအများကြီးရှိပါတယ်​။အခုလိုအကျင့်​ပျက်​တဲ့လူအထင်​​သေး​စေတဲ့ စရိုက်​မျိုး​တွေကိုအသုံချပြီးမ​ဖြေရှင်း​စေချင်​ဘူး။လူ့ဘဝ​ရောက်​တုန်းခဏ အဆင်​မ​ပြေတာ​တွေလည်းအများကြီးရှိသလို ​ဖြေရှင်းရမယ့်​နည်းလမ်း​တွေလည်း အများကြီးပါပဲ။ကိုယ့်​တန်​ဖိုးကိုရင်းပြီး ​ဖြေရှင်းမှရမှာမဟုတ်​ပါဘူး။ဒါ​ကြောင့်​ နည်းလမ်းမမှန်​တဲ့ နည်း​တွေနဲ့မ​ဖြေရှင်းကြပါနဲ့လို့ တိုက်​တွန်းပါရ​စေ။

အခု​ပြောချင်​တာက ​ဒေသခံ​ကောင်​မ​လေး​တွေ သူတို့နဲ့မဆိုင်​သလို​နေလို့ရ​ပေမယ့်​ မိန်းက​လေး​လေး​တွေမတန်​မဲ့ ဝိုင်းဝန်း​ဖြေရှင်း​ပေးကြတယ်​။အခုပဲကြည့်​​လေ သူခိုး​နောက်​ကို အတင်းလိုက်​ပြီး ​နောက်​ဆုံးမိတဲ့အထိ ကူညီ​ပေးသွားကြတယ်​။ဒါဟာ ​လေးစားစရာ ​ကောင်းတဲ့အချက်​ပါပဲ။ဘုရားဖူးလာသူတိုင်း ကို သူတို့ အလိုလိုကူညီချင်​ကြတယ်​။သူတို့တာဝန်​​တွေရှိသွားသလို ခံစားမိလို့ အခုလည်း ပါဝင်​ကူညီ​ပေးတယ်​​လေ။ဘာပဲဖြစ်​ဖြစ်​ ​ရောက်​လာတဲ့ဘုရားဖူးဧည့်​သည်​ဟာ ဒီဘုရားဝန်းကမထွက်​သ၍ သူတို့မိသားစုဝင်​လို့ပဲ သတ်​မှတ်​ထားတယ်​လို့ထင်​တယ်​။တကယ်​ကို အ​ပြေးအလွှား ပဲအားလုံးက ကူညီ​ပေးကြတာ​တွေ့ရတယ်​။ချစ်​စရာ​ကောင်းတဲ့ ​ဒေသခံ​​လေး​တွေရှိတဲ့ သမိုင်းဝင်​ နာမည်​​ကျော်​ ကုသိုလ်​ ​တော်​ဘုရားအား လာ​ရောက်​လည်​ပတ်​နိုင်​ပါတယ်​လို့​ပြောရင်း နိဂုံး ချုပ်​ပါရ​စေ။

thithisann@thithisann
Author Thi Thi San
Msc 262

ချစ်​စရာဓ​လေ့ | Ecency