တောင်းပန်​ပါရ​စေ

Words
141
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီ​နေ့တစ်​​နေကုန်​ ​ကျောင်းပိတ်​လို့လိုင်း​တွေထိုင်​သုံး​နေလိုက်​တယ်​။ပျင်းတာကို သုံးပစ်​လိုက်​တာ​ပေါ့။လိုင်းသုံးတိုင်းလဲ MSC gathering ပုံ​တွေတစ်​နကုန်​ ပို့​နေကြ​တော့ မသွားနိုင်​တာ ဝမ်းနည်းမိတယ်​။အခုလို တစ်​နှစ်​ပြည့်​မှာ စုံစုံလင်​လင်​ဖြစ်​ရင်​ ပို​ကောင်းတာ​ပေါ့။ပိတ်​ရက်​နဲ့ရက်​တိုက်​​ပေမယ့်​လည်း အ​ကြောင်းအမျိုးမျိုး​ကြောင့်​ မသွားနိုင်​ခဲ့ဘူး။ကိုယ်​လို ဘဝတူ​တွေလည်း ​တွေ့မိပါတယ်​။သူတို့​တွေလည်း မသွားရ​ပေမယ့်​ ပုံ​တွေကြည့်​ပြီး ကြည်​နူးစိတ်​​တွေဖြစ်​မိမှာ အ​သေအချာပါပဲ။

received_883613235166140.jpeg

MSC နဲ့ပတ်​သက်​တဲ့ အ​ကြောင်း​တွေ၊တိုးတက်​ဖို့​အ​ကြောင်း​တွေ ​ဆွေး​နွေး​နေကြသည်​များလည်း မသွားရ​ပေမယ့်​ ပုံ​တွေကြည့်​ပြီး သိလိုက်​တယ်​။လူအရမ်းကြီးမစုံလှ​ပေမယ့်​ တကယ့်​ msc ကိုစပြီးပျိုး​ထောင်​​ပေးတဲ့ ဆရာ​တွေ​တော့ ​တော်​​တော်​​လေးစုံတယ်​။ဘာပဲဖြစ်​ဖြစ်​ အခုလိုပွဲ​လေးလုပ်​ဖြစ်​သွားတာ ​ကောင်းတယ်​။အရင်​ကဆို ​လေလှိုင်းထဲမှာပဲ ခက်​ကြမင်​ကြရင်းနှီးကြရတာကို။အခုအပြင်​မှာ လူချင်း​တွေ့ရ​တော့ ရင်းနှီးမှု​တွေပိုရကြတယ်​။msc ရဲ့မိသားစုဝင်​​တွေ အဖြစ်​မှတ်​​ကျောက်​တင်​ခြင်းတစ်​မျိုးပါပဲ။

received_252371172262525.jpeg

မနက်​အာရုံဆွမ်း​လောင်းလှူတဲ့ပုံ​တွေ ပို့ကြ​တော့လည်း တကယ်​ကိုဝမ်း​မြှောက်​မိပါတယ်​။လူကိုယ်​တိုင်​မလာနိုင်​ကြတဲ့ ကျန်​မိသားစုဝင်​​တွေအတွက်​ သာဓု​ခေါ်ရတာ​ပေါ့။အခုလို msc အ​နေနဲ့ အလှူပွဲ​တွေလုပ်​ဖြစ်​တာ​တွေ့ရ​တော့ သာဓုလည်း​ခေါ်မိတယ်​၊ဝမ်းလည်းဝမ်း​မြောက်​မိပါတယ်​။ကျွန်​မတို့ MSCကြီး​ရေရှည်​တည်​တန့်​ဖို့ အုတ်​မြစ်​ချတယ်​ဆိုလည်း မမှားပါဘူး။အားလုံးအတွက်​အမှတ်​တရ​တွေလည်းရှိကြမယ်​ဆိုတာ ​ပြေးကြည့်​စရာပင်​မလိုပါ။

ဒီနှစ်​အတွက်​​တော့ ကျွန်​မ msc member ဝင်​တစ်​​ရောက်​အ​နေနဲ့ မတက်​​ရောက်​ဖြစ်​ခဲ့တဲ့အတွက်​ အနူးအညွတ်​​တောင်းပန်​ပါတယ်​။တာဝန်​မ​ကျေသလိုလည်း ခံစားမိတာအမှန်​ပါ။နောက်​နှစ်​များအတွက်​ ကြိုးစားပါ့မယ်​။MSC မှဆရာကြီး​တွေ၊သူငယ်​ချင်း​တွေနဲ့လည်း အပြင်​မှာ​တွေ့ခွင့်​ရချင်​ပါ​သေးတယ်​။နောက်​နှစ်​များဆိုရင်​​တော့ ပိုပြီးလူစုံပြီး ဒီနှစ်​ထက်​မက ​ပျော်​စရာ​တွေအများကြီးရှိမယ်​၊အလှူ​တွေအများကြီးလုပ်​နိုင်​မယ်​၊ဒီနှစ်​ထက်​ပိုပြီးရင်းနှီးကြမယ်​ဆိုတာ ​တွေးယုံနဲ့တင်​သိနိုင်​ပါတယ်​။

received_1649200048539225.jpeg

အားလုံးက အားလပ်​ရက်​နဲ့တိုက်​လို့လာတယ်​ဆို​ပေမယ့်​ အခြားအလုပ်​​တွေ​ဘေး​ခေါက်​ပြီး msc ကိုဦးစား​ပေးကြခြင်း​ကြောင့်​ တက်​​ရောက်​ကြတာပဲဖြစ်​တယ်​။တကယ်​ကို တာဝန်​​ကျေပြီး ​ခေါင်း​ဆောင်​​တွေပီသကြပါတယ်​။နောင်​ msc member ဝင်​အသစ်​​တွေအတွက် အတုယူပြီးအားကျစရာ​ကောင်းတယ်​။ အခုလို စည်းလုံးညီညွတ်​ခြင်းကကို အခြားအဖွဲ့များနဲ့မတူ msc ရဲ့ထူးခြားချက်​ဖြစ်​​ပေမည်​ဟုထင်​မိပါတယ်​။ငွေဆို​သော အရာ​ကြောင့်​ ​လိုင်း​ပေါ်မှာ ​တွေ့ဖြစ်​ကြတယ်​ဆို​ပေမယ့်​ အခုလို မိတ်​​ဆွေသစ်​မိတ်​​ဆွေ​ကောင်း​တွေလည်း ရကြတယ်​။ဝါဒနာတူလမ်း​ကြောင်းတူ​လျှောက်​လှမ်းကြတဲ့ မိသားစုဝင်​​တွေ ပန်းတိုင်​တစ်​ခုဆီဦးတည်​​နေပြီ။အဲ့ဒီပန်းတိုင်​သည်​လည်း စည်းလုံးခြင်း​ကြောင့်​ ပဲ ရမယ်​ဆိုတာ အ​သေအချာပါပဲ။

received_2114694505225463.jpeg

အခုလို စည်းလုံးတဲ့ msc ၊ ပန်းတိုင်​​တွေဆီကို ဗျုဟာအသစ်​​တွေနဲ့ ချီတက်​တဲ့msc၊ မိတ်​ရင်း​ဆွေရင်း​တွေလို ရင်းနှီး​ဖော်​​ရွေတဲ့ member ​တွေနဲ့ ​ပေါင်းစည်းထားတဲ့ msc၊ စည်းကမ်း​တွေနဲ့ စည်းစည်းလုံးလုံး လိုက်​နာတဲ့ msc ဤကဲ့သို့​သော အဖွဲ့အစည်း၏ member ဖြစ်​ခွင့်​ရတာ ​ကျေနပ်​တယ်​။ကျွန်​မချစ်​​သော msc ကြီး အမြဲတမ်း ​အေးချမ်းပါ​စေ။

အားလုံးကို​ကျေးဇူးတင်​ပါတယ်​။ဒီနှစ်​အတွက်​ ​တောင်းပန်​စာလို့လည်း​ပြောလို့ရပါတယ်​။နောင်​နှစ်​များတ9ွင်​ ကြိုးစား၍ ​တွေ့ဆုံပွဲအား လာမည်​စိတ်​ကူးထားပါသည်​။

Photo crd:facebook

thithisann@thithisann
Author Thi Thi San
Msc 262

တောင်းပန်​ပါရ​စေ | Ecency