အ​ရေးကြီးတာက......

Words
105
Reading
1 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

လူ့ဘဝကြီးမှာ ဘာအ​ရေးကြီးဆုံးလဲလို့ ​မေးလိုက်​ရင်​ အားလုံး​သော လူသား​တွေ ​ကသူတို့လိုအပ်​ချက်​​တွေကို ​ဖြေကြလိမ့်​မယ်​။ဥပမာ-ဆင်းရဲတဲ့မိသားစုက ပိုက်​ဆံ၊ချမ်းသာတဲ့မိသားစုက ​ပျော်​ရွှင်​ခြင်း ၊လက်​ပြတ်​​နေတဲ့သူက လက်​တစ်​စုံလိုချင်​​နေမယ်​ အမျိုးမျိုး​သော ကိုယ်​စီဆန္ဒ​တွေကို ​ဖော်​ထုတ်​ကြလိမ့်​မယ်​။ဒီ​နေရာမှာ သတိရရမှာက ပြီးပြည့်​စုံ​သော သူဆိုတာ မရှိသ​လောက်​ရှားတယ်​။တစ်​ခုမဟုတ်​တစ်​ခု လိုအပ်​​နေကြတာ ချည်းပဲ။ ကိုယ့်​လို အပ်​ချက်​နဲ့တူချင်​မှတူမယ်​ ဒါ​ပေမယ့်​ လိုအပ်​ချက်​​တွေ​တော့ ကိုယ်​ဆီရှိကြမှာ​သေချာပါတယ်​။

IMG_20180703_181126.JPG
Image source

ကျွန်​မအထင်​​တော့ လိုအပ်​ချက်​​တွေ ကိုယ်​ဆီ ရှိ​နေကြတဲ့ လူသား​တွေမှာ အ​ရေးကြီးဆုံးလိုအပ်​ချက်​က ဘာလဲဆို​တော့ လိုအပ်​ချက်​ကို ပုံ​ဖော်​ဖို့ သတ္တိ ဟာ အ​ရေးကြီးဆုံးလို့ ထင်​တယ်​။သတ္တမရှိရင်​ ဒုက္ခ ကို ဘယ်​လိုရင်ဆိုင်​မလဲ။လိုအပ်​ချက်​​တွေ ပြည့်​စုံဖို့ဆိုတာ လည်း ဒုက္ခ ဆိုတဲ့တံတိုင်း​နောက်​ကွယ်​မှာ တည်​ရှိ​နေတာ​လေ။အဲ့​တော့ သတ္တိ ဟာ အ​ရေးကြီးတယ်​။သရဲ​ဘော​ကြောင်​တဲ့ သူတစ်​​ယောက်​ ဟာ ရှုံးနိမ့်​မှုနဲ့ပဲ ​တွေ့ဆုံရတတ်​တယ်​။အမြဲတမ်းရှုံနိမ့်​​နေတဲ့ လူတစ်​​ယောက်​မှာလည်း ​အောင်​မြင်​မှု ဆိုတာ အ​ဝေးကြီးမှာပါ။အောင်​မြင်​မှုမရှိတဲ့လူတစ်​​ယောက်​ မှာ လိုအပ်​ချက်​​တွေများစွာ ရှိ​နေမယ်​ဆိုတာ အ​သေအချာပါပဲ။

IMG_20180703_181107.JPG
Image source

ဘဝဆိုတာ တိုက်​ပွဲတဲ့ ။ဒီတိုက်​ပွဲမှာ အနိုင်​ရဖို့ သတ္တိ လိုအပ်​တယ်​။သတ္တိရှိတဲ့သူတစ်​​ယောက်​ဟာ ​အောင်​နိုင်​သူဖြစ်​ဖို့ ​မျှော်​လင့်​ချက်​​တွေ နဲ့ရှင်​သန်​နိုင်​ခွင့်​ရှိတယ်​။လူဆိုတာကလည်း ​မျှော်​လင့်​ချက်​နဲ့ အသက်​ရှင်​ကြတာကို ​မျှောင့်​လင့်​ချက်​မရှိ​သောသူဟာ ရှင်​​နေလျက်​နဲ့ ​သေတာနဲ့အတူတူပဲ။ဘယ်​အရာမဆို သတ္တိ ရှိရှိရင်​ဆိုင်​ဖို့လိုအပ်​တယ်​။တစ်​ချို့အမှား​တွေ​တောင်​ သတ္တိ ကဖုံးကွယ်​နိုင်​တယ်​။ဒါ​ကြောင့်​လူတစ်​​ယောက်​မှာ သတ္တိ ဟာ အ​ရေးကြီးတယ်​။ဘယ်​​တော့မှ သရဲ​ဘောမ​ကြောင်​ပါနဲ့။

ဘဝတိုက်​ပွဲကြီးကို ​အောင်​နိုင်​သူတစ်​​ယောက်​ဖြစ်​​အောင်​ သတ္တိ ရှိရှိ ရင်​ဆိုင်​ပါ။လိုအပ်​ချက်​​တွေကို ဖြည့်​တင်းဖို့ သတ္တိ ဆိုတဲ့ အားအင်​တစ်​ခုလိုတယ်​ဆိုတာ သတိရပါ။အားလုံးကို​ကျေးဇူးတင်​ပါတယ်​။သတ္တိကိုအရင်းပြုပြီး ​ကျော်​လွှားနိုင်​ကြပါ​စေ။
thithisann@thithisann
Msc 262

အ​ရေးကြီးတာက...... | Ecency