ဘာ​ကြောင့်​လဲ? ??

Words
284
Reading
2 min
Listen
Play
8y

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဒီ​နေ့​တော့ ​မေးခွန်း​လေး​တွေပဲ​မေးပါရ​စေ။ဒါ​ကြောင့်​လဲ ​ခေါင်းစဉ်​ကို "ဘာ​ကြောင့်​လဲ"လို့ ​ခေါင်းစဉ်​​ပေးရခြင်းဖြစ်​ပါတယ်​။ကျွန်​မရင်​ထဲ ​မေးခွန်း​တွေရှိ​နေတာ ကြာပါပြီ။postတစ်​ခုအ​နေနဲ့ အခုမှပဲ တင်​ဖြစ်​တယ်​။အရင်​တုန်းက post​တွေက​တော့ အကြံ​ပေးပုံစံ​လေး​တွေ၊တိုက်​တွန်း တဲ့ post​လေး​တွေ၊ သတိပြုစရာအချက်​​လေး ​တွေကို အမြင်​​လေးနဲ့ တင်​ပြ​ပေးခြင်းပဲ ဖြစ်​ပါတယ်​။အခု​တော့ ထူးထူးခြားခြား ​မေးခွန်း​လေး​တွေ ​မေးချင်​တဲ့ post​လေးတင်​ပြပါရ​စေ။

IMG_20180726_185306.JPG
Image source

ဒီ​နေ့ ​ကျောင်းမှာ ​ကြေငြာချက်​တစ်​ခု ထုတ်​ပြန်​ထားတယ်​။ကျွန်​မတို့ မန္တ​လေးတက္ကသိုလ်​ကြီး မှာ ​ကျောင်းသား​တွေ့ဆုံပွဲလုပ်​ဖို့ရှိတယ်​တဲ့။ကျောင်း​ပေါင်းစုံက​ကျောင်းသား​တွေ တက်​​ရောက်​ခွင့်​ရှိတယ်​။ကြိုက်​တဲ့သူ စာရင်း​သွင်းနိုင်​တယ်​။ထူးခြားတာက အဲ့ဒီ​ဆွေး​နွေးပွဲကို နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ပါတက်​​ရောက်​မှာဖြစ်​ပါတယ်​။ ကြိုက်​တဲ့သူ စာရင်းသွင်းနိုင်​​ပေမယ့်​ class တစ်​ခုမှာ ၂​ယောက်​​လောက်​ပဲတက်​​ရောက်​ခွင့်​ရမယ်​ဆို​တော့ မဲ နှိုက်​ပြီး ကံစမ်းကြမယ်​လို့ ဆုံးဖြတ်​ကြတယ်​။ ကျွန်​မထင်​တာက ဒီလို ပုဂ္ဂိုလ်​ မျိုးနဲ့ ​တွေ့ဆုံခွင့်​ရဖို့ဆိုတာ အခက်​ခဲဆုံးထဲက တစ်​ခုပဲမဟုတ်​လား။ ​နောက်​ပြီး ဒီလိုပွဲလုပ်​တယ်​ ဆိုတဲ့ရည်​ရွယ်​ချက်​က ​ကျောင်းသား​တွေရဲ့ အသံ​တွေကိုနား​ထောင်​ချင်​လို့ပါပဲ။ကျောင်းသား​တွေ ဘာ​တွေပြသာနာရှိ​နေလဲ??ဘယ်​လို အခက်​ခဲ​တွေ ရင်​ဆိုင်​​နေရလဲ??ဘာ​တွေလိုအပ်​ချက်​​တွေရှိ​နေလဲ?? စသည့်​အချက်​​တွေကို ဖြည့်​ဆည်း​ပေးနိုင်​​အောင်​ သိချင်​လို့ ကျင်းပရခြင်းဖြစ်​ပါတယ်​။

IMG_20180726_185330.JPG
Image source

ကျွန်​မတို့အတန်းမှာ လူ​ပေါင်း၁၀၀နီးပါးရှိပါတယ်​။ကျွန်​မထင်​တာ ဒီလို ရခဲလှတဲ့အခွင့်​အ​ရေးကို လူတိုင်းလိုချက်​ကြမှာပဲလို့​ပေါ့။နောက်​ပြီး လူတိုင်း​ပြော​နေတဲ့ ငါတို့အ​မေစုရဲ့ မိန့်​ခွန်းနား​ထောင်​ချင်​ကြမှာ​ပေါ့။အ​မေစုနဲ့ စကား​တွေ ​ပြောဖူး ​တောင်းဆိုချင်​ကြမှာ​ပေါ့ ဆိုပြီး အထင်​နဲ့ နာမည်​စာရင်းကြည့်​​တော့ လူ၁၀​ရောက်​​လောက်​ပဲ စာရင်းသွင်းထားတယ်​။ဟ....ဟ...ဘာလဲ???တကယ်​ကို amazing ဖြစ်​သွားတယ်​။ ဒီလိုပွဲမျိုးကို စိတ်​မဝင်​စားကြဘူးလား?? ဆိုပြီး ကျွန်​မ စာရင်းမသွင်းတဲ့သူ​တွေ​မေးကြည့်​​တော့...သူတို့​ပြောတာက

လူ​တွေအများကြီးလာကြမှာ ​နောက်​ပြီး မ​ပြောရဲဘူးတဲ့။

ဘာလို့မ​ပြောရဲတာလဲ?

ကိုယ့်​ရဲ့လိုအပ်​ချက်​​တွေကို ပြုပြင်​​ပြောင်းလဲနိုင်​တဲ့ လူတစ်​​ယောက်​ကို ကိုယ်​တိုင်​တင်ပြခွင့်​ ရ​ပေမယ့်​ ဘာလို့ အခွင့်​အ​ရေးကို ဆုံးရှုံးခံရတာလဲ??ဘာကို​ကြောက်​​နေတာလဲ???

လူ​တော တိုးရမှာ​ကြောက်​တာလား??

လူရာမဝင်​ရဲတာလား??

ကိုယ့်​တိုင်းပြည်​ မှာ ချို့ယွင်း​နေတာ​တွေ ပြင်​ဆင်​​ပေးဖို့ မ​တောင်းဆိုရဲတာလား??

တစ်​​ယောက်​တည်း လူ​တောမတိုးရဲတာ ဘာ​လိုအပ်​​နေလို့လဲ??

စသည့်​ ​မေးခွန်း​တွေအတွက်​ အ​ဖြေရှိမှာပါပဲ။လက်​လှမ်းမှီသ​လောက်​ အမြင်​နဲ့ ​ဖြေ​စေချင်​တယ်​။ဒါမှ ကျွန်​မသူငယ်​ချင်း​တွေ ပြင်​ရမယ့်​ အချက်​​တွေ သိပြီး ပြင်​နိုင်​မှာပါ။

IMG_20180726_185400.JPG
Image source

နောက်​တစ်​ခုက ကျွန်​မတို့မှာ English နဲ့ပတ်​သက်​ပြီး Research တစ်​ခုအကြမ်းပြင်​လုပ်​ကြရတယ်​။ကိုယ့်​​ခေါင်းစဉ်​နဲ့ကိုယ်​ လုပ်​ပြီး သူများကို ရှင်းပြရတယ်​။လူ၁ဟနီးပါးရှိတဲ့ ကျွန်​မတို့အခန်းထဲမှာ ​ခေါင်းစဉ်​​ပေါင်း ၁ဟနီးပါးရှိမယ်​ဆိုတာ ​ပြော​နေစရာမလို​တော့​ပေ။အခြားသူ​တွေနဲ့ အပြန်​အလှန်​ ​ဆွေး​နွေးရတယ်​။Feedback ပြန်​​တောင်းရတယ်​။ဒီ​နေ့ အမတစ်​​ယောက်​ရဲ့ ​ခေါင်းစဉ်​ကို ​မေးကြည့်​​တော့ သူ​ပြောတာက က​လေး​တွေရဲ့ ပညာ​ရေးနဲ့ ပတ်​သက်​ပြီး​တော့ လုပ်​ချင်​တယ်​။သ​ဘောက ​ကျေး​လက်​​ဒေသ​တွေမှာ ရှိတဲ့ က​လေး​တွေ​ကျောင်းထွက်​များတာနဲ့ ပတ်​သက်​ပြီးလုပ်​ချင်တာပါ။ကျွန်​မအဲ့​ခေါင်းစဉ်​နဲ့ပတ်​သက်​ပြီး စဉ်းစားမိတာက...

က​လေး​ကျောင်းထွက်​များတာ ဘာ​ကြောင့်​လဲ??

မိဘစီးပွား​ရေးအ​ခြေအ​နေ​ကြောင့်​လား??

မိဘ​ဆွေမျိုး​တွေက ပညာ​ရေးကို ဦးစားမ​ပေးတာလား??

ဘာပြသာနာ​တွေ ရှိ​နေလို့ ​ကျောင်းမတက်​နိုင်​တာလဲ??

ဘာ​ထောက်​ပံ့မှု​တွေ လိုအပ်​​နေလို့လဲ??

က​လေး​တွေကိုယ်​တိုင်​က​ရော စိတ်​မပါတာလား??ဘာ​ကြောင့်​လဲ??

ဆရာအင်းအား​တောင့်​တင်းမှုမရှိလို့လား??

ပညာ​ရေး ကိုဦးစား​ပေးတာထက်​ ဘာ​တွေက သူတို့ရဲ့ အဓိပြသာနာလဲ??

စသည့်​​မေးခွန်း​တွေ စဉ်းစားမိတယ်​။ဒီ​မေးခွန်း​တွေက တိုင်းပြည်​နဲ့ဆိုင်​တယ်​။ကြယ်​ပွင့်​​တွေ ​တောက်​ပလာဖို့ အတားအဆီး​တွေက ဘာ​တွေလဲဆိုတာ ​ခေါင်း​ဆောင်​သိဖို့လိုတယ်​။သိရင်​ ပညာ​ပေး​ဟော​ပြောပွဲ​တွေ လုပ်​ဖို့လိုတယ်​။အချိန်​မတန်​ပဲ အ​ကြွေမ​စောရ​အောင်​ ကြယ်​ပွင့်​​တွေကို ဘယ်​လိုပျိုး​ထောင်​မလဲ။ဒါ​တွေဟာ ဂရုစိုက်​ပြီး ကြည့်​ရမယ့်​ အချက်​​တွေပါ။မိမိတို့အမြင်​နဲ့ အ​ဖြေတစ်​ခု​တော့ ရှိမည်​ထင်​ပါတယ်​။ဘယ်​လို​တွေ ​ပြောင်းလဲကြမလဲ ဆိုတာကို အမြင်​​လေးနဲ့ ​ဖြေ​ပေးကြပါ့အုံး။

IMG_20180726_185251.JPG
Image source

နောက်​တစ်​ချက်​က လူငယ်​​တွေ။လူငယ်​​တွေကိုမှ ​ကျောင်းသား၊​ကျောင်းသူ​တွေ။ယ​နေ့​ခေတ်​ social media ​မြောက်​များစွာ ​ပေါ်ထွန်းလာသည်​။အမျိုးမျိုး​သော social media များသည်​လည်း လူသားတို့နှင့်​ ရင်းနှီးဖို့ရန်​မခက်​လှ​ပေ။ဒါ​ကြောင့်​များလား​တော့မသိ ...​တော်​​တော်​များများ social media များသုံးဖူးကြသည်​။ဤသို့ သုံးဖူးမှသာ ​ခေတ်​မှီသည်​ဟု ထင်​ကြသည်​။အဓိကမှာ ယ​နေ့​ခေတ်​ ​ရေပန်းစားဆုံး တစ်​ခုကို လက်​ညှိုးထိုး ပြပါဆိုလျှင်​ FACEBOOK ဖြစ်​သည်​။ ဤအရာ​ပေါ်၌ မှီခိုလွန်းကြသည်​။တစ်​​နေ့သာ အချိန်​များ၏ ​တော်​​တော်​များကို fb နဲ့အတူ ဖြတ်​သန်း​နေကြသည်​။အခြားနိုင်​ငံများနှင့်​ယှဉ်​လျှင်​ သုံးစွဲမှာအား အမြှင့်​ဆုံးချိတ်​သည်​။ဤအ​ကြောင်းနဲ့ပတ်​သက်​ပြီး ကျွန်​မစဉ်းစားမိတာက......

ကျောင်းသူ ၊​ကျောင်းသားများသည်​ အလွန်​အကျွံ သုံး​နေကြခြင်းမှာ ဘာ​ကြောင့်​လဲ??

အတန်းထဲက စာ​တွေက စိတ်​ဝင်​စားစရာမ​ကောင်းလို့လား??

သင်​ရိုး​တွေက challenge နည်း​နေလို့လား??

နေ့တိုင်း စာ​တွေနဲ့လုံးပန်း​နေ​အောင်​ Teachers များက Homework မ​ပေးလို့လား??

အချိန်​​တွေ အား​နေလို့ သုံးတယ်​။အား​နေရ​အောင်​ ​ကျောင်းသားတစ်​​​ယောက်​အ​နေနဲ့  Activity ​တွေနည်းလို့လား??

ကျောင်း၌ စိတ်​ဝင်​စားစရာ ပြိုင်​ပွဲများ လိုအပ်​​နေလို့လား??

စသည့်​ အချက်​​တွေ အများကြီးပါပဲ။ဘာ​ကြောင့်​လဲ??အရူးအမှုးဖြစ်​​နေရ​အောင်​ ဘာ​တွေရှိ​နေလိုလဲ။အနည်းဆုံး အ​ဖြေတစ်​ခု​တော့ ရှိမည်​ ထင်​ပါတယ်​။ဖြေ​ပေးကြပါ။ဒါမှ သူတို့​တွေကို သတိထားမိ​အောင်​ ​ပြောပြနိုင်​မှာ ​ပါ။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။

thithisann@thithisann
Author Thi Thi San
Msc 262

ဘာ​ကြောင့်​လဲ? ?? | Ecency