ကျမ ပြီးခဲ့တဲ့လက ရေးတင်ခဲ့ဘူးတဲ့ ကျမမာမီပြောပြတဲ့ ရီစရာအဖြစ်တခုဖြစ်တဲ့ "တံတားကြီးဆီက ရရန်ငွေ " ဆိုတဲ့ စာရင်းရှင်းတမ်းလို ရီစရာတခု facebook မှာ ထပ်တွေ့ခဲ့ပါတယ် ။
ရုတ်တရက်ဖတ်လိုက်ရတော့ ရီစရာဖြစ်ခဲ့ရပေမယ့် သေသေချာချာပြန်တွေးကြည့်တော့ စိတ်ထဲကသိကအောက်ဖြစ်မိပါတယ် ။
မြန်မာနိုင်ငံမှာ သတင်းစာ ဂျာနယ်တွေဟာ အမျိုးအမည်စုံလင်အောင် များပြားလှပါတယ် ။ သတင်းဆိုတာ အများပြည်သူတွေအတွက် အမှန်ရေးဘို့ လိုအပ်သလို အယ်ဒီတာကောင်းဘို့ လဲလိုအပ်ပါတယ် ။
ဂျာနယ်သတင်းတွေမှာပါလာတဲ့သတင်းကို ဘာတွေမှားနေတယ် ဘာတွေလိုအပ်နေတယ်ဆိုတာကို ပြင်ဘို့ လိုအပ်သလို သတင်းအမှန်ဖြစ်ဘို့ ကလဲ အရေးကြီးပါတယ် ။ ဒါ့အပြင် မြန်မာစာသတ်ပုံအရေးအသားကို မှန်မမှန်စစ်ရန်လည်း လိုအပ်ပါတယ် ။
ဖေ့ဘုတ်မှာ ကျမဖတ်လိုက်ရတာက အောက်မှာပြထားတဲ့ သတင်းစာပါ ။ ရုပ်တရက်ဖတ်လိုက်ရင် ရီရမှာပါ ။ ဒါပေမယ့် မြန်မာစာအရေးအသား အနေအထားကို တွေးမိရင်တော့ စာဖတ်မိသူတို့  တခုခုဖြစ်မိမှာအမှန်ပါ ။ သူငယ်ချင်းတို့ တွေးကြည့်ပေါ့ ။
#crd photo from facebook news
နောက်တခုက ဆေးမှင်ကြောင်စုပ်ထိုးတာဟာ ပြင်ရခက်တယ်လို့  မြန်မာစကားပုံရှိသည့်အတိုင်း တကယ်အထိုးမှားလို့  ပြင်ထားတဲ့ ပုံလေးပါဘဲ ။
ဒီပုံဟာလည်း ရုတ်တရက်တော့ ရီရပါတယ် ။ သူ့ ပုံကိုကြည့်ပြီး ကိုယ်က မှတ်သားစရာလက်တွေ့ကျန်ခဲ့တာပါဘဲ ။ ပုံထဲက ဆေးမှင်ထိုးထားသူဟာ ပြင်မရလို့  ပြင်ရသလို ပြင်ပြီး နောင်လာနောက်သားတွေကို လက်တွေ့ပြသွားတာပါဘဲ ။ အောက်မှာ ပုံလေးပြထားပါတယ်ရှင် ။
သူထိုးထားတဲ့စာလေးကလဲ အဓိပ္ပါယ်ရှိပါတယ် ။ " ဘဝကို ပုံသေမတွက်နဲ့ " တဲ့ ။ ဒါလည်းမှန်ပါတယ် ။ မိမိဘဝချမ်းသာသည်ဖြစ်စေ မိမိဘဝဆင်းရဲသည်ဖြစ်စေ ထာဝရတည်မြဲမယ်ဆိုပြီး တွက်လို့ မရပါဘူး ။
#crd photo from facebook
ဆင်းရဲလို့  အားမငယ်ပါနဲ့ ။
ချမ်းသာလို့ လဲ မာန်မာနမထောင်းသင့်ပါ ။
MSC မိသားစုများ မင်္ဂလာပါရှင် …
MSC 027