သီလဝါ တာဝန်

Words
78
Reading
1 min
Listen
Play
9y

သီလဝါ တာဝန်

image
ဒီနေ့ကတော့ သီလဝါ SEZ Zone project မှာ တာဝန်ကျတဲ့အတွက် သီလဝါ ဘက်အခြမ်းက Construction. ဆိုဒ်တွေ တာဝန်ယူ Concrete supply လုပ်ပေးရပါတယ်။ဒီနေ့အတွက် အဓိက order ကတော့ Roof Slap လောင်းခြင်းပါ။ကျန်တဲ့ precast လောင်းတဲ့ construction ဆိုဒ် order များလည်း ရှိပါတယ် ။Roof slap လောင်းတဲ့ ဆိုဒ်အကြောင်းကိုပြောပြချင်ပါတယ်။
image
Concrete ကို Roof slap အပေါ်သို့ station pump ဖြင့် ရိုက်တင်ပေးပါတယ်။Station Pump service ကိုလည်း ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူပေးခြင်းဖြစ်ပါတယ်။သီလဝါ ဘက်အခြမ်းမှာတာဝန်ကျနေတုန်း ပတ်ဝန်းကျင်ကိုလေ့လာမိတော့ သန်လျင်ဘက်အခြမ်းက တော်တော် ဖွံဖြိုးပြီး စည်ကားနေပါပြီ။ အရင်လို ပုံစံမျိုး မဟုတ်ဘဲ စီးပွားရေးအချက်အချာကျတဲ့ မြို့အဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲ ရုပ်လုံးပေါ်လာနေပါပြီ။ဒီအချိန် မြေကွက်ဝယ်ထားရင် ရွှေဖြစ်မယ့် နေရာမျိုးပေါ့။
image
ကျိုက်ခေါက်ဘုရား၊ကျောက်တန်းရေလယ်ဘုရား အစရှိတဲ့ တန်ခိုးကြီးဘုရားများတည်ရှိရာမြို့လည်းဖြစ်ပါတယ်။တစ်ချိန်တစ်ခါက တက်ခဲ့ဘူးတဲ့ သန်လျင်GTC ကျောင်းတော်ကြီးကိုလည်း အလွမ်းပြေကြည့်လို့ရလို့ အလုပ်တာဝန်ပြောင်းရွေ့ကျတာ အတိုင်းထက်အလွန်ပါဘဲ။လွမ်းစွတ်စရာတွေ၊အောက်မေ့သတိရမူတွေနဲ့ ပြည့်နေတဲ့ ကျောင်းတော်ကြီးပေါ့ဗျာ။
thethtooaung@thethtooaung
image
image

သီလဝါ တာဝန် | Ecency