Passion

Words
157
Reading
1 min
Listen
Play
9y

စိတ်
image
လူတစ်ယောက်အဓိက မောင်းနှင်နေတာဟာ ပြင်းပြတဲ့စိတ်ဆန္ဒ ဘဲ ဖြစ်ပါတယ်။ပြင်းပြတဲ့ စိတ် အရင်းတည် တဲ့ လူများဟာ အောင်မြင်မူကို ဆုတ်ကိုင်နိုင်တဲ့ လူများအဖြစ် အနှေး နှင့်အမြန် ရုပ်လုံးပေါ်လာကြပါတယ်။ကံဆိုတာ အလုပ်လုပ်တဲ့စိတ်နဲ့ ကြိုးစားမူကြောင့်ဖြစ်ပေါ်လာတာပါ။ထို့ကြောင့် အလုပ်လုပ်ရင် ကောင်းမွန်တဲ့ကံ ဟာ ပူးတွဲပြီးပါလာတဲ့အတွက် အောင်မြင်မူတွေကို ပိုင်ဆိုင်ကြရပါတယ်။ဥာဏ်ရည်ဥာဏ်သွေး ဆိုတာ လူတစ်ဦး နဲ့ တစ်ဦး အရမ်းကြီး မကွာခြားလှပါဘူး။အဓိက ကွာခြားသွားတာက ပြင်းပြတဲ့ စိတ်ဆန္ဒ ပါဘဲ။ပြင်းပြတဲ့စိတ် ဖြစ်ပေါ်လာဖို့ အကောင်းမြင်တဲ့စိတ်ကို မွေးမြူ ရပါတယ်။ကျွန်တော်တို့ သည် အကြောင်းအရာတစ်ခုကို အကောင်းမြင်စိတ်နဲ့ မကောင်းမြင်စိတ် အစရှိသည့် အမြင် နှစ်မျိုး ဖြင့် ပိုင်းခြား ဆုံးဖြတ်တက်ကြပါတယ်။တော်တော်များများကိစ္စရပ်များကို ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့်ရောနှောကာ မကောင်းသော အမြင်များဖြင့် မှားယွင်းစွာ ဆုံးဖြတ်ချက်ချတက်ကြပါတယ်။ထို့အတွက်ကြောင့် ကိစ္စ ရပ်တစ်ခုကို ဆုံးဖြတ်ရာတွင် ဘက်လိုက်မူကင်းသော၊ကိုယ်ရေးကိုယ်တာ မပါဝင်သော လက်ရှိဖြစ်ပျက်သောကိစ္စရပ်ပေါ် အခြေအနေပေါ်မူတည်၍ ကောင်းသောအမြင်ဖြင့် ဆုံးဖြတ်မှသာ...... အောင်မြင်မူကို ဖမ်းဆုပ်နိုင်မှာပါ။ပြင်းပြသော စိတ်ဆန္ဒ ရှိတယ်။အကောင်းမြင်စိတ်မရှိဘူး၊personal ကိစ္စများနှင့်ရောနှောဆုံးဖြတ်ချက်ချမိပါက အောင်မြင်မယ့်လမ်းစဖြင့် ဝေးသွားပါလိမ့်မယ်။
image
နောက်ပြီး ကိုယ့်အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင် အခြေအနေကိုလည်း လေ့လာရပါမယ်။ဘယ်သူရဲ့ စိတ်သဘောထားက ဘယ်လိုရှိတယ်၊ဘယ်သူတွေမှာ ဘာတွေ လိုအပ်နေလဲ အစရှိတဲ့ကိစ္စ ရပ်များကို လေ့လာထားရပါမယ်။ကိုယ့်ကိုယ်တိုင်အုပ်ချုပ်ရမယ့်အချိန်ရောက်လာခဲ့ရင် ဘယ်လို ကိုင်တွယ်ရမလဲ ။အုပ်ချုပ်မူ ယန္တရား ဘယ်လို လည်ပတ်ရမလဲ ဆိုတာ သိနိုင်မှ အောင်မြင်မူ့ အသီးအပွင့်တွေကိုခံစားနိုင်မှာဖြစ်ပါတယ်။
image
တချို့ ကိစ္စရပ်များမှာ ကိုယ်က အရင်ဆုံး အနစ်နာ ခံနိုင်မှ အောင်မြင်မူတွေကို ဆွတ်ယူစရာမလိုဘဲ ရရှိနိုင်မှာဖြစ်ပါတယ်။လုပ်ငန်း အသိုင်းအဝိုင်း များတွင် ကိုယ့်ဘက်က ဘာမှ မပေးဘဲ ခံစားခွင့်သာပိုမိုလိုချင်ကြတဲ့ လူအမျိုးအစားများရှိတက်ကြပါတယ်။ထိုလူတွေက ဆန်ပေးမှ ဆီရတာ ဆိုတဲ့စကားတွေကိုတွင်တွင်ကျယ်ကျယ် အသုံးပြုတက်ကြပါတယ်။နယူတန် ရဲ့ သက်ရောက်မူ တိုင်းမှာ တန်ပြန်သက်ရောက်မူရှိတယ်ဆိုတဲ့ နိယာမ အကြောင်းကို နားမလည်ခဲ့တာပါ။တစ်စုံတစ်ယောက်ကို တစ်ခုခု ပေးကြည့်ပါ။ဘာတစ်ခုမှ ပြန်မလာဘူးဆိုရင်တောင် အပြုံးချိုချိုလေး တစ်ခုကို သင်မြင့်တွေ့ ခံစားနိုင်ပါလိမ့်မယ်။
image
ဘဝမှ အောင်မြင်နိုင်ဖို့ အခွင့်အရေး နှစ်ကြိမ် ခန့်သာ လာတက်ပါတယ်။လာတဲ့အချိန်မှာ မိမိရရ ဆုပ်ကိုင်နိုင်ဖို့က မိမိ တာဝန်သာ ဖြစ်ပါတယ်။
ဘီလ်ဂိတ် ပြောသလို ဆင်းဆင်းရဲရဲမွေးလာတာဟာ ကျွန်တော်တို့အပြစ်မဟုတ်ပါဘူး၊ဆင်းဆင်းရဲရဲ သေသွားမှ ကျွန်တော်တို့အပြစ်ပါ။ ထို့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ လက်တကမ်းမှာရှိတဲ့ အောင်မြင်မူ တွေကို တုံဆိုင်းမူ မရှိဘဲ ဆွတ်ခူးလိုက်ကြရအောင်ညီအစ်ကိုတို့ရေ
image
Photo credited by google
thethtooaung@thethtooaung
MSC-157

Passion | Ecency