English စကားပြောနည်း

Words
256
Reading
2 min
Listen
Play
9y

English စကားပြောနည်း
image
English စကားပြောနည်းရေးရင်းနဲ့ တွေးမိတဲ့အပိုင်းလေးတွေ လျှာရှည်ကြည့်ပါမယ်။
လူတော်တော်များများ အလုပ်ကိစ္စနဲ့ Foreigner(နိုင်ငံခြားသား) တွေကိုစကားပြောတဲ့အခါ သူတို့ပြောတဲ့အကြောင်းအရာကိုနားလည်ကြတယ်။ပြန်ပြောဖို့ရာ အခက်အခဲကြုံ ကြရတယ်၊စာကြောင်းစီမရတာ၊ vocabulary(ဝေါဟာရ) မကြွယ်ဝခြင်း အစရှိသဖြင့် အခက်အခဲများကိုတွေ့ကြရတယ်လို့ပြောကြပါတယ်။အဓိက ကတော့ confidence(မိမိကိုယ်ကိုယုံကြည်မူ) မရှိတာပါ။
image
ငါပြောလိုက်တာမှားများသွားမလား၊ဒီတိုင်းမပြောဘဲနေတာတော်သေး ပြောလိုက်မှ အသံထွက်ဂွမ်းသွားမှ သေပြီ အရှက်တော့ကွဲပြီ ။အဲ့လို့မျိုးတွေတွေးပြီး မပြောဖြစ်ရာရနေ confidence မရှိဖြစ်လာတာပါ။ Language (ဘာသာစကား)ဆိုတဲ့အဓိပ္ပါယ်က communicate(ဆက်သွယ်ခြင်း) တစ်ဦးနဲ့တစ်ဦးဆက်သွယ်ခြင်းဖြစ်ပါတယ်။ရိုးရိုးလေးဘဲအရင်တွေးကြည့်ရအောင် တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ communicate လုပ်ဖို့ အဆင့် 2 ဆင့် ရှိပါတယ်။Understanding နှင့် Sutible response ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Understanding ဆိုတာ သူပြောတာနားလည်ဖို့ or ကိုယ်ပြောတာသူနားလည်ဖို့ နဲ့ Sutible Response ဆိုတာကတော့ သင့်တော်တဲ့အဖြေပြန်ပေးနိုင်ဖို့ဖြစ်ပါတယ်။ဥပမာ- ထမင်းစားပြီးပြီးလားမေးတာကို ကျောင်းမသွားချင်ဘူးလို့ ပြန်ဖြေတာက သင့်တော်တဲ့အဖြေမဟုတ်ပါဘူး။သူပြောတာနားမလည်လျှင် sorry လို့သာပြန်ပြောပေးပါ။နားမလည်မချင်း sorry လိုသာ ပြောပါ။ဟိုဘက်က သင်နားလည်အောင် တခြားကိုယ်လက်အမူအရာတစ်ခုနဲ့လုပ်ပြပါလိမ့်မယ် ။အဲ့တာဟာ communicate ပြုလုပ်ခြင်းပါ။ဘာသာစကားအကုန်လုံးအတူတူပါဘဲ communicate ပြုလုပ်ခြင်းပါ။အထာသိသွားရင် ဟာ လွယ်လှချည်လားဖြစ်သွားပါလိမ့်မယ်။အခုတော့ english language ကိုအဓိကထားပြီး ပြောပြပါမယ်။
image
english စာဟာ ကျွန်တော်တို့နဲ့အရမ်းဝေးတဲ့ ဘာသာစကားတစ်ခုမဟုတ်ပါဘူး။ဟိုးသူငယ်တန်းကနေ တက္ကသိုလ်တက်သည်အထိသင်လာတဲ့ ဒုတိယဘာသာစကားပါ။ ကျွန်တော်တို့ရဲ မြန်မာလူငယ်တွေတော်ကြပါတယ်၊စာတက်ကြတယ်၊စာဖတ်ကြတယ်၊ဒါပေမယ့်တစ်ခုပါဘဲ ပညာရေးစနစ်အားနည်းချက်ကြောင့် pratical ပိုင်းအားနည်းပါတယ်။presentation skill ပိုင်းညံ့ပါတယ် ။ဒါကျက်ဒါဖြေ ပညာရေးစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးပေါ့။အပြင်မှာ pratical မပြောဖြစ်တဲ့အတွက် ကြာလာတော့မပြောထွက်တာ ကိုယ့်ကိုယ်ကိုယ် confidence အားနည်းလာခြင်းဖြစ်လာပါတယ်။အဲ့တာကြောင့် သိရဲ့သားနဲ့ ပြောမထွက်ကြတာပါ။
အဲ့အတွက်အလေ့အကျင့် များများ လိုပါမယ် ။
image
English စာလေ့လာရာမှာ အပိုင်း ၄ ခုရှိပါတယ် ။4 skills လို့ခေါ်ပါတယ်။
1.Listening
2.speaking
3.reading
4.writing ဟု၍ ဖြစ်ပါတယ်။
အဲ့ 4 ခုမှာ Listening နဲ့ reading က တစ်တွဲ ဖြစ်ပါတယ်။speaking နဲ့ writing က ဒုတိယအပိုင်းဖြစ်ပါတယ်။
ပထမပိုင်း Listening နဲ့ reading ဘယ်လိုလုပ်ရမလဲ
ဘယ်လိုလေ့လာရမလဲဆိုတော့ ......ဟိဟိ channel myanmar website ကို ပုန်ကန်ပါ။သူတို့တင်ပေးတဲ့ မြန်မာစာတန်းထိုးကားတွေမကြည့်ပါနဲ့။ english suntitled ဖြင့်သာကြည့်ပါ။မသိတဲ့နေရာ အပိုင်းရောက်လျှင် dictionary လှန်ကြည့်ပါ။တော်တော်များများနားမလည်ရင်တောင် သူတို့ ဟန်ပန်အမူအရာကိုကြည့်ပြီး ဘာကိုရည်ညွှန်းတယ်ဆိုတာကို နားလည်ပါလိမ့်မယ်။ပြီးရင်လမ်းမှာတွေ့သမျှ ဆိုင်းပုဒ်တွေ စာတန်းတွေ လျောက်ဖတ်ပါ။speaking နဲ့ writing အပိုင်းကတော့ လေ့ကျင်ရမှာပါ။ပထမဦးဆုံး စတင်မိတ်ဆက်တဲ့အခါ how are you?where are you from? Where do you live?Are you married? အဲ့လိုနူတိဆက်တဲ့အပိုင်းတွေ သိထားရပါမယ်။Nice to meet you လို့ တစ်ဖက်က နူတ်ဆက်ရင် သူပြောတဲ့အတိုင်း Nice to meet you too လို့ပြန်နူတ်ဆက်ရပါမယ် too တစ်လုံးထဲပိုသွားတာပါ။
How are you? ဆိုရင် i am fine and you ဆိုပြီးပြန်ဖြေရပါမယ် ။And you ဆိုတာ သူကိုယဉ်ကျေးမူအရပြန်လည် Question ပြန်မေးတာပါ။နောက်ဆုံး ကိုယ်က တစ်ခုခု မေးချင်တယ် မပြောတက်ဘူးဆိုရင် အသံနေအသံထားနဲ့မေးလို့ရပါတယ် ။ ဘယ်လိုမေးရမလဲ ဆိုတော့ ရေသောက်အုံးမလား လို့မေးချင်တယ် ကိုယ်က Are you drink water? လို့မပြောတက်ဘူး ဆိုရင် Water? တစ်လုံးထဲသာအသံမြင့်ပြီးပြောလိုက်ပါ။(ဝါးတားစ်)သူနားလည်ပါတယ် ။ရေသောက်မလားလို့ပြောခြင်းကို ၊ဒါဆို coffee သောက်မလားဆိုရင် ။ကျန်တာမသိဘူး coffee ဘဲ သိတယ်ဆိုရင် Coffee? လို့အသံမြင့်ပြီးပြောလို့ရပါတယ်။အဓိက ကတော့ စာများများဖတ်ပါ ။ english subtitled ရုပ်ရှင်များများကြည့်ပါ။ 3 လအတွင်း သင့်ရဲ့ အင်္ဂလိပ်စာ စကားပြောစွမ်းရည်တိုးတက်ကောင်းမွန်လာခြင်းကိုတွေ့ရှိရပါမယ်။
အဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်။
Photo by google
Writer by thethtooaung@thethtooaung
MSC-157

English စကားပြောနည်း | Ecency