ကျွန်တော်နဲ့ဖုန်းကလေး

Words
322
Reading
2 min
Listen
Play
8y

မင်္ဂလာပါ Steemit မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ-
မနက်တိုင်း မနက်တိုင်း ကျွန်တော်အိပ်ယာက နိုးလျှင်နိုးချင်း အိပ်ချင်မူးတူးဖြင့် လိုက်ရှာတတ်တာက ကျွန်တော့ရဲ့ဖုန်းကလေးပါ။တစ်ခါတစ်လေဆို မျက်လုံးမဖွင့်ဘဲ လိုက်စမ်းနေတာဗျ။ဖုန်းကို ညကတည်းက အိပ်ချင်ဇောနဲ့ ဘယ်မှာထားမိမှန်းလည်း မစဉ်းစားဘဲ စမ်းနေတာက ရှာတွေ့ဖို့အနည်းငယ်တော့ ခက်တာပေါ့ဗျ။ကျွန်တော်လည်း ဖုန်းကိုစမ်းလို့မှမတွေ့ရင် စိတ်ကနည်းနည်းလေး မကြည်ချင်တော့။ဒီဖုန်းဘယ်ကိုများ သွားသလဲ ၊ ကျွန်တော်ရှာတဲ့အချိန် ဘာလို့ရှိမနေတာလဲအစရှိသဖြင့် အတွေးစတစ်ချို့ ခေါင်းထဲကိုပြေးဝင်လာပြန်သည်။အမှန်တကယ်တော့ ကိုယ်ကိုတိုင်က မျက်လုံးတောင်မဖွင့်ဘဲ အိပ်ယာမှာဇိမ်ခံရင်းရှာနေတာဆိုတော့ ဘယ်တွေ့နိုင်မလဲ။ဖုန်းကကော ခြေထောက်ပေါက်ပြီး တစ်ခြားနေရာသို့ သွားနိုင်လို့လား။လုံးဝစမ်းလို့မရမှ မျက်လုံးကလေးဖွင့်ပြီး အိပ်ယာခေါင်းရင်းဘက်မှာ ရှာလိုက်တော့ ကျွန်တော်စမ်းနေသောနေရာနဲ့ မဆိုစလောက်အနည်းငယ်လေးလွှဲနေလို့ပါ။ကျွန်တော်လည်းဖုန်းကို ကောက်ယူလိုက်သည်။ကျွန်တော်လက်ထဲကို ဖုန်းရောက်လာပြီဆိုတော့ ကျွန်တော်တစ်ခုခုကြည့်ပေတော့မည်။
IMG_20180507_230213.JPG
Image Credit Source
ကျွန်တော်လည်း ဖုန်းရဲ့ပါဝါခလုတ်လေးဖိလိုက်တာနဲ့ ပထမဦးဆုံးမြင်လိုက်ရသည်က ဖုန်းရဲ့လုံခြုံရေးအတွက်ပြုလုပ်ထားသော ကျွန်တော့ရဲ့လျှို့ဝှက်ဂဏန်းတွေပေါ့။လျှို့ဝှက်ဂဏန်းလေးတွေကိုလည်း ကျွန်တော်ကထားသာထားရတာ သိပ်တော့မထားချင်ဘူးဗျ။တစ်ခါတစ်လေများ လမ်းသွားရင်း ကိုယ်ကြိုက်တဲ့မြင်ကွင်းများကိုတွေ့လို့ ဓါတ်ပုံရိုက်ချင်ရင် ရိုက်လို့မရလိုက်တဲ့ အချိန်ခဏလေးမြင်ကွင်းများ လွတ်သွားတတ်လို့ပါ။ခက်တာမထားလို့လည်းမရပြန်။ကျွန်တော်တို့ အလုပ်ကကိုယ်တော်ချောတွေက တော်တော်ကို အစအနောက်သန်တဲ့လူတွေ။ထိုလူတွေကို ကြောက်လို့ဘဲ ကျွန်တော့မှာ လျှို့ဝှက်ဂဏန်းတွေထားရခြင်းပါ။သူတို့တွေကို လျှော့တွက်လိုက်ရင် ကျွန်တော်နောင်တအကြီးအကျယ်ရသွားနိုင်တယ်ဗျ။ဘာလို့လဲဆိုတော့ သူတို့လက်ဆော့ကာ စနောက်တာက တော်တော်ကိုမလွယ်တာ။
IMG_20180507_230234.JPG
Image Credit Source
သူတို့ကဖုန်းကို ဒီအတိုင်းတွေ့တာနဲ့ ကျွန်တော်ရွာလည်သွားအောင် ဖုန်း Contacts တွေကို နဂိုမူလအတိုင်းမဟုတ်ရလေအောင် ဆရာတော်ဘွဲ့နာမည်များ ၊ ဆရာလေးဘွဲ့နာမည်များဖြင့် သူတို့စိတ်ထဲတွေ့သမျှ အကုန်လျှောက်ပြောင်းပစ်ကြတာ။
အရင်တစ်ခါကဆို ကျွန်တော်လည်းမသိဘူး။ညနေအိမ်ပြန်ရောက်တော့ ဖုန်းတစ်လုံးဝင်လာတယ်။ကျွန်တော်လည်းဖုန်းလာလို့ဆိုပြီး Contacts ကိုကြည့်လိုက်တော့ ဆရာလေးဒေါ်သုဓမ္မသိင်္ဂီဆိုပြီးဖြစ်နေလေရော့။ကျွန်တော်ခေါင်းခြောက်သွားတယ်ဗျ။ကျွန်တော်နှင့်ရင်းနှီးသော ဆရာလေးမရှိပါဘူး။ဘယ်ကပါလိမ့်ဆိုပြီး ကိုင်လိုက်တာ ကျွန်တော့ရဲ့ဦးလေးက သူ့အိမ်ကိုခဏလာဖို့ ခေါ်ခြင်းပါ။ကျွန်တော်လည်း ဖုန်း Contacts တွေ ဘယ်လိုဖြစ်ရတာလဲဆိုပြီး ကျွန်တော့ဖုန်းထဲက Contacts တွေကို ကြည့်လိုက်တော့ သေပါပြီ။ကျွန်တော်မသိသော နာမည်တွေနှင့် ဆရာတော်ဘွဲ့တွေ ၊ ဆရာလေးဘွဲ့တွေအများကြီးက နေရာယူထားပေပြီ။ထိုအချိန်ကျမှ ကျွန်တော်လည်း သူတို့တွေလုပ်ထားကြပြန်ပြီဆိုတာ သိလိုက်ရတော့ဘာမှမတတ်နိုင်တော့ပါ။တော်သေးတာပေါ့ ကျွန်တော့မှာက အရေးကြီးဆက်စရာလူတွေက သိပ်မရှိတော့ အခက်အခဲမရှိခဲ့ပါဘူး။အကယ်၍များ ကျွန်တော့နေရာတွင်နောက်တစ်ယောက်ဆိုရင် အရေးကြီးသောဖုန်းနံပါတ်များပါသွားပါက အတော်ပင်အခက်အခဲဖြစ်သွားပါလိမ့်မည်။
IMG_20180507_230251.JPG
Image Credit Source

ထို့ကြောင့်သူတို့ရဲ့လက်ဆော့မှုတွေကို ကြောက်လွန်းလို့ ကျွန်တော့ရဲ့ဖုန်းကိုအခုတော့ lock ချထားလိုက်ပါပြီ။ဒါတောင်မှ တစ်ခါတစ်လေ ရမ်းသန်းပြီးလုပ်ကြည့်ကြသေးတယ်။အဲလောက်ကို အစအနောက်သန်သူတွေ။ကျွန်တော့အတွက်တော့ ထိုသို့အစအနောက်ခံရခြင်းကဘဲ ကောင်းသွားသလိုပါဘဲ။အခုဆိုရင် ကျွန်တော့ရဲ့ Steemit Password တွေကလည်း Note ထဲတွင်ရှိနေပြီဆိုတော့ ပိုလုံခြုံသွားတာပေါ့။အဲလိုသာမလုပ်ထားလို့ကတော့လား ဖုန်း Contacts လို Steemit Password ကိုသာ အလယ်ကတစ်လုံးလောက်ပြောင်းသွားလို့ကတော့ မတွေးရဲစရာ။
အဲလိုသာပြောင်းသွားလို့ကတော့ သူတို့ကို ကျွန်တော်တစ်ခုခုလုပ်ကိုပြန်လုပ်ရပေလိမ့်မည်။ဒီအတိုင်းခွင့်လွတ်လိုက်လို့တော့ဖြင့် ဘယ်လိုမှမဖြစ်နိုင်။Steemit က ကျွန်တော့ရဲ့ ငွေရှာစက် ၊ ကျွန်တော့ရဲ့စာကြည့်တိုက် ၊ ကျွန်တော်ရင်ဖွင့်ရာနေရာလေ။ Steemit သာ တစ်ခုခုဖြစ်သွားလို့ကတော့လား သူတို့တွေတကယ်မလွယ်တာ။ကျွန်တော်ပိုင်တဲ့ တစ်ခြားအပြင်ပစ္စည်းတွေကို သူတို့ကြိုက်သလိုနောက်ပြောင်တာကို သည်းခံပေမယ့် ကျွန်တော့ Steemit ကိုလာလုပ်လို့ကတော့ မလွယ်ဘူးသာမှတ်။အလုပ်မှာလည်း သူတို့ကိုတော့ ပြောတော့ပြောထားပြီးသား။အဲလိုသာလုပ်လိုက်လို့ကတော့ ပြန်လည်ပေးဆပ်ရမယ်လို့။ကျွန်တော့ရဲ့ Steemit က ဘယ်လောက်အရေးကြီးကြောင်း ကျွန်တော်သူတို့ကို အကုန်ပြောပြထားပြီးသားဆိုတော့ သူတို့လည်းဒါကိုတော့ သိပ်လက်မဆော့ရဲကြတော့ပြန်။
ကျွန်တော်က Steemit ကို ဘယ်လောက်တောင် စွဲနေပြီလည်းဆိုရင် မူးယစ်ဆေးသမားတွေ မူးယစ်ဆေးဝါးစွဲသွားတာထက်ကို ပိုနေပြီ။မူးယစ်သမားတွေက မူးယစ်ဆေးဝါးစွဲသွားရင်တောင် ကျွန်တော် Steemit စွဲတာကိုတော့ လိုက်မှီမည် မထင်ပါ။
IMG_20180507_230030.JPG
Image by my screenshot

ကျွန်တော်မနက်မိုးလင်း ဖုန်းကိုစဖွင့်ပြီး အင်တာနက်ကို စတင်အသုံးပြုပြီဆိုတာနဲ့ Chrome Browser ထဲက ကျွန်တော့ရဲ့ Account ဆီသို့သာ ပထမဦးဆုံးပြေးဝင်မိပါတော့သည်။ကျွန်တော်တင်ထားသမျှ post တွေမှ ရရှိမည့် SBD တွေ တက်လာနေသလား ၊ လျော့သွားသလားဆိုပြီး လျှောက်ကြည့်ရတာက အမော။SBD လေးတွေတက်လာရင်တော့ ပျော်လို့မဆုံး စိတ်ကူးကလေးက တစ်ယဉ်ယဉ်။လျော့သွားပြန်ရင်လည်း စိတ်မောရတာက မလွယ်။Post တွေကို ကြည့်ပြီးမှ Wallet ထဲကို သွားကာ ရရှိလာမည့် SP ကလေးများကို မျှော်လင့်ချက်ကြီးစွာ အပြေးအလွှားကလေး ကြည့်ရပြန်ပါတယ်။အကယ်၍များ ရစရာရှိပါက ယူလိုက်ပြီး ရစရာမရှိရင် ပြန်လည်ထွက်ရှိကာ Replies ဆီသို့သွားရောက်ကာ ကျွန်တော့ကို ဘယ်သူကလာမန့်ထားပြီး ဘယ်သူကကော သူ့တို့ Post တွေအတွက် Reply ပြန်ထားသလဲကြည့်ရပြန်တယ်။တကယ်လို့ ကျွန်တော်က ပြန်စရာရှိသည်များတွေ့လျှင်လည်း ပြန်လည် Reply လုပ်ပေးတတ်ပြန်သည်။နောက်ဆုံး ကျွန်တော့ Account ထဲက ကိစ္စများပြီးသည်ဆိုသည်နဲ့ MSC မှ တခြားစီနီယာ အစ်ကိုကြီးတွေ ၊ အစ်မကြီးတွေဆီကိုသွားရောက် Vote လို့နိုင်ရင် လုပ်ပေးခဲ့ပြီး comment ကလေးများဝင်ရောက် မန့်ခဲ့သေးသည်။
IMG_20180507_230106.JPG
Image by my screenshot

ကျွန်တော်သည် အရင်က Facebook သုံးခဲ့သလောက် အခုတော့ Steemit ဖြင့်ပင် အဆင်ပြေနေပါတော့သည်။နေ့လယ်နှင့် ညနေပိုင်းတို့တွင်လည်း Steemit မှ Steemit ဖြစ်နေကာ ကျွန်တော်ရဲ့ဖုန်းလေးအားလက်ကပင် သိပ်မချချင်တော့ပေ။ရုံးမှာဆိုလျှင် ခိုးခိုးသုံးရတာကအမော။လုပ်ဖော်ကိုင်ဖက်များဆိုလျှင် ကျွန်တော့ကို စချင်နောက်ချင်လာကြပေတော့သည်။ဤမျှ Steemit စွဲသွားရတာ ဘာကြောင့်လဲတဲ့။သူတို့ကို ကျွန်တော်ပြောပြပါတယ် Steemit အကြောင်းကို ဘယ်သူစိတ်ဝင်စားခြင်းမရှိကြပါဘူး။သူတို့ဘယ်လိုပင်ပြောပြော ကျွန်တော်ကတော့ ယခုအချိန်တွင် Steemit ကို မကြည့်ရမနေနိုင်တော့တဲ့အနေအထားကို ရောက်နေပြီဖြစ်ပါကြောင်း ကျွန်တော်၏ “ကျွန်တော်နဲ့ ဖုန်းကလေး” အကြောင်းကို ဒီတွင်ခေတ္တနိဂုံးချုပ်ပါရစေ။
စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Writter theinzawlin@theinzawlin
MSC - 128

ကျွန်တော်နဲ့ဖုန်းကလေး | Ecency