ကံကြမ္မာစေရာ

Words
257
Reading
2 min
9y
Listen to this post
~2 min

“ကံကြမ္မာစေရာ” (ယခင်မှအဆက်)

ယခင်အပတ်ဖတ်ရန် https://steemit.com/myanmar/@tharpauk/kan-km-undefinedsyaa

ငြိမ်သက်နေသော ရေပြင်ဟာ လှုပ်ခတ်သွားတဲ့လေကြောင့် လှိုင်းဂယက်ထသလို လူပျိုကြီး ကိုပြုံးချို၏ ငြိမ်သက်နေသော နှလုံးသားမှာလည်း ထိုမိန်းကလေးကြောင့် ရင်ခုန်လှိုက်မောခဲ့ရပါပြီ။ကိုပြုံးချိုမှာလည်း တစ်နေ့တစ်နေ့ထိုမိန်းကလေးလာမည်ကိုသာ မျော်နေပါတော့တယ်။တစ်သက်လုံး လူပျိုကြီးဆိုသောဂုဏ်ပုဒ်ကို ထိန်းသိမ်သွားမည်ဟုတွေးထင်ထားသော်လည်း ယခုထိုဂုဏ်ပုဒ်ကို စွန့်လွှတ်ရန်အကြောင်းကဖန်လာပေပြီ။
download (3).jpg

ထိုမိန်းကလေးမှာ ကိုပြုံးချိုလက်ဖက်ရည်ဆိုင်နှင့် ၅အိမ်ကျော်လောက်တွင်နေသော အဒေါ်အပျိုကြီးနှင့်အတူနေကာ နယ်မှလာ၍ စက်ချုပ်ပညာလာသင်နေသော စံပယ်ဟုခေါ် သောမိန်းကလေးဖြစ်ပါသည်။ စံပယ်သည် မိဘများမရှိ၍ အဒေါ်အပျိုကြီးမှခေါ်ထားကာ ကျွေးမွေးပြုစုစောင့်ရှောက်ထားခြင်းဖြစ်ပါသည်။ စံပယ်သည် လက်ဖက်ရည်ဆိုင်တွင် အမြဲတမ်းမထိုင် တတ်သော်လည်း တစ်ခါတစ်ရံတွင်မှသာ ထိုင်လေ့ရှိပါသည်။လက်ဖက်ရည်ဆိုင်ထိုင်သည့် အချိန်တွင် သူ့အား ကိုပြုံးချိုမှ စိတ်ဝင်စားစွာကြည့်နေသည်ကိုလည်း သတိထားမိပါသည်။ထို့ကြောင့် သူမ လက်ဖက်ရည်သို့သွားရန်ပင် မလုံမလဲဖြစ်လာပါသည်။ဒီလိုနှင့်တစ်နေ့မှာတော့ ကိုပြုံးချိုနှင့်စံပယ်ဆုံရန်အကြောင်းပေါ်လာပါတော့တယ်။
တစ်နေ့ ကိုပြုံးချို လက်ဖက်ရည်ဆိုင်အတွက် လိုအပ်သောပစ္စည်းများဝယ်ရန်ထွက်လာချိန်တွင် စံပယ်သည် ဈေးခြင်းတောင်းနှင့်ပြန်အလာ လမ်းတွင်ရှိသော ခွေးတစ်ကောင်မှလိုက်ဆွဲရာ ဈေးခြင်းတောင်းနှင့် ကိုးရိုးကားရားဖြစ်နေသော စံပယ်အားတွေ့လိုက်ရခြင်းဖြစ်ပါသည်။ ဒီလိုနှင့်ကိုပြုံးချိုလည်း ကိုက်မည်ဟု မာန်နေသောခွေးအား လမ်းတွင်ရှိသောအုတ်နီခဲဖြင့် ထုလိုက်ရာ ခွေးမှထွက်မပြေးသည့်အပြင် သူ့ဘက်သို့လှည့်လာသဖြင့် ကိုပြုံးချိုလည်း အခြေအနေမဟန်မှန်းသိသောကြောင့် စံပယ်လက်ထဲမှဈေးခြင်းတောင်းကို ကူဆွဲကာ နှစ်ယောက်သားတင်ပါးနှင့်တစ်သားတည်း ဖြစ်ကာ လွတ်အောင်ပြေးခဲ့ရပါသည်။တော်တော်ဝေးဝေးရောက်မှသာ နှစ်ယောက်သား ပြေးနေသောခြေထောက်များကို ဘရိတ်အုပ်လိုက်ရပါသည်။ဒီတော့မှသာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်ဆိုင်ကြည့်မိပြီး ရှက်စိတ်များ ၀င်လာကာ မတိုင်ပင်ပါဘဲ နှစ်ယောက်သားရယ်မိကြပြီးနောက် စကားပြောမထွက်ကြဘဲ အခြေအနေမှာ ငြိမ်သက်သွာပါသည်။
ငြိမ်သက်နေသော အခြေအနေကို စတင်ဖြိုခွင်းလိုက်သော ကိုပြုံးချိုက
“ညီမ ဘာဖြစ်သွားသေးလဲ ခွေးကိုက်မိသေးလား”
“ဟုတ်……ဘာမှမဖြစ်ပါဘူးအစ်ကို အစ်ကိုရောဘာဖြစ်သွားသေးလဲ”
“အစ်ကိုလဲ ဘာမှမဖြစ်ပါဘူးညီမ” ဘာမှမဖြစ်ဘူးသာဆိုတယ် ကိုပြုံးချို ပုဆိုးမှာ ခွေးလိုက်၍ပြေးခဲ့ရသောကြောင့် ဒူးလောက်ထိပြဲသွားခဲ့ပါတယ်။ဒီလိုနှင့် ကိုပြုံးချိုနှင့်စံပယ်မှာ ခွေးတစ်ကောင်ကြောင့် သူတို့၏ရင်းနှီးမှုစတင်ခဲ့ပါတယ်။နောက်ပိုင်းတွင်တော့ စံပယ်လည်း တစ်ခါတစ်ရံ လက်ဖက်ရည်ဆိုင်လာထိုင်တတ်သလို ကိုပြုံးချိုမှာလည်း စံပယ်တို့အိမ်သို့ အကြောင်းမရှိအကြောင်းရှာသွား လာတတ်ခဲ့ပါတယ်။အချိန်ကြာလာသောအခါ သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက်ဖွင့် မပြောကြ သော်လည်း နှလုံးသားချင်းမှာ နားလည်မှုများရှိလာခဲ့ကြပါတယ်။တစ်နေ့သောအချိန်တွင် ကိုပြုံးချိုတစ်ယောက် စံပယ်ကို သူ၏အချစ်ကိုဖွင့်ပြောရန် ချိန်းဆိုလိုက်ပါသည်။
“ညီမ အစ်ကိုညီမကိုပြောစရာရှိတယ်”
“ပြောလေအစ်ကို ဘာပြောမလို့လဲ”
“ဟို …ဟို…အစ်ကိုလေ ညီမကို ချစ်မိနေပြီကွယ် ညီမဘက်ကရောအစ်ကို့ကိုမေတ္တာထားနိုင်မလားလို့”
“ရှင်”
စံပယ်မှာ မျော်လင့်ထားသောစကားဖြစ်သော်လည်း ခုလိုမျိုးတကယ်ကြားရတဲ့အခါ အံ့သြခြင်းနှင့် ၀မ်းသာခြင်းတို့ဟာ စိတ်ထဲပြေးလွှားလှုပ်ရှားနေပါတယ်။ဒါပေမယ့် ချက်ချင်းအဖြေပြန်ပေးချင်သော်လည်း မိန်းကလေးတို့ရဲ့ အရှက်သိက္ခာကြောင့် တစ်ပတ်ကြာမှသာပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
“ အစ်ကို ညီမကမိန်းကလေးဆိုတော့လေ စဉ်းစားပါရစေဦးနော်”
“ဘယ်လောက်ကြာအောင်စဉ်းစားပြီး ဘယ်လောက်ကြာအောင်စောင့်ရမှာလဲ အစ်ကိုကတော့ မစောင့်နိုင်တော့ဘူး”
“ညီမက အဒေါ်နဲ့နေရတာပါအစ်ကို နောက်ပြီး မိဘတွေကမရှိတော့ဘူးဆိုတော့ ညီမတစ်ဘ၀စာကို အချိန်ယူပြီးစဉ်းစားချင်လို့ပါ တစ်ပတ်တော့စောင့်ပေးပါဦးအစ်ကိုရယ်”
“အင်း ညီမကစောင့်ဆိုတော့လဲ စောင့်ရဦးမှာပေါ့ ဘာတတ်နိုင်မှာလဲ”
ဒီလိုနဲ့ကိုပြုံးချိုတစ်ယောက် တစ်ပတ်ကြာမှ စံပယ်ဆီကအဖြေရမယ့်ဆိုသောကြောင့် သူ့အတွက်တော့ တစ်ပတ်ဟာ ပိုကြာသလိုထင်ရတယ်။ကြားထဲမှာလဲ စံပယ်ကလက်ဖက်ရည်ဆိုင်လာမထိုင်တော့ ကိုပြုံးချိုတစ်ယောက်စံပယ်ကများ စိတ်ဆိုးသွားပြီလားဆိုပြီး စိုးရိမ်စိတ်ကလဲ ၀င်မိပါတယ်။ဒီလိုနဲ့ ၆ ရက်မြောက်နေ့မှာတော့ စံပယ် လက်ဖက်ရည်ဆိုင်ထဲ ၀င်လာတာကို မြင်လိုက်ရပါတယ်။ကိုပြုံးချိုလဲ ဟန်မဆောင်နိုင်ဘဲ စံပယ်နားကိုလျှောက်သွားလိုက်ပါတယ်။
“စံပယ် ခုတလော ဆိုင်ဘက်မလာဘူးနော် ဘာဖြစ်လို့လဲ ကိုယ့်ကိုစိတ်ဆိုးလို့လား”
“အဲလိုမဟုတ်ပါဘူးအစ်ကိုရယ် ညီမအလုပ်လေးတွေရှုပ်နေတာနဲ့ နောက်ပြီး အစ်ကိုနဲ့မျက်နှာချင်းဆိုင်ရမှာ ရှက်လို့ပါ”
“အော် တော်သေးတာပေါ့ အစ်ကို့မှာ စံပယ်စိတ်ဆိုးသွားပြီလားလို့ စိတ်ပူလိုက်ရတာ”
“စံပယ် မနက်ဖြန် အဖြေပေးဖို့တစ်ပတ်ပြည့်ပြီနော် အစ်ကိုကတော့ စိတ်မရှည်တော့ဘူး”
“အစ်ကိုရယ် စောင့်လက်စနဲ့ စိတ်ရှည်ပါနော် မနက်ဖြန် ညီမတို့တွေ့တဲ့အရင်နေရာမှာဘဲ၁၀နာရီ စောင့်နေပါနော်”
603x339_story-20e99f6c-0afb-5120-869f-e742330353ed_589913.jpg

တစ်ပတ်ပြည့်သောမနက်တွင် ကိုပြုံးချိုတစ်ယောက် ၀ီရိယတွေကောင်းပြီး အစောကြီးအိပ်ယာထခဲ့ပါတယ်။ချိန်းထားတဲ့နေရာကို သွားဖို့အတွက် ရေချိုး အ၀တ်အစားလဲ ပြင်ဆင်ပြီး စောစောထွက်ခဲ့ပါတယ်။ သူနဲ့ စံပယ်စားဖို့အတွက် မုန့်များကိုဝယ်အပြီး လမ်းကူးရန် ဖြတ်သောအခါ
“ကျွီ ……ဒုန်း …….၀ုန်း ”
“ဟာ ကားတိုက်သွားပြီဟ လုပ်ကြပါဦးဟ”
တစ်ယောက်တစ်ပေါက်အော်သံများဖြင့် ဆူညံကုန်ကြပါသည်။ကိုပြုံးချိုတစ်ယောက် ချစ်ရသည့်သူဆီက အဖြေရမည်ဆိုသော စိတ်ကူးဖြင့် လမ်းဖြတ်အကူး အရှိန်ဖြင့်မောင်းလာသောကားကြောင့် ကိုပြုံးချိုတစ်ယောက် အဖြေကိုမသိနိုင်တော့ပါ။ဘ၀တွင် အောင်မြင်အောင် ကြိုးစားရင်း အထိုက်အလျောက်အောင်မြင်လာချိန်တွင် တစ်ခါမျှမခံစားဖူးသောအချစ်ကို ရရှိနိုင်တော့မည့်အချိန်တွင်မှ ကံကြမ္မာ၏စေရာအတိုင်း လူ့လောကကြီးမှ တိတ်ဆိတ်စွာထွက်ခွာသွားရပေပြီ။အဖြေပေးဖို့အတွက် စောင့်နေရှာသော စံပယ်တစ်ယောက်လဲ ကိုပြုံးချိုတစ်ယောက်မလာနိုင်တော့သည်ကိုမသိဘဲ စောင့်မျှော်ရင်းဖြင့်သာ……………..။
I-miss-you-girl-waiting-for-her-lover.jpg
thant logo.jpg

Photo Credit : Google Image
Writer- Thant Zin Soe(tharpauk@tharpauk)
MSC 134

ကံကြမ္မာစေရာ | Ecency