ဘယ်အရွယ်ရောက်ရောက်လေ့လာ၍မကုန်သောပညာများပါလားလို့၊ ကိုယ်နေခဲ့တဲ့နေရာကဒီအချိန်အနွေးထည်မချွတ်တန်းဝတ်ရတဲ့မြို့ကနေ အဝတ်မကပ်ချင်လောက်အောင်ပူတဲ့မြို့ကိုရောက် အပူအအေးကမမျှ Aircon အခန်းထဲကအေးအပြင်ကိုထွက်ဟုတ်ကနဲအပူဒဏ် လူးလဲအံ့ကြိတ်ခံရင်း နှာစေး၊ချောင်းဆိုးလို့ အစားအသောက်ကပါပျက်ချင်နေပေါ့၊ စားလို့ကောင်းကောင်းမကောင်းကောင်းရှိတဲ့ကန်တင်းဆိုင်လေးအားကိုးလို့ ကျိတ်မှိတ် အားတင်းရင်း ဒီအချိန်တွေမြန်မြန်ကုန်ပါစေတော့လို့