ဒီနေ့အိမ်နားကအန္တရယ်ကင်းဆွမ်းကပ်အလှူကိုတရားနာသွားရင်းတွေးမိတာလေးပါ ဆရာတော်တွေကအလှူအိမ်အတွက်အန္တရယ်ကင်းစေဖို့ မေတ္တာသုတ် အစချီတဲ့တရားတော်တွေရွတ်ဖက်တဲ့အချိန်မှာ တရားနာတဲ့သူတစ်ချို့လိုက်ဆိုနေတာကိုကြားမိတယ် အန္တရယ်ကင်းတရားကိုရွတ်ဖတ်တဲ့အချိန်သေသေချာချာနာယူပါကနာယူသူအတွက်အကျိူးရှိပါတယ် လိုက်ပြီးသံပြိုင်လိုက်ဆိုနေပါကမိမိအတွက်အကျိုးမရှိစေပါဘူးလို့ ဆရာတော်တစ်ပါးမိန့်ကြားတာကိုနာယူဖူးပါတယ်။ ကျမတို့ဗုဒ္ဓဘာသာတော်တော်များများတွေဟာ မိရိုးဖလာဗုဒ္ဓဘာသာတွေတော်တော်များပါလားလို့တွေးမိတာပါ။ ကျမလည်းဒီအရွယ်ရောက်သည်အထိ တော်တော်များများကိုသေချာ လေ့လာနေရပါသေးတယ်။ ပုံကတော့ဘာရယ်မဟုတ် ဘုရားသွားတုန်းကပုံလေးတင်လိုက်တာပါ😊