ဖြတ်စာ (၁)

Words
28
Reading
1 min
Listen
Play
8y

မှတ်တမ်းမှာနေရာမတင်နိုင်တော့
တချက်လှမ်းကာဖြေစရာရင်ခွင်ရှာဖို့
ခြေဗလာကန္တာခရီးလွင်ပြင်လည်း
မငြီးနှင်ခဲ့ရပါတယ်။
မဆုံးနိုင်သံသရာကို
အရှုံးအနိုင်နှစ်ဖြာမခွဲဘဲ
အပြုံးယိုင်ယိုင်လေးတစ်ရစ်လည်း
ပေးပစ်ခဲ့ရပါတယ်။
အသိုက်အမြုံတိုးချဲ့ဆောက်ချင်လို့
မင်းကို
စရိုက်လုံတဲ့လူလို့တွေး
ထွေးပွေ့ယုယမှုတွေလည်း
ပြုခဲ့ရပါတယ်။
အားကိုးစရာ နေရာသစ်ဟာဖြင့်
အများတိုးကာဝေဒနာဖြစ်နေစေတော့
ဖြေစရာဆိုတာလည်း မရှိတော့ပါဘူး။
အချစ်ရေ....
ကမ်းတစ်ဖက်ကို
လှမ်းမထွက်ချင်ပေမယ့်
မှန်းခက်တဲ့ မင်းလျှောက်ထုံးမှာ
ငါ...မပျောက်ဆုံးချင်တော့ဘူး။

စုမွန်သွယ်

Photo credit - http://www.portoalegre.travel/wallpapers/letter-wallpaper-hd/

ဖြတ်စာ 1.jpg

ဖြတ်စာ (၁) | Ecency