ချစ်မိပါသည် ………သို့သော် (၅) (ဇာတ်သိမ်း)

Words
308
Reading
2 min
Listen
Play
8y

ချစ်မိပါသည် သို့သော် (၁)

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-1

ချစ်မိပါသည် ………သို့သော် (2)

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-2

ချစ်မိပါသည် ………သို့သော် (3)

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-3

ချစ်မိပါသည် ………သို့သော် (4)

https://steemit.com/msu/@sumonthwe/undefinedsmipathny-tho-etha-4

ချစ်မိပါသည် ………သို့သော် (5) ဇာတ်သိမ်း

-- မောင်နှင့် မောင့်အမျိုးသမီးတို့စီစဉ်ပေးသော သူမ၏မင်္ဂလာပွဲလေးသည် တိတ်ဆိတ်ခြောက်ကပ်စွာဖြင့်ပြီးဆုံးခဲ့သည်။ ညီညီသည် မောင့်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သည့် အားလျော်စွာ သူမအပေါ်တွင်လည်း အင်မတန်ချစ်မြန်နိုးသည်။ သူမဘဝကို နားလည်စာနာပေးသည်။ သူမလိုအပ်နေသော နွေးထွေးမှုကို အပြည့်အဝပေးသည်။ လမ်းပျောက်နေသော သူမဘဝကိုဦးဆောင်မှုပေးသည်။ မင်္ဂလာဆောင်ပြီး လေးလလောက်အထိတော့ သူမနှင့်ညီညီသည် ဝတ္တရားအရသာ ဆက်ဆံနေရသကဲ့သို့ ခပ်တန်းတန်းသာရှိခဲ့သည်။ သူမသည် ညီညီနှင့်အတူရှိနေသည့်တိုင်အောင် မောင့်ကိုမေ့မရ။ သတိရတိုင်းငိုမိသည်။ ညီညီသည် သူမနှင့်တသားတည်းမဖြစ်ဟုခံစားရသည်။ မောင်သည် သူ့ဘဝလွတ်မြောက်ဖို့အတွက် သူမကိုညီညီနှင့်ဇွတ်အတင်းစီစဉ်ပေးခဲ့သည်ဟု သူမနားလည်ထားသည်။ သူမဘဝအတွက်ဟုပြောသော်လည်း တကယ်တမ်းတော့ မောင့်ဘဝအတွက်သာဖြစ်သည်။ မောင့်မိသားစုသာယာရေးအတွက်သာဖြစ်သည်။ မောင်နှင့်မောင့်မိသားစုကို မနှောင့်ယှက်နိုင်ရန် သူမဘဝကိုညီညီနှင့်တုတ်နှောင်လိုက်ခြင်းဖြစ်သည်။ ညီညီသည် ရိုးသားသည်။ အေးဆေးတည်ငြိမ်သည်။ စာနာသနားတတ်သည်။ မောင်၏အကောင်းဆုံးအကြောင်းပြချက်မှာ မောင့်စကားကိုအမြဲနားထောင်တဲ့ မောင့်အချစ်ဆုံးသူငယ်ချင်းဖြစ်သည်ဆိုသည့် အချက်ပင်။ အဖက်ဖက်က သူမစဉ်းစားသည်။ အကြိမ်ကြိမ်စဉ်းစားသည်။ တယောက်တည်းနေနိုင်ရန်လည်း ကြိုးစားကြည့်သည်။ ညီညီနှင့် မင်္ဂလာမဆောင်ခင် ရှစ်လလာက်အချိန်ယူပြီးစဉ်းစားသည်။ မောင့်ကိုမေ့နိုင်ရန်တခုတည်းအတွက်တော့ ညီညီနှင့်လက်မတွဲချင်။သူမဘာဖြစ်ချင်တာလဲစဉ်းစားသည်။ မိသားစုဘဝလေးတခုကို ထူထောင်ချင်သည်။ မောင့်မိသားစုလေးလိုမျိုး သူမဖြစ်ချင်သည်။ မောင့်ကိုလည်း ထပ်ပြီး စိတ်မညစ်စေချင်တော့။ ကိုကို့ဆီက ပေးကမ်းထောက်ပံ့မှုများလည်း မလိုချင်တော့။ တနိုင်တပိုင်အလုပ်ကလေးလည်း လုပ်ချင်သည်။ ချစ်စရာမိသားစုလေး ဘဝကိုလည်း လိုချင်သည်။

အချိန်ကြာကြာစဉ်းစား ပြီးတဲ့နောက်တော့ ညီညီနှင့်လက်ထပ်ဖို့သူမသဘောတူခဲ့သည်။ ထိုသို့ဖြင့်ပင် ညီညီနှင့်သူမသည် အဆင်ပြေသည်လည်းမဟုတ် အဆင်အပြေသည်လည်းမဟုတ်ဘဲ တယောက်ကိုတယောက် မဝံ့မရဲဖြင့်သာဆက်ဆံနေထိုင်ခဲ့ကြသည်။

-- ထိုသို့ဖြင့်တဖြည်းဖြည်းသူမတို့ရင်းနှီးလာသည်။ တွယ်တာလာသည်။ ညီညီအိမ်ပြန်လာချိန်ကို သူမမျှော်တတ်လာသည်။ သူမအတွက်ဝယ်လာသော ချိုချိုချဉ်ချဉ်စားစရာများကို ကြည်ကြည်နူးနူးစားတတ်လာသည်။ ရုံးပိတ်ရက်တွင် နှစ်ယောက်သားလက်တွဲပြီးဈေးသွားသည်။ သူမပခုံးကိုခပ်တင်းတင်းဖက်ထားသော ညီညီ့လက်များသည် သူမအတွက် အားအင်ဖြစ်လာသည်။ တခါတရံ တီဗီကြည့်ရင်း ညီညီ့ရင်ခွင်ထဲတွင်ပင် သူမအိပ်ပျော်သွားတတ်သည်။ ဒီတခါတော့ဖြင့် သူမဘဝလုံခြုံပြီဟု ခံစားလာရသည်။ ညီညီနှင့်သူမ၏အိမ်ထောင်သက် ခြောက်လပြည့်ခဲ့ပြီ။ သူမသတိမထားမိသော်လည်း ညီညီက ခြောက်လပြည့်မင်္ဂလာလက်ဆောင်ဆိုပြီး အကျီ င်္တထည်ဝယ်လာသည်။ ညစာကိုအပြင်မှာသွားစားကြသည်။ ဘဝတွင်တခါဖူးမျှမရခဲ့သော ပျော်ရွှင်မှု ကြည်နူးမှု ရင်ခုန်မှုများကို သူမခံစားရသည်။ ညီညီသည် မှောင်နေသောသူမဘဝကို အလင်းပေးသော နတ်ဘုရားတပါးကဲ့သို့ပင်။ သူမဘဝကို နောက်ထပ်အရောင်တောက်စေသော အဖြစ်တခုမှာ သူမထံတွင် ကိုယ်ဝန်ရှိလာဖြင်းဖြစ်သည်။ ညီညီရောသူမပါ ဖော်မပြတတ်အောင်ပျော်ကြသည်။ ယခုမှပင်သူမဘဝသည် စိုပြေငြိမ်းချမ်းတော့သည်။ အေးချမ်းတည်ငြိမ်တော့သည်။ မျှော်လင့်ချက်ကလေးများ တဖျက်ဖျက်ထွန်းလင်းလာသည်။ သူမလိုချင်သော မိသားစုဘဝလေးကို ချစ်သောညီညီနှင့်အတူ ရယူပိုင်ဆိုင်နိုင်ပြီမဟုတ်ပါလား။

-- ကံကြမ္မာသည် ထူးဆန်းလွန်းလှသည်။ လောကတွင် အရာရာသည် ဒွန်တွဲနေသည်ဆိုသော်လည်း သူမဘဝသည် ကောင်းခြင်းနည်း၍ ဆိုးခြင်းများသာ ပုံအောများပြားလွန်းသည်။ မိုးတွေသည်းသည်းမည်းမည်းရွာသောနေ့၌ ညီညီအိမ်ပြန်နောက်ကျသောကြောင့် အဆက်အသွယ်မလုပ်ဖြစ်တာကြာပြီဖြစ်သော မောင့်ဆီကိုဖုန်းဆက်မေးလိုက်သည်။ အိမ်ပြန်ချိန်ထက် အတော်ကလေးနောက်ကျနေသောကြောင့် သူမစိတ်ပူမိသည်။ မောင်နှင့်မောင့်အမျိုးသမီးသည် သူမကိုအားမငယ်ဖို့ပြောရင်း သူမတယောက်တည်းရှိသောအိမ်သို့ ရောက်လာကြသည်။ ညီညီပြန်မလာမချင်း သူမကိုစောင့်ပေးမည်ဟုပြောသည်။ ကိုယ်ဝန်ရှိနေသောကြောင့် ပို၍အားငယ်မိသည်။ ညသည်အတော်လေးနက်လာခဲ့တော့သည်။ ညီညီ့ဆီကဘာအဆက်အသွယ်မှမရသေး။ ဖုန်းလည်းဆက်လို့မရ။ သူမရင်ထဲမှာ ဘလောင်ဆူလွန်းလှသည်။ မောင့်အမျိုးသမီးက သူမကို ငြိမ်ငြိမ်ထိုင်နေဖို့ပြောသော်လည်း သူမမထိုင်နိုင်။ အိမ်ရှေ့နှင့်အနောက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ ပါးစပ်ကလည်း အစီအစဉ်မကျသောဘုရားစာများကို တရဆက်ရွတ်နေမိသည်။ ထိုစဉ်ဖုန်းဝင်လာသည်။ ရင်ထဲမှာတဒိန်းဒိန်းဖြင့် သူမဖုန်းကိုင်မည်လုပ်တော့ မောင်ကမကိုင်ခိုင်းဘဲ သူမကိုထိုင်ခုံမှာထိုင်စေသည်။ ပြီးတော့မောင်ကဖုန်းကိုင်သည်။ ဟုတ်ကဲ့ ဟုတ်ပါတယ် ဆိုတာကလွဲ၍ မောင့်ဆီကဘာစကားသံမှမကြားရ။ ဖုန်းပြောပြီးသွားသောအခါ မောင်က သူမကိုဝမ်းနည်းလွန်းသောအမူအရာဖြင့်ကြည့်သည်။ သူမရင်ထဲတွင်ဆို့တက်သွားသည်။ ခေါင်းထဲတွင်လည်း မိုက်ကနဲဖြစ်သွားသည်။
'' ကဲ ညီမလေး စိတ်အေးအေးထား။ ကိုယ်တို့ဆေးရုံလိုက်ကြမယ်။ ဘာမှအားမငယ်နဲ့နော်။ ဘာပဲဖြစ်လာဖြစ်လာ ညီမလေးနားမှာ ကိုယ်တို့မိသားစုရှိနေပေးမယ် ''
သွားပြီ။ လောကကြီးသည် မှောင်အတိကျသွားလေပြီ။ တလောကလုံးမှောင်နှင့်မည်းမည်းဖြစ်သွားလေတော့သည်။ အားလုံးပြီးဆုံးသွားခဲ့လေတော့သည်။ ထိုသည်ပင် သူမဘဝတည်း။

-- ကားတိုက်၍သေဆုံးသွားသော ညီညီ့အသုဘကိစ္စအဝဝကို မောင်တို့မိသားစုကတာဝန်ယူ စီစဉ်ပေးသည်။ ညီညီ့သတင်းကြားပြီး သတိလစ်မူးလဲသွား၍ ကိုယ်ဝန်ပါပျက်ကျသွားသော သူမကျန်းမာရေးကိစ္စအဝဝကိုလည်း မောင်တို့မိသားစုက ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးသည်။ ယခုတော့ သူမဘဝသည် တယောက်တည်းသာ။ အထီးကျန်မြဲသာ။ မျှော်လင့်ချက်မဲ့သာ။ အရာအားလုံးသည် သူမကိုစုတ်ချေမွခဲ့သည်။ လောကဓံသည် သူမဘဝကို နေရာလပ်မရှိအောင် ရိုက်နှက်ခဲ့ကြသည်။ ယခုတော့ ပြီးပြီ။ ပတ်ဝန်းကျင်ရဲ့လှောင်ရယ်သံ စုတ်သပ်သံ ကဲ့ရဲ့သံတွေနဲ့ဝေးရာမှာ သူမတကိုယ်တည်းသာအေးချမ်းတော့မည်။

-- သူမခန္ဓာကိုယ်သည် တိမ်ဆုပ်တွေကြားမှာ စိမ့်ကနဲစိမ့်ကနဲဖြင့် လှိုက်မောနေသည်။ ဆံပင်တွေသည် အတိုင်းအဆမရှိလွင့်မျောနေသည်။ ဆန့်တန်းထားသောလက်များ ထုံကျင်အေးစက်နေသည်။ အကျီ င်္ကောာ်လံစသည် သူမ၏နားရွက်အဖျားကို အတိတိဖြင့်ရိုက်ခတ်နေသည်။ ဇောက်ထိုးဖြစ်လိုက် အတည့်ဖြစ်လိုက်ဖြင့် သူမခန္ဓာကိုယ်သည် မတည်ငြိမ်နိုင်သေး။ မျက်နှာပေါ်သို့ တိမ်တဆုပ်ပြုတ်ကျလာသည်။ စိုစွတ်အေးမြမှုကိုခံစားရသည်။ ထို့နောက်တော့ တိမ်များနှင့်အတူ စီးမျောရင်း တွဲခိုရင်းဖြင့်……………
'' ဘုန်း''
''……''
''……''
အားလုံးငြိမ်သက်သွားသည်။ တောင်ခြေတွင် သူမနှင့်အတူ အားလုံးငြိမ်သက်သွားသည်။ သူမနှင့်အတူ သူမကံကြမ္မာလည်း ငြိမ်သက်သွားတော့သည်။ အခုတော့ သူမအနားတွင် ကိုကိုလည်းမရှိတော့ ။မောင်လည်းမရှိတော့။ ညီညီလည်းမရှိတော့။ ရင်သွေးလေးလည်းမရှိတော့။ ဝိုင်းဝန်းကဲ့ရဲ့လှောင်ပြောင်ကြတဲ့ ပတ်ဝန်းကျင်လည်းမရှိတော့။ သူမထံတွင် သူမအသက်သည်လည်း …………………
…………………………
…………………………………………… မရှိတော့။

စုမွန်သွယ်

MSU - 057

Photo credit - https://cinincarriere.nl/alleen-zijn/
ချစ်မိပါသည်.jpg

ချစ်မိပါသည် ………သို့သော် (၅) (ဇာတ်သိမ်း) | Ecency