အတိတ်ကြိုးနဲ့နှောင်တဲ့နွယ်

Words
30
Reading
1 min
Listen
Play
8y

ငါဘာဖြစ်နေတာလဲ
ငါဘာဖြစ်နေတာလဲ
မေးခွန်းအထပ်ထပ်ကြားမှာ
သူတို့စိုက်ခဲ့ဖူးတဲ့စူးတွေနဲ့
ငါ့မှာ
ညိလို့ညစ်လို့။

မေ့ပစ်ရမှာသိပေမယ့်
မေ့ပစ်ဖို့နှမျောနေတဲ့အတိတ်တွေ
ငါ့ပင်လယ်မှာတော့
လှိုင်းတွေအဖြစ် ရိုက်လို့ပုပ်လို့။

မမြင်ချင်တာကို မမြင်ချင်တာများ မျက်လွှာချရုံနဲ့ပြီးမနေနဲ့
သံသရာအဆက်ဆက်မှာ
ဘယ်ချစ်ခြင်းမှမမြင်နိုင်တော့အောင် အလွှာအဆုံးအထိထိုးဖောက်လိုက်။
ဟိန်းရုံဟောက်ရုံနဲ့တော့
ခြင်္သေ့ဖြစ်မလာနိုင်ဘူးမဟုတ်လား
မေ့ဖို့ပစ်ဖို့လည်း သတ္တိကလိုသေးတော့
အခုထိ
လူးလို့လွင့်လို့။
အခုထိလေ
ငါ့မှာ
လူးလို့လွင့်လို့။

စုမွန်သွယ်

Photo Credit - http://livedreamlove2.tumblr.com/

8b917bec8db68f982872a422d17f5779.jpg

အတိတ်ကြိုးနဲ့နှောင်တဲ့နွယ် | Ecency