Frida Kahlo သို့မဟုတ် ဒဏ်ရာပြတိုက်

Words
294
Reading
2 min
Listen
Play
8y

ဖရီဒါခါလို

သူမက ကမ္ဘာပေါ်မှာ ရှားရှားပါးပါး အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီး ပန်းချီဆရာမ တစ်ယောက်။ မက္ကစီကန် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ဖရီဒါခါလို ရဲ့ ဘ၀က စိတ်ဝင်စားဖို့ကောင်းသလို သူ့ရဲ့ အနုပညာကလည်း ဒဏ်ရာတွေနဲ့ နက်ရှိုင်းလှတယ်။ဒီ ဒဏ်ရာတွေကပဲ သူ့ကို ကမ္ဘာကျော် Artist တစ်ယောက်ဖြစ်စေခဲ့တယ်။

သူ့ဘ၀ဇာတ်ကြောင်းကို အကြမ်းဖျင်းပြောရရင် သူ့ကို 1907 ခုနှစ်မှာ မွေးဖွားတယ်။ လှပကျော့ရှင်းတဲ့ သူမဟာ အချစ်ရေးမှာရော ကျန်းမာရေးမှာပါ ကံမကောင်းခဲ့။ ၁၉၂၅ မှာ ကြီးကျယ်တဲ့ မတော်တဆ မှု တစ်ခုကြောင့် သူမဟာ ခါးရိုးခွဲစိတ်မှုပေါင်း များစွာ လုပ်ခဲ့ရသလို ဆေးရုံပေါ်က အိပ်ယာထဲမှာပဲ လှဲလျောင်းနေခဲ့ရတဲ့ ရက်တွေ သိပ်များခဲ့ပါတယ်။ အားကိုးအားထား အတွက်ရော ၊ ငယ်ငယ်ကတည်းက လေးစားအားကျခဲ့တဲ့ နာမည်ကျော်ပန်းချီဆရာ ဒီရေဂို ရီဗာရာ ဆိုသူနဲ့ အိမ်ထောင်ပြုခဲ့ပေမယ့် သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ် အံ့ကြိတ်သည်းခံခဲ့ရတယ်။နောက်ဆုံး ကုန်ကုန်ပြောရရင် ဖရီဒါရဲ့ ညီမ အရင်းနဲ့တောင် ဖောက်ပြန်ခဲ့တဲ့ လင်ယောက်ျားပါ။ ဒီလောက်ဆိုရင် သူမရဲ့ ပန်းချီကားတွေဟာ ဘာကြောင့် နာကြင်စရာ ကောင်းနေရသလဲဆိုတာကို နည်းနည်းတော့ သဘောပေါက်လောက်ပါပြီ။

သူ့ဒဏ်ရာတွေကို သူ့ပန်းချီကားတွေမှာ ဖော်ပြဖွင့်ထုတ်ခွင့်ရခဲ့လို့ တစ်နည်းတော့ သူမ စိတ်သက်သာရာ ရခဲ့မယ်ထင်ပါရဲ့။ ကျွန်မတော့လေ သူ့ပန်းချီကားတွေကို မြင်ရတွေ့ရတိုင်း ၊ တခါတလေ တမင်သက်သက် သွားကြည့်ဖြစ်တိုင်း ရင်ထဲ တနင့်တနဲကြီးကို ခံစားရပါတယ်။ ကိုယ်က စိတ်နုသူမို့လို့ ထင်ပါရဲ့။ မသိဘူး feel မယ်ဆိုတာမျိုးပေါ့။ ခုရက်ပိုင်း အဲ့လို ရှာဖွေပြီး feel နေရတာနဲ့ကို လူပါ စိတ်ဓါတ်ကျချင်သလိုလို ဖြစ်လာတာမို့ Pro day တွေလည်း လွတ်ကုန်တာများလှပေါ့ ။ ဒါကြောင့် တစ်ယောက်တည်း feel နေရတာ မကျေနပ်လို့ အပေါင်းအဖော်လေးများ ရမလားဆိုပြီး ဒီပို့စ်လေးကို ရေးပါတယ်။

Feel No.(1) The Two Fridas

the-two-fridas-1939.jpg
src

ဒီပန်းချီကားက သူ့ရဲ့ master piece လို့ ပြောလို့ရမယ်ထင်ပါတယ်။ အကျီ င်္အဖြူဝတ်ထားတဲ့ ဖရီဒါမှာတော့ ဒဏ်ရာဗလပွနဲ့ နှလုံးသားရယ် သွေးစက်တွေရယ်နဲ့ဖြစ်ပေမယ့် ဆန့်ကျင်ဘက်က ဖရီဒါကတော့ နှလုံးသား အသစ်စက်စက်နဲ့ ပိုသွေးအေးတဲ့ မျက်နှာနဲ့ရယ်ပါ။ ဘ၀မှာ ဖြူစင်ရတာဟာ တခါတရံ သိပ်နာကျင်စရာကောင်းတယ်လေ..။ဒီကားမှာ သူမက "အချစ်ခံရခြင်း" နဲ့ "မခံရခြင်း" ကို ရည်ညွှန်းချင်တယ်လို့ ဝေဖန်သုံးသပ်သူတွေက ယုံကြည်ကြပါတယ်။

Feel No.(2) "Self Portrait with Necklace of Thorns"

self-portrait-with-necklace-of-thorns-1940.jpg
src

ဒီပန်းချီကားကလည်း ဖရီဒါရဲ့ နာမည်ကျော် ကားတစ်ခုဖြစ်ပါတယ်။ အားလုံ့းမြင်တွေ့ရတဲ့အတိုင်းပါပဲ။ ရှင်သန်ခြင်းကို ကိုယ်စားပြုတဲ့ ၀တ်ရည်စုပ် ငှက်ကလေးဟာ ဖရီဒါ့လည်ပင်းအောက်ခြေနားမှာ အသက်မဲ့လို့ ။ ဆူးခက် လည်ဆွဲကလည်း သူမရဲ့ လည်ပင်းကို သွေးစက်တွေ ကျလာသည်အထိ တင်းတင်းရစ်ပတ်လျက်သားဖြစ်နေတာကိုတွေ့ရပါတယ်။ ၀တ်ရည်စုပ်ငှက်ကလေးလို သူမဟာ အတောင်ကျိုးပြီး အသက်မဲ့နေတဲ့ ဘ၀ လို ဒဏ်ရာဆိုးကြောင့် အိပ်ယာထဲလှဲနေရတဲ့အချိန်တွေများလှပါတယ် ။ ဒီပန်းချီကားဟာ သေချာကြည့်လေ မွန်းကြပ်လာလေပါပဲ။

Feel No.(3) "The Dreams"

the-dream-the-bed-1940.jpg!Large.jpg
src

ဒီပုံကိုတော့ သေခြင်းတရား နဲ့ ရှင်သန်ခြင်းဟာ အတူတူ ရှင်တွဲနေတယ်လို့ ပြသနေသလိုပါပဲ။ မက္ကဆီကန်မှာက သေခြင်းတရားနေ့ ပွဲတော်အဖြစ် ကျင်းပလေ့ရှိပြီး သေခြင်းတရားကို အမှတ်ရနေအောင် လုပ်ကြတယ်လို့ ဆိုပါတယ်။ ဖရီဒါဟာလည်း သူမရဲ့ သေခြင်းတရားဟာ အချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့ ဗုံးတစ်ခုလို သူမအနားမှာ အမြဲတမ်းရှိနေတာကို ဆိုလိုချင်တယ် ထင်ပါရဲ့။

Feel No.(4) The Wounded Deer"

the-wounded-deer.jpg
src

နောက်ထပ် ၀မ်းနည်းစရာ ပန်းချီကားတစ်ခု ဖြစ်တဲ့ ဒဏ်ရာရ ဒရယ် ဆိုတဲ့ ဒီပန်းချီကားကို ဖရီဒါဟာ သူမရဲ့ အကြိမ်ကြိမ် ခါးရိုးခွဲစိတ်မှုထဲက တစ်ခု အပြီးမှာ သူ့ကံကြမ္မာကို စိတ်ပျက်အားလျော့စွာ ပုံဖော်ခဲ့တယ်လို့ ဆိုပါတယ်။ သစ်ခြောက်ပင်တွေပဲရှိတဲ့ တောအုပ်ထဲက သေနိုင်လောက်တဲ့ မျှားချက်တွေနဲ့ ဒရယ် တစ်ကောင်ဟာ သွေးအလူးလူးနဲ့ အနိုင်နိုင်ရပ်နေရတဲ့ပုံပါ။ ခပ်ဝေးဝေးမယ်တော့ မျှော်လင့်ချက် ကောင်းကင်ဟာ မိုးရွာတော့မယ့် အရိပ်အယောင်နဲ့ လျှပ်စီးတွေ လက်လို့ ပေါ့။ သို့သော်လည်း အဲ့ဒီ့နေရာကို ဘယ်တော့မှ မရောက်နိုင်တော့မယ့် ဒရယ် တစ်ကောင်ရဲ့ နာကြင်မှုမျိုးလို သူမရဲ့ မအောင်မြင်တဲ့ ခွဲစိတ်ခြင်းတွေကို ဖော်ကြူးပြသထားတာပါ။

နောက်ထပ် ဖရီဒါရဲ့ ပန်းချီကားတွေကို ကြည့်ဖို့ ၊ ခံစားဖို့ အင်အားသိပ်မရှိတော့လို့ ဒီလောက်ပဲ ရပ်တန့်လိုက်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ...။

ချစ်တဲ့

signature.png

MSC-264
14/9/18
4:13pm

Frida Kahlo သို့မဟုတ် ဒဏ်ရာပြတိုက် | Ecency