အားနွဲ့သည်ဟု ဆိုရာဝယ်...(Women Empowerment)

Words
487
Reading
3 min
Listen
Play
8y

Women-Empowerment-By-Skill-Development-Programs.png
Crd-img-src

မင်္ဂလာပါ စတီးမစ် မိတ်ဆွေ အပေါင်းတို့ရေ။ဒီနေ့တော့ Gender issue လေးအကြောင်း နည်းနည်းပြောချင်ပါတယ်ရှင်။
ခေတ်ကြီးက ဘယ်လိုပဲ တိုးတက်လာတယ်ပဲပြောပြော ၊ အမျိုးသားအမျိုးသမီးတွေ ဘယ်လိုပဲ ရင်ပေါင်တန်းလာနိုင်တယ်ပဲ ဆိုဆို မိန်းမသား အများစုဟာ အားကိုးချင်ကြပါတယ်။ အရိုးစွဲနေတဲ့ မိန်းမသားဆိုတာ အားနွဲ့တယ် ဆိုတဲ့စိတ်ကြောင့်လားတော့မသိ ငယ်ငယ်က မိဘကို အားကိုးခဲ့သလို အိမ်ထောင်ရက်သားကြသွားတော့လည်း ကိုယ့်ခင်ပွန်းယောက်ျားကို အားကိုးပါတယ်။ ရာခိုင်နှုန်းအနည်းအများသာ ကွာသွားမယ် အားကိုးချင်စိတ်ကတော့ နည်းနည်းဖြစ်ဖြစ် ရှိနေကြမယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့်လည်းလေ ခေတ်အခါအရကော အခြေအနေအရပါ အိမ်ထောင်စု တစ်ခုမှာ မိန်းမသားမို့လို့ဆိုပြီး ၀င်ငွရတဲ့အလုပ်တစ်ခုခု မလုပ်ဘဲ နေလို့ အဆင်မပြေလှပါဘူး ။
56019816.cms.jpg
Crd-img-scr

ကျွန်မတစ်ဦးတည်း အမြင်အရပြောရရင် လူလွတ်အမျိုးသမီးလေးတွေထက် အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ ပိုပြီးတော့ အလုပ်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပိုက်ဆံတစ်ခုတည်းကြောင့် မဟုတ်ဘဲ အရာရာ ပြောင်းလဲမှု တိုးတက်မှု မြန်ဆန်နေတဲ့ ခေတ်အခါကို ကိုယ် ကိုယ်တိုင် လုပ်မီဖို့အတွက် အလုပ်လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အလုပ်လုပ်တယ်လို့ ဆိုတဲ့နေရာမှာ အဆိုပါ အလုပ်ကနေ ပိုက်ဆံအပြင် လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အတွက် ကိုယ့်ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်ဟာ ကျယ်ပျံ့လာမယ်။ အခွင့်အရေးတွေကို ပိုမြင်တတ်လာမယ်။ တော်ရုံတန်ရုံလည်း အယုံမလွယ်တော့ဘူး။ ရှေးခေတ်တုန်းကလို အိမ်ထဲမှာပဲ ဗိုင်းကောင်းကျောက်ဖိနေ ၊ မီးဖိုချောင်အလုပ်တွေပဲလုပ်ပြီး ယောက်ျားပြန်အလာကို မျှော်နေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေမဟုတ်တော့ပါဘူး ။ ခောတ်ကာလက ပြောင်းလဲလာသလို လူတွေရဲ့ demand တွေဟာလည်း ပြောင်းလဲလာပါတယ်။ အရင်တုန်းက အမျိုးသားတွေဟာ သူတို့ရဲ့ အိမ်သူသက်ထား ဇနီးမယားတွေကို အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာနေဖို့အတွက်ပဲ လိုအပ်ခဲ့ကြတယ်။ ဒီဘက်ခေတ်မှာတော့ အမျိုးသမီးရော အမျိုးသားပါ နှစ်ဦးနှစ်ဖက် ကိုယ့်အလုပ်ကို သူ့တိုင်ပင် ၊ သူ့အလုပ်ကို ကိုယ့်တိုင်ပင်ပြီး အကြံဥာဏ်ယူ ပြီး အတူတူ ဘက်ညီညီ လုပ်ဆောင်မှ ခောတ်ကို အမီ လိုက်နိုင်တဲ့ အိမ်ထောင်စု ဖြစ်နိုင်တော့မှာပါ။

Women-Empowerment.jpg
Crd-img-src

အိမ်ထောင်စု တစ်ခုမှာ ဇနီးမယားကချည်း ထက်မြက်ဦးဆောင်နေရင်လည်း လင်ယောက်ျားအနေနဲ့ အလိုလို သိမ်ငယ်စိတ်ဝင်တတ်သလို လင်ယောက်ျားကချည်း ဦးဆောင်စီးပွားရှာ နေရရင်လည်း ဇနီးမယားဟာ အလိုလို သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။ ဒါကြောင့်မို့ လည်း balance မညီတဲ့ အိမ်ထောင်ေရးတွေမှာ တစ်ဖက်ဖက်က ဖောက်ပြန်တာတွေ ၊ နောက်မီးလင်းတာတွေ ဖြစ်လာရတယ်လို့ တစ်ဦးတည်းအမြင်နဲ့ သုံးသပ်မိပါတယ်။

ဟိုးရှေးရှေးတုန်းကတော့ စစ်တွေတိုက် အမဲတွေလိုက်ကြရတဲ့ ခေတ်ဆိုတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိဖို့ လိုအပ်လို့ အမျိုးသမီးတွေဟာ အားနွဲ့တဲ့သူတွေလို့ သတ်မှတ်ခဲ့ကြပေမယ့် ခုခေတ်မှာတော့ ခွန်အားဆိုတာ ဥာဏ်ပညာသာဖြစ်တာမို့ အားနွဲ့ခြင်းဆိုတာဟာ ဥာဏ်ပညာမရှိတဲ့သူကိုသာ ရည်ညွှန်းကြရတော့မှာပါပဲ။ ဒါကြောင့် ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ ပုခက်လွှဲသော လက်တွေ ဖြစ်ကြတာမို့ အမျိုးသမီးတိုင်း မိမိတို့ရဲ့ ဥာဏအင်အားကို အသုံးပြုပြီး အလုပ်လုပ်လာတဲ့အခါမှာ အခက်အခဲတွေ လောကဓံတွေ ကြုံလာရင်တောင် ရဲရဲရင့်ရင့် ရင်ဆိုင်လာနိုင်မှာပဲဖြစ်ပါတယ်။

we-can-do-it.png
Crd-img-src

ကျွန်မကိုယ်တိုင်လည်း မိခင်ဘ၀ကို ရောက်လာကတည်းက သားလေးကို သနားလို့ အလုပ်ထွက်ပြီး သူ့ကို ပြုစုမယ်ဆိုတဲ့အတွေး မကြာခဏ တွေးဖြစ်ပေမယ့် သားလေးအတွက်ပဲ အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့အစား ကျွန်မ ပိုပြီးအပင်ပမ်းခံလိုက်ပါတယ်။ အလုပ်တစ်ဖက် ၊ အိမ်မှုကိစ္စတစ်ဖက် နဲ့ သားဝေယျာဝစ္စတွေကြား အတော်တော့ ဗျာများရပေမယ့် ၊ အတော်လေးလည်း ပင်ပမ်းရပေမယ့် တောင့်ခံမှဖြစ်မယ်ဆိုပြီး အလုပ်ကို ဆက်လုပ်ပါတယ်။ အလုပ်နားတဲ့အချိန်မှာ သားကို အပြည့်အ၀ အချိန်ပေးပြီး သူနားလည်တတ်လာပြီဆိုကတည်းက သူ့ကို နည်းနည်းချင်းပြောပြပါတယ်။ ကျွန်မက သူ့ကိုဘယ်လောက်ချစ်ကြောင်း ၊ ကျွန်မအလုပ်လုပ်ေ်နတာဟာ သူ့အတွက်ဖြစ်ကြောင်း သူနားလည်နိုင်လောက်မယ့် စကားလုံးလေးတွေနဲ့ ပြောပြတဲ့အခါမှာ သားလေးကလည်း လက်ခံပါတယ်။ သူ့ကို အချိန်တန်လာကြိုမှာကို သိလို့ ကျောင်းကိုလည်း စိတ်ဖြောင့်ဖြောင့်သွားရှာပါတယ်။ ကျွန်မတို့ အိမ်မှာ လူခွဲမရှိတာမို့ သားကို ၁ နှစ်နဲ့ ခြောက်လမှာ day care ထားရပါတယ်။ ခုဆို သားက ၂ နှစ်ခွဲ အရွယ်ရှိပြီမို့ ကျောင်းနဲ့လည်း အသားကျနေပါပြီ။

1443111725627.jpg
Crd-img-src

ဘယ်အရာမဆို အကောင်းနဲ့အဆိုးတော့ ဒွန်တွဲတတ်တာမို့ working mom လုပ်ပြီး သားကို ပြုစု ပျိုးထောင်တာနဲ့ အလုပ်ထွက်ပြီး သားကို ပြုစုပျိုးထောင်တာ တချို့နေရာတွေမှာတော့ အားနည်းချက်တွေ ရှိပါတယ်။ သို့သော်လည်းပဲ ဘ၀ဆိုတာ အမြဲတမ်းဖြောင့်ဖြူးနေမှာမဟုတ်လို့ သားကိုလည်း ငယ်ငယ်ကတည်းက struggle life ကို သဘောပေါက်စေချင်သလို risk အနည်းနဲ့အများချိန်ကြည့်ပြီး working mom ဘ၀ကိုပဲ ရွေးချယ်မိပါတယ်။ လစ်ဟာသွားတဲ့ အချိန်တွေအစား ကိုယ်ဂရုစိုက်ရမယ့် အချိန်တွေမှာ အပြည့်အ၀ သားကို ဂရုစိုက်ပေးရတာမို့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကလည်း အရမ်းအရေးကြီးလာပါတယ်။ သူသာ အိမ်မှုကိစ္စတွေ ကူမလုပ်ပေးဘူး ဆိုရင် ကျွန်မ ဒီထက်ပိုပင်ပမ်းမှာပါ။

12-easy-things-a-husband-can-do-for-his-wife-this-weekend-for-mothers-day_thumb.jpg
Crd-img-src

အကြောင်းကြောင်းကြောင့် single mom ဖြစ်လာရပြီး ဘ၀မှာ သားသမီးအတွက် ရုန်းကန်နေရတဲ့ မိန်းမသားလေးတွေကိုလည်း ဒီနေရာကနေ လေးလေးစားစား ဂုဏ်ပြုပါတယ်။ အားနွဲ့တဲ့ မိန်းမသားသာဆိုတယ် လောကဓံကို အခြားသူတွေထက် ကြံ့ကြံ့ခံပြီး သားသမီးမျက်နှာ တစ်ခုတည်းနဲ့ ဘ၀ကို ရှေ့ဆက်နေကြတဲ့သူတို့လေးတွေဟာ တကယ့်သူရဲကောင်းတွေပါပဲ။ ဒါ့ကြောင့်မို့ အမျိုးသမီးထုကြီး တစ်ခုလုံးအတွက် ဟိုတစ်နေ့က MHR Institute နဲ့ Brand You ပူးပေါင်းစီစဉ်တဲ့ Image Talks: Women Lifestyle ပွဲက အနှစ်ချုပ် အကြံပေးစကားလေးတွေကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

၁။ နည်းနည်း ချင်းစီကိုပဲ အာရုံစိုက်ပါ

images.jpg
Crd-img-scr

ဆိုလိုတာက ကျွန်မတို့ တွေဟာ ဘယ်သူကမှ တစ်ခါတည်းနဲ့ လုပ်ငန်းအကြီးကြီး ကို အတ်ချလောင်းဆိုပြီး အောင်မြင်အောင် မလုပ်နိုင်ကြပါဘူး ။ ကိုယ်လုပ်နိုင်တဲ့ အပိုင်း အသေးလေးတွေ တစ်ခုချင်းစီကိုပဲ အကောင်းဆုံး အာရုံစိုက်လုပ်သွားကြရမှာပါ။

၂။ကိုယ့်သားသမီးအတွက် ကိုယ်ထက်မြက်ပါ။

9a02ee23abd6f0703c3885bad9ab7fd6.jpg
Crd-img-src

ဒါကတော့ ရှင်းပါတယ်၊ ၉၀ ရာခိုင်နှုန်းသော ထက်မြက်တဲ့ သားသမီးတွေတိုင်းမှာ ထက်မြက်တဲ့ အမေရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်သားသမီးတွေအတွက် ကိုယ်ကိုယ်တိုင် ထက်မြက်နေပါစေတဲ့။

၃။ အားနွဲ့မှု အစစ်အမှန်ကို သိပါစေ။

486068_543847908992790_1422026343_n.jpg
Crd-img-src

ဒီစကားလေးကတော့ ကျွန်မအကြိုက်ဆုံးပါပဲ။ အားနွဲ့မှု အစစ်အမှန်ဟာ ဥာဏ်ပညာ ချို့တဲ့ခြင်းဆိုတာကို သဘောပေါက်ကြပါစေတဲ့။

၎။ ရှက်စရာကိုမှ ရှက်တတ်ပါ။

shame_quote.jpg
Crd-img-src

ဒါဟာလည်း အရမ်းလိုအပ်ပါတယ် ။ ခုခေတ် သမီးပျိုလေးတွေဟာ တလွဲဆံပင်ကောင်းနေကြသလား ထင်ရအောင် ရှက်ရမယ့်နေရာမှာ မရှက်ဘဲ ၊ မရှက်မကြောက် သင်ယူလုပ်ကိုင်ရမှာကိုကြ ရှက်နေကြပါတယ်။ဖုန်း Brand ကောင်းကောင်းမကိုင်နိုင်မှာကိုတော့ ရှက်ကြောက်နေကြပြီး ၊ ကိုယ်ကျင့်သိက္ခာ ထိပါးမှာကိုတော့ သိပ်မကြောက်ကြတော့သလိုပါပဲ။

၅။ကိုယ့်ကိုကိုယ် တည်ဆောက်ပါ။

dont-beat-yourself-up.jpg
Crd-img-src
သိပ်ကောင်းတဲ့ စကားလုံးပါပဲ။ ဘယ်သူ့မှ အားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့က အရေးကြီးပါတယ်။

၆။ မြင်ထားတဲ့အတိုင်း ဖြစ်လာမှာပါ။
1 nadiyh2x8fhZQpSMWU179A.png
Crd-img-src

ဒါကတော့ မိသားစုရဲ့ ထောက်ပံ့ပေးမှု နားလည်အားပေးမှု အပိုင်းကို ရည်ညွှန်းတာပါ။ မိဘတွေရဲ့ အုပ်ထိန်းမှု ပုံစံ ၊ ယုံကြည်မှု ပေးတဲ့ပုံစံ ဟာလည်း အမျိုးသမီးလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတတ်စေဖို့ အရေးပါလှပါတယ်။ အဖေက အမေ့ကို ချစ်ခင်လေးစား ညှာတာစွာ ဆက်ဆံပြောဆို တာကို မြင်လာပြီး ကြီးပြင်းလာတဲ့ ကလေးဟာ မိန်းခလေးတွေဟာ ဖိနှိပ်စရာ ချိုးနှိမ်စရာ အဖြစ် မမြင်တော့ပါဘူး။ ဖခင် နဲ့ မိခင်ရဲ့ ယုံကြည်အားကိုးချင်း ခံလာရပြီး ကြီးပြင်းလာတဲ့ ကလေးဟာလည်း မိန်းခလေးပဲဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ် ၊ အားကိုးတတ်တဲ့ လူသားလေးတွေ ဖြစ်လာမှာ မလွဲပါဘူး။

ဒီအချက်လေးတွေဖတ်ပြီး အမျိုးသမီးတိုင်း ခွန်အားတစ်စုံတရာ ရသွားကြပါစေ ။

ဆန္ဒမွန်ဖြင့်

Written by suhtetaung@suhtetaung
9/7/2018
MSC 264

အားနွဲ့သည်ဟု ဆိုရာဝယ်...(Women Empowerment) | Ecency