ရာသီပြောင်းချိန်မှာ

Words
84
Reading
1 min
Listen
Play
2y

ရာသီဥတုက အခုရက်ပိုင်း ပို၍ ပူလာသည်။ မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ၄၁°စင်တီဂရိတ်အထိ ရှိလာပြီ။ ညဘက်ပိုင်းအပူချိန်သိီသိသာသာပြောင်းလဲလာပေပြီ။ ဒီနေ့တော့ အပူလျော့သွားတယ် ပြောရမည်ပင်။ ရာသီဥတုက မိုးအုံ့သည် မဟုတ်ပါလား။ အတော်လေးနေ၍ ကောင်းပေသည်။

Image Source

ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ ကျန်းမာရေးလည်း ပြောင်းလဲလာပါသည်။ အခုရက်ပိုင်း လည်ချောင်းနာ၍ ချောင်းဆိုးသူများလာသည်။ လူတိုင်းမဟုတ်တောင် ၁၀ယေက်တွင် ၆ယောက် ခံစားနေကျရသည်။

ကျွန်မလည်း ထိုအတိုင်းဖြစ်နေပါသည်။ အတောိခံရဆိုးသော ဝေဒနါဖြစ်ပါသည်။ ညအချိန်တွင် ပို၍ ခံရဆိုးလှသည်။ လည်ပင်းတစ်ခုလုံး နာကျင်လာသည်မှာ အိပ်၍ပင် မပျော်နိုင်တော့။ တစ်ခုခုလည်ချောင်းထဲတွင် ကန့်လန့်ခံဝင်နေသည်နှင့် တံထွေးမြိုချပင်လျှင် နာကျင်မှုကို ခံစားရပါသည်။ လည်ချောင်းနာတာ နည်းနည်းသက်သာလာတော့ ချောင်းဆိုးလာသည်။

ချောင်းဆိုးချင်လျှင် လည်ချောင်းက ယားလာသည်။ လည်ချောင်းယားလျှင် ချောင်းဆိုးလိုက်မှ သက်သာတော့သည်။ ၁မိနစ် ၂မိနစ်နေလျှင် ပြန်ဆိုးပြန်သည်။ အတော်လေးနေရထိုင်ရ ခက်လှပါသည်။ လူကတော့ မဖျားသည်က ကံကောင်းလှသည်ဟု ထင်မိသည်။ ဆေးတွေလည်း သောက်ရသည်မှာ အင်္ဂလိပ်တပိုင်း မြန်မာတစ်ပိုင်း ဖြစ်နေပြှီ။

၅ရက်နောက်ပိုင်းတော့ ဆေးမသောက်လည်း သက်သာသွားသည် ပြောကြသည်။ ကျွန်မဖြစ်သည်က ၃ရက်ရှိပြီ။ ဆိုတော့ ၂ရက်လောက် သည်းခံရမည့်သဘော။ မတက်နိုင်ပါ။ ရာသီကူးပြောင်းတိုင်းခံစားကြရသည့် ဝေဒနာဆိုတော့ သည်းခံ​၍ တောင့်ခံရုံသာ ရှိပါတော့သည်။