စာချစ်သူသို့ ညွှန်းဆိုရာ အစီအစဥ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီနေ့အတွက် ညွှန်းဆိုထားတဲ့ စာအုပ်လေးနဲ့ မိတ်ဆက်ပေးပါမယ်။
စာအုပ်လေးနာမည်က မြောက်ဘက်တောင်ကုန်းဒေသမှ အပြန် ဖြစ်ပါတယ်။ စာရေးသူကတော့ ဆရာကြီး မြသန်းတင့် ဖြစ်ပါတယ်။ ဒီစာအုပ်လေးက ခရီးသွားဆောင်းပါးအမျိုးအစားဖြစ်ပါတယ်။
ဆရာကြီးက ဒီစာအုပ်လေးထဲမှာ မာတိကာ ၅ခုထည့်သွင်းထားပါတယ်။
၁။ လှသော ကောင်းသောမြို့
၂။ ပန်းခင်းကို မြင်းစီး၍ လျှောက်ကြည့်မယ်
၃။ မြောက်ဘက်တောင်ကုန်းဒေသမှ အပြန်
၄။ လှိုင်းပြာက ပြောပြလိုက်သော ဝတ္တုများ
၅။ ရွှေဇာလီအလွမ်းတို့ ဖြစ်ပါတယ်။
ဆရာကြီးဟာ သူ ခရီးသွားရင်း ရောက်ရှိခဲ့တဲ့ ဒေသတွေရဲ့ အလှအပ အထင်ကရနေရာ ဒေသထွက် အစားအစာများနဲ့ လူမျိုးတွေ အကြောင်းကို ရေးသားမှတ်တမ်းတင်ထားပါတယ်။
ဒီစာအုပ်ကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဆရာကြီး ညွှန်းဆိုထားတဲ့ ဒေသတွေကို စာဖတ်သူကိုယ်တိုင် အရောက်သွားချင်လာအောင် ဆွဲဆောင်ရေးသားနိုင်စွမ်းကောင်းလှပါတယ်။ ကျွန်မရဲ့ စာချစ်သူတွေလည်း ဒေသန္တရ ဗဟုသုတ ရစေလိုခြင်းအကျိုးဌာ ဆရာကြီးရဲ့ ခရီးသွားဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ ညွှန်းဆိုလိုက်ရပါတယ်။