စာချစ်သူသို့ ညွှန်းဆိုရာ (၄)

Words
77
Reading
1 min
Listen
Play
1y

မင်္ဂလာပါ။ Hive Myanmar မိသားစုတွေ အားလုံးနေကောင်းကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ စာမရေးဖြစ်တာလည်း ရက်အနည်းငယ်ကြာပြီမို့ ဒီနေ့တော့ စာလေးတစ်ပုဒ်ရေးတင်နိုင်အောင် ကြိုးစားလိုက်ရပါတယ်။ စာမရေးဖြစ်တာက စာရေးစရာ အကြောင်းအရာမရှိတာတော့ မဟုတ်ပါဘူး။ စာအုပ်တွေလည်း ​ဖတ်ဖြစ်ပါတယ်။ ရေးရမဲ့ စာအုပ်တွေလည်း ရှိပါတယ်။

အခုရက်ပိုင်း သားတော်မောင်ရဲ့ အသက်တွက်ကြည့်မိတော့ ၁၃နှစ်ထဲ ရောက်နေပါပြီ။ အတန်းကတော့ Grade 6 ရောက်ပါပြီ။ ဒီအသက်ဆိုရင်တော့ တက်ကျမ်းတွေ အနှစ်သာရပြည့်ဝတဲ့ စာပေတွေနဲ့ မိတ်ဆက်ပေးသင့်ပြီလို့လည်း တွေးဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ စာအုပ်သေတ္တာကနေ ဘယ်စာအုပ်နဲ့ မိတ်ဆက်ရမလဲ ရှာဖွေကြည့်လိုက်တော့ အဆင်သင့်တွေပါပြီ။ ဇာတ်လမ်းဆန်ဆန်နဲ့ ဖတ်ပြရင် ကလေးစိတ်ဝင်စားလောက်မဲ့ အောင်မြင်ကြီးပွားရေးကျမ်းဝတ္တုစာအုပ်လေးလည်းဖြစ်ပါတယ်။

ဒီစာအုပ်လေးကို ကျွန်မက ၂၀၀၇ ခုနှစ်လောက်က ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ ဆရာကြီး ဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာတုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ George S.Clasonရဲ့ The Richest Man In Babylonကို ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။ လူတိုင်းနီးပါးဒီစာအုပ်ကို သိကြပါတယ်။ ကျွန်မလည်း ဖတ်ဖူးခဲ့ပါတယ်။ အခုတော့ သားသားကို လက်ဆင့်ကမ်း ဖတ်ပြပါတယ်။ မိတ်ဆွေတို့လည်း လူငယ်မိတ်ဆက်အနေနဲ့ ဒီစာအုပ်လေးကို လက်ဆင့်ကမ်းသင့်ပါကြောင်း ညွှန်းဆိုအပ်ပါတယ်။

စာချစ်သူသို့ ညွှန်းဆိုရာ (၄) | Ecency