Personal Brand ဆိုတဲ့ စကားလုံးကို ယခု နှစ်ပိုင်း Socialmedia တွေပေါ်မှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ကိုယ်ပိုင် Personal Brand တည်ဆောက်မှသာ Social Mediaပေါ်မှာ အောင်မြင်နိုင်မယ်လို့ ဆိုကြပါတယ်။ အဲ့တော့ ကျွန်မလည်း ကျွန်မရဲ့ Personalbrandကို အရင်ဆုံး ရှာဖွေမိပါတယ်။
ငါ ဘာလုပ်တက်လည်း ဘာတွေ သင်ယူထားလည်း ဘာတွေဝါသနာပါလည်း စသည်ဖြင့်ပေါ့။ ဒါပေမဲ့ သေချာတွေးလေလေ Personalbrandဟာ ပျောက်ဆုံးလာလေလေပါပဲ။ စက်ချုပ်လေး မတက်တခေါက်တက်ပါတယ်။
Photo by me
ဒါပေမဲ့Personalbrandတော့ ဖြစ်မလာပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြန်လည်မျှဝေရလောက်အောင် အတက်ပညာ မပြည့်စုံခြင်းကြောင့်ဖြစ်ပါတယ်။ ဓာတ်ပုံလေး နည်းနည်းရိုက်တက်ပါတယ်။ ဒါပေမဲ့ မျှဝေပေးရလောက်အောင် တက်မြောက်ခြင်း မရှိပါဘူး။ လုပ်နေတဲ့ အလုပ်မှာလည်း ပညာမပါတာကြောင့် ပြန်လည်မျှဝေနိုင်ခြင်းမရှိပါဘူး။
Photo by me
ဆိုတော့ ဘာတွေဝါသနာပါခဲ့လည်း။ ကြာခဲ့ပြီပဲ ဝမ်းစာအတွက် ဖြည့်တင်းရင်းနဲ့ ဝါသနာဆိုတာ ပျောက်နေခဲ့တာ။ အဲ့တော့ ကျွန်မရဲ့
Personalbrandကို ဘယ်လိုတည်ဆောက်ရမလဲ။ စဥ်းစားကြည့်တော့ Cryptoမှာလည်း တတောက်တစ်ခေါက်။ စာလေးပေလေးမှာလည်း နည်းနည်းပါးပါး။ တွေးရင်းချာချာလည်လို့ ။ခက်လှပါလား Personalbrandရယ်။