မလွမ်းပါဘူး ၂၀၂၅

Words
69
Reading
1 min
Listen
Play
10M

မင်္ဂလာပါ။ Hive Myanmar မိသားစုအားလုံး နေကောင်းကျန်းမာကြရဲ့လား။ တခြားဒေသတွေတော့ မသိပေမဲ့ ဒီနှေစ် မန္တလေးဆောင်းရာသီက မနှစ်ကထက် ပိုအေးပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

မကြာခင်ရက်ပိုင်းမှာ ၂၀၂၅ ကုန်ဆုံးလို့ ၂၀၂၆ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၅မှာ နှစ်ကုန်အထိ သုံးသပ်ရရရင် အတော်ဆိုးဆိုးထဲကလို့ ပြောနိုင်ပါတယ်။ ပြဿနာပေါင်း ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ သူက Bye Byeတော့မှာ ဖြစ်ပေမဲ့ ကျွန်မတို့တွေကတော့ ဒဏ်ရာတွေနဲ့ သတိတရ ရှိနေကြအုံးမှာပါ။

နှစ်တစ်နှစ်ပြောင်းတိုင်း တစ်နှစ်လုံးမှာ ဖြတ်သန်းခဲ့ရတဲ့ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တိုင်းဟာ ခုနှစ်တွေနဲ့ အတူ လူတွေက မှတ်သားထားကြလို့ ဖြစ်ပါတယ်။ ဥပမာ ၂၀၂၅ မတ်လ ၂၈ရက်နေ့မှာ မန္တလေးမြို့သူ မြို့သားတွေ အလူးအလဲ စိတ်ဒဏ်ရာရစေတဲ့ ငလျှင်ကြီး လှုပ်ခဲ့တယ်ဆိုတဲ့ အကြောင်း။ မှတ်တမ်းတွေမှာ သက္ကရာဇ်ရက်စွဲနဲ့တကွ မှတ်သားထားမှာပဲ ဖြစ်ပါတယ်။

သက္ကရာဇ်တွေက နှုတ်ဆက်သွားကြပေမဲ့ လူသားတွေကတော့ ဒီသက္ကရာဇ်တွေကို စိတ်ဒဏ်ရာတွေနဲ့ အတူမှတ်မိနေကြအုံးမှာပါ။ မလွမ်းပါဘူး ၂၀၂၅ရေ။

မလွမ်းပါဘူး ၂၀၂၅ | Ecency